Skip to main content

ကျွန်တော် ကြိုးစားကြည့်မယ့် Work-Life Balance

ကျွန်တော့် Life Goal ကို ပြောဆိုရင် Work-Life Balance ရှိဖို့ကြိုးစားမယ်လို့ ပြောမိမှာဖြစ်တယ်။

Work-Life Balance ကိုကြားဖူးတဲ့သူတွေရှိသလို၊ သတိမထားမိတဲ့သူတွေလည်း ရှိကောင်းရှိမယ်။ ကြိုက်နှစ်သက်တဲ့သူတွေရှိနိုင်သလို၊ အသုံးမတည့်ဘူးလို့ ထင်မိသူတွေလည်းရှိမယ်။ ကျွန်တော် လွန်ခဲ့တဲ့ ၃၊ ၄ နှစ်ကတည်းက Work-Life Balance နဲ့ပတ်သက်တာတွေကို စ ဖတ်ဖြစ်ပါတယ်။ Work-Life Balance မရှိရင် ဖြစ်နိုင်တဲ့ Side Effects တွေက လက်ရှိ ကိုယ့်မှာ ဖြစ်နေတာတွေနဲ့ ကွက်တိနီးပါး ကြုံနေတော့ ကြိုးစားကြည့်ချင်ခဲ့တာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ဘူး၊ မအောင်မြင်သေးဘူးပေါ့။


Work-Life Balance က Cambridge Dictionary ထဲမှာတော့

"The amount of time you spend doing your job compared with the amount of time you spend with your family and doing things you enjoy"

လို့အဓိပါယ် ဖွင့်ဆိုထားတယ်။ “ကိုယ့် လုပ်ငန်းခွင်မှာ အသုံးချတဲ့ အချိန်ပမာဏနဲ့ ကိုယ့် မိသားစု၊ ကိုယ်ပျော်မွေ့တဲ့ အရာတွေမှာ အသုံးချမိတဲ့ အချိန်ပမာဏ တူညီခြင်း”လို့ ပြောရင် မမှားဘူးထင်တယ်။
Work-Life Balance မရှိရင် ဘာဖြစ်တတ်လဲ? အဖြစ်တတ်ဆုံးနဲ့ ကျွန်တော်လည်း ကြုံခဲ့ဖူးတဲ့ Side Effects တွေထဲက တစ်ခုက Stress တွေဝင်လာတာပါ။ Stress များလာတာနဲ့အမျှ Burnout ဖြစ်ဖို့ ဦးတည်လာမယ်။ Stress ပဲဖြစ်ဖြစ်၊ Burnout ပဲဖြစ်ဖြစ် ဆေးခါးကြီးတစ်ခွက်ကို သောက်နေရသလိုပါပဲ။
Work-Life Balance ရှိအောင် ကြိုးစားလို့ရတဲ့ နည်းလမ်းများစွာတွေ့နိုင်ပါတယ်။ ကျွန်တော်ဆို စာအုပ်တွေကော၊ Video တွေအပါ Article တွေမကျန်လေ့လာနိုင်သလောက် လေ့လာဖြစ်ပါတယ်။ အဲ့အထဲကမှ ကျွန်တော်ကြိုးစားကြည့်မယ့် Plan လေးကို အားလုံးနဲ့ ဝေမျှချင်ပါတယ်။ (May be it saves you a little bit of time.)

