Skip to main content

Posts

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။ ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ် ။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။ Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1,
Recent posts

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

အလွယ်ကူဆုံး Product Growth Hack

Digital Product တွေများလာတာနဲ့အမျှ ဖန်တီးသူတွေ၊ Service ပေးနေသူတွေအတွက်တော့ Market ထဲတိုးပေါက်ဖို့ ခက်ခဲလာတာအမှန်ပါပဲ။ နာမည်ရှိပြီး Brand တွေက Product Line အသစ်အနေနဲ့ ထုတ်ပြီး စျေးကွက်ကို အုပ်စိုးဖို့ကြိုးစားကြတော့ Startup ဖြစ်ဖြစ်၊ SME ပြောပြော စျေးကွက်ထဲကနေ နေ့ညမရွေးပျောက်ကွယ်သွားတတ်တယ်၊ ဒါမှမဟုတ်လည်း လက်ရှိအခြေအနေကနေ စျေးကွက်ထဲ နှစ်နဲ့ချီကြာ ဒီအတိုင်း ရပ်တန့်နေတတ်တယ်။ ကျွန်တော့်လို Product Manager အတွက်လည်း ကိုယ့် Product ကို စျေးကွက်ထဲ ကောင်းကောင်းလှုပ်ရှားနိုင်အောင် အကြံပေါင်းစုံစဉ်းစားရလေ့ရှိပါတယ်။ Product Growth မြန်မြန်သွက်သွက်ရအောင် ကျွန်တော်တို့တွေဘာတွေ လုပ်ကြမလဲ။ Niche Strategy ကိုလေ့လာကြည့်ရအောင်။ Niche Strategy ဆိုတာ ကိုယ့် Product (သို့) Service ကိုတကယ်သုံးနိုင်မယ့် Market ထဲက Customer အားလုံးကို Target မထားဘဲ User Group / Customer Group တစ်ခုကို ချိန်မှတ်ပြီး စျေးရောင်းတာကိုဆိုလိုတာပါ။ အကျိုးဆက်အနေနဲ့ ကိုယ့် Company က စျေးကွက်ထဲက အကောင်ကြီးကြီးတွေနဲ့ ယှဉ်နေစရာမလိုဘူး။ Less Competition ဖြစ်စေတယ်။ ကိုယ့် Product ကအသစ်ဆိုရင် ဒီ Customer Group ကို ကောင်းကောင်

ကျွန်တော် ကြိုးစားကြည့်မယ့် Work-Life Balance

ကျွန်တော့် Life Goal ကို ပြောဆိုရင် Work-Life Balance ရှိဖို့ကြိုးစားမယ်လို့ ပြောမိမှာဖြစ်တယ်။ Work-Life Balance ကိုကြားဖူးတဲ့သူတွေရှိသလို၊ သတိမထားမိတဲ့သူတွေလည်း ရှိကောင်းရှိမယ်။ ကြိုက်နှစ်သက်တဲ့သူတွေရှိနိုင်သလို၊ အသုံးမတည့်ဘူးလို့ ထင်မိသူတွေလည်းရှိမယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၃၊ ၄ နှစ်ကတည်းက Work-Life Balance နဲ့ပတ်သက်တာတွေကို စ ဖတ်ဖြစ်ပါတယ်။ Work-Life Balance မရှိရင် ဖြစ်နိုင်တဲ့ Side Effects တွေက လက်ရှိ ကိုယ့်မှာ ဖြစ်နေတာတွေနဲ့ ကွက်တိနီးပါး ကြုံနေတော့ ကြိုးစားကြည့်ချင်ခဲ့တာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ဘူး၊ မအောင်မြင်သေးဘူးပေါ့။ Work-Life Balance က Cambridge Dictionary ထဲမှာတော့ "The amount of time you spend doing your job compared with the amount of time you spend with your family and doing things you enjoy" လို့အဓိပါယ် ဖွင့်ဆိုထားတယ်။ “ကိုယ့် လုပ်ငန်းခွင်မှာ အသုံးချတဲ့ အချိန်ပမာဏနဲ့ ကိုယ့် မိသားစု၊ ကိုယ်ပျော်မွေ့တဲ့ အရာတွေမှာ အသုံးချမိတဲ့ အချိန်ပမာဏ တူညီခြင်း”လို့ ပြောရင် မမှားဘူးထင်တယ်။ Work-Life Balance မရှိရင် ဘာဖြစ်တတ်လဲ? အဖြစ်တတ်ဆုံးနဲ့ က