၁။ အဓိက ကိုယ်ရဲ့ “Work” နဲ့ “Life”
Work-Life Balance လုပ်ဖို့ အရင်ဆုံး ကျွန်တော်စဉ်းစားမိတာက “Work” ရယ်၊ “Life” ရယ်ပါ။ ဆယ်တန်းအောင်တော့ အကြံပေးခံရဖူးတဲ့ “ဘဝမှာ ကိုယ်ကြိုက်တာကို ရွေးချယ်ပြီး၊ အောင်မြင်အောင်လုပ်ကြည့်” ဆိုတဲ့ စကားလေးကို အမှတ်ရမိပါတယ်။ အဓိကက ကိုယ်ကိုယ်တိုင်ရွေးချယ်မိဖို့ပါ။ ကိုယ်ချစ်မြတ်နိုးနိုင်တဲ့၊ တကယ် Passion ရှိပြီး လုပ်နိုင်တဲ့ Carrer (or) Work ကိုပဲ ရွေးဖို့စဉ်းစားမိပါတယ်။ ပြီးရင် ကိုယ်လျှောက်လှမ်းချင်တဲ့ Life (or) ဘဝပုံစံကို အလေးပေးစဉ်းစားကြည့်ပါမယ်။ ကျွန်တော်ကတော့ အဲ့အတွက် အချိန်သေချာယူဖို့ ဆုံးဖြတ်ထားပါတယ်။ အရင်ကလို မီးတောက်အတိုင်း ဒီနေ့ ထတောက်ပြီး နောက်နေ့ငြိမ်းသွားတဲ့ အဖြစ်မျိုးကို ရှောင်ရှားနိုင်အောင် ကြိုးစားပါမယ်။ ဒီအချက်က ကျွန်တော့်အတွက်တော့ Grand Plan စဉ်းစားမိခြင်းဆိုလည်း မမှားပါဘူး။

၂။ Work-Life Goals နဲ့ Priorities
ဒုတိယတစ်ခု ထပ်ကြိုးစားကြည့်မှာက ကိုယ့်ရဲ့ Work-Life Goals ချပြီး Priorities တွေထားဖို့ပါပဲ။ Plan ရှိပြီး Strategy မရှိရင် အောင်မြင်ဖို့ အခွင့်အရေးနည်းနိုင်ပါတယ်။ ကျွန်တော်ထင်တဲ့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းကတော့ 1Year Plan, 5 Years Plan နဲ့ 10 Years Plan ချဆွဲခြင်းဖြစ်မယ်။ ကိုယ့်ရဲ့ Bucket List တွေလို့ပဲပြောပြော၊ အပေါ်မှာ စဉ်းစားခဲ့တဲ့ Grand Plan ကို ရောက်အောင်ပို့ပေးနိုင်တဲ့ Steps တွေကို ၁နှစ်၊ ၅ နှစ်၊ ၁၀ နှစ်ခွဲပြီး ထည့်ကြည့်မယ်။ ထည့်ပြီးတာနဲ့ မပြီးပါဘူး။ တကယ် Execution လုပ်ဖို့ ကျွန်တော် Priorties (High, Medium, Low) ဆိုပြီး သတ်မှတ်တာ ပိုရုပ်တိရှိမယ်ထင်တယ်။ ဆိုလိုချင်တာက အခုအတောအတွင်း ဘာလုပ်လို့ရမယ်၊ နောက်ဆက်ပြီး ဘာဆက်လို့ရမယ်ကို Define လုပ်တာပေါ့။ Grand Plan နဲ့ Priortized Goals တွေရှိပြီဆိုရင် ကိုယ်ဘာဖြစ်ချင်တာလဲကိုသိပြီပေါ့။ စလုပ်ကြည့်လို့ရပြီထင်တယ်။ နောက်လာမယ့် ဆွေးနွေးချက်တွေက ဒီ စလုပ်ကြည့်တဲ့အချိန်မှာ ဘာတွေကို ပိုဂရုစိုက်သင့်လဲကို ထပ်တိုးပြောမှာပါ။

၃။ ခဏခဏ Break ယူဖို့
Work ထဲမှာပဲဖြစ်ဖြစ်၊ Life မှာပဲဖြစ်ဖြစ် ကိုယ် လိုချင်တာတွေရဖို့ ကြိုးစားနေတဲ့ကာလ မှာ မကြာခဏ Break ယူဖို့ ကျွန်တော်တော့ ဆုံးဖြတ်ထားတယ်။ ဘယ်လောက်ဘဲ Hustler လို့ပြောပြော၊ Passionate ဖြစ်တယ်လို့ ဆိုဆို၊ ကျွန်တော်တို့ဟာ လူသားတွေပါ။ Gym ဆော့ပြီး Muscle Recovery ဖြစ်ဖို့ Gym ဆရာတွေ အကြံပေးသလို၊ စိတ်နှစ်ပြီး ကြိုးစားထားတဲ့ အလုပ်တွေမှာ ခဏခဏ Mind Recovery လုပ်ဖို့ မမေ့အောင် ကြိုးစားကြည့်ပါမယ်။ Break ယူဆိုရင် Long Term Break ဖြစ်တဲ့ ခရီးထွက်တာတို့ လုပ်ဖို့စဉ်းစားထားသလို၊ Short Term Break တွေဖြစ်တဲ့ စာအုပ်ဖတ်တာတို့၊ စိတ်ဝင်စားတဲ့ Hobby တစ်ခုခုလုပ်တာတို့ကို ကြိုးစားကြည့်ဖို့ စဉ်းစားထားတယ်။

၄။ ကိုယ့်မိသားစု၊ ချစ်ခင်ရသူတွေကို အချိန်ပေးဖို့
“မွေးတုန်းကလည်း တစ်ယောက်ထဲ၊ သေသွားရင်လည်း တစ်ယောက်ထဲ”
ဒါ.. အရင်က သူများအတွက် အချိန်မပေးချင်ရင် ကျွန်တော် ပေးနေကျ Excuse တစ်ခုပါ။ ဒါပေမယ့် တဖြည်းဖြည်း ဘဝက မွေးတုန်းနဲ့ သေတုန်းပဲကို ဆိုလိုတာမဟုတ်ပါဘူးဆိုတာ သိလာတယ်။ ဘဝဆိုတာ အဲ့နှစ်ခုဆက်ကြား ကိုယ် ဘယ်သူတွေနဲ့ ဘယ်လိုဖြတ်သန်းပုံဖော်လည်းကို ရည်ညွှန်းတယ်လို့ မှတ်ယူလာတယ်။ အဲ့တော့ အရေးကြီးဆုံးက ကိုယ့်ဘေးနားက လူတွေကိုအချိန်ပေးဖို့ပါ။ ကိုယ့်မိသားစုဖြစ်ဖြစ်၊ ကိုယ်ချစ်ရသူတွေဖြစ်ဖြစ်နဲ့ အချိန်ဖြုန်းခြင်းကလည်း ကိုယ့်ဘဝကို အဖြူအမည်းဘဝကနေ ကာလာစုံဘဝထဲရောက်ဖို့ တွန်းပို့နိုင်တယ်လို့ ကျွန်တော်ယုံကြည်တယ်။

၅။ အရေးကြီးဆုံးအချက်
နောက်ဆုံးမှပြောတာက ကျွန်တော့်အနေနဲ့ အရေးကြီးဆုံးလို့ မှတ်ယူထားလို့ပါ။ Teenager ဘဝထဲက ဆိုးချင်သလိုဆိုး၊ ခန္ဓာကိုယ်ကို အလွဲသုံးစားလုပ်ခဲ့မိတယ်။ အသက်လေးနည်းနည်းရလာတော့ တစ်နှစ်ထက်တစ်နှစ် ကျန်းမာရေး ချူချာလာတယ်။ အရင်ကလုပ်တာ အခုမှထိတာဆိုတော့ ဘာမှလည်းပြောခွင့်မရှိပါဘူး။ ခုလို Covid ကာလမှာ ရလာတဲ့အတွေးတစ်ခုကတော့ ကျွန်တော့်အချိန်တွေ invest လုပ်တဲ့အထဲမှာ ကျွန်တော့်ရဲ့ ကျန်းမာရေးကိုလည်း ထည့်စဉ်းစားဖို့လိုတယ်ဆိုတာ သိလာပါတယ်။ အများကြီးစဉ်းစားပေးဖို့မလိုဘဲ နေ့စဉ် ကျန်းမာအောင်ဘယ်လိုနေထိုင်မလဲဆိုတာကို ကြိုးစားကြည့်ပါမယ်။

ဒါကတော့ ကျွန်တော့်ရဲ့ To-Do List ပေါ့။ 2020-2021 ထဲ ဒီ Goal ကိုရအောင် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။ အောင်မြင်မယ်၊ မအောင်မြင်ဘူးထပ် ကျွန်တော်ရှေ့ဆက် လမ်းတွေအများကြီးလျှောက်ချင်ရင် ဒီလိုမျိုး ကြိုးစားကြည့်ရမယ်လို့ မြင်မိတယ်။ စာဖတ်သူမိတ်ဆွေတွေလည်း Work-Life Balance လိုအပ်လား / မလိုအပ်ဘူးလားဆိုတာကို အချိန်ခဏပေးပြီးစဉ်းစားကြည့်စေချင်ပါတယ်။
ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
======================

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