Skip to main content

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော?

ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။


“Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။
Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြပါတယ်။ တစ်ခါတစ်ရံ ကိုယ့် Product မှာ ရှိပြီးသား သုံးနေလက်စ User တွေက Product အကြောင်းကို အရမ်းနောကျေနေပြီး လိုတဲ့အပေါက်မှန်သမျှ၊ မရှိသေးတဲ့ Feature မှန်သမျှကို ထောက်ပြနေနိုင်တာကြောင့် Product Team အနေနဲ့ ဒီ Feature တွေ ထပ်ထပ်ထည့်ဖို့ list ထဲ တိုးလာတတ်ပါတယ်။

ဒီလိုအခြေအနေမှာ Product Manager အနေနဲ့ Balance ပြန်လုပ်ရမှာက လက်ရှိ Loyal User တွေက သူတို့တောင်းဆိုတဲ့ Feature တွေမရှိလည်း ဆက်လက် သုံးနေနိုင်ပေမယ့်၊ တကယ့် New User တွေအတွက်တော့ မလိုတဲ့ ဘေးဘန်း Feature တွေ ဖြစ်နေနိုင်တာမျိုးပါ။ Feature တွေ ထပ်ထည့်လိုက်၊ User က ထင်သလောက် မတက်လာလိုက်နဲ့ သံသရာလည်နေတာမျိုးကို Product Death Cycle ပုံလေးက ပြနေပါတယ်။

နောက်တစ်ချက်က Feature အသစ်တွေက Management ကိုရော၊ Team ကိုရော၊ User တွေကိုရော လွယ်လွယ်နဲ့ ပိုဆွဲဆောင်နိုင်ပါတယ်။ User တွေက တောင်းဆိုနေတယ် (သို့) Market ထဲမှာလည်း ပုံစံတူ Feature တွေ ခေတ်စားနေတယ်။ ဒီတော့ Scretch ကနေ စပြီး Design ဆွဲ, Cost တွေ Resource တွေ Allocate လုပ်, Develop လုပ်ပြီးရင် Customer တွေဆီကို စိတ်လှုပ်ရှားဖွယ် Feature သစ်အကြောင်းကို မိတ်ဆက်ကြတာပေ့ါ။ ထုံးစံအတိုင်း Company ကလည်း ဒီ Feature ကနေ User သစ်တွေ အများကြီး သယ်လာ၊ Revenue တွေ တက်လာဖို့ မျှော်လင့်မယ်။ သို့သော် ထင်တဲ့အတိုင်းမဖြစ်လာတဲ့အခါ User တွေ ဘာထပ်လိုအပ်နေလဲ၊ ဘာတွေ တောင်းဆိုနေကြလဲဆီကို ပြန်ရောက်တော့တာပဲ။​ အဲဒါက နောက် Feature အသစ်တစ်ခုရဲ့ အစပျိုး ဖြစ်လေသတည်းပေါ့။

ဒီ Cycle လည်ပုံက Product Company တော်တော်များများမှာ ရင်းနှီးပြီးသား လုပ်ငန်းစဥ်လို့ ပြောလို့ရပါတယ်။ Feature အသစ်တွေ Develop လုပ်ဖို့ပဲ ဦးတည်နေတဲ့ အခြေအနေက Feature Factory Product ဖြစ်လာစေပြီး၊ Vision မရှိဘဲ ကောင်းမယ်ထင်တဲ့ Feature အသစ်တွေမှာပဲ ထပ်ထပ်ပြီး Invest လုပ်လာရင်း Product Death Cycle ထဲ ဝင်မိမှန်းမသိ ဝင်မိလာတော့တာပဲ ဖြစ်ပါတယ်။

Product Death Cycle မဖြစ်ဖို့ သတိထားရမယ့် အချက်အချို့အနေနဲ့ –
  • Business Vision နဲ့ Align ဖြစ်တဲ့ Product Vision ရှိဖို့လိုပါတယ်။
  • ကိုယ့်ရဲ့ Target Audience က ဘယ်သူတွေလည်းကို ပြန်သုံးသပ်ပြီး Focus လုပ်ရပါမယ်။ ဒီနေရာမှာ – လက်ရှိသုံးနေတဲ့ User တွေက Target Audience ထဲက အစိတ်အပိုင်းလေးတစ်ခုပဲ ဖြစ်နေနိုင်တာကို သတိထားဖို့လိုပါတယ်။
  • Product အတွက် အရေးပါတဲ့ Key Metrics တွေပေါ်မူတည်ပြီး SMART Objectives တွေလည်း ချမှတ်ထားဖို့လိုပါတယ်။
  • Backlog တွေ Prioritize လုပ်ရမှာလည်း Product Vision တွေ၊ Key Metrics တွေကို ထည့်သွင်းစဥ်းစားဖို့လိုပါတယ်။
User-centric Product ဖြစ်ဖို့ User Feedback တွေကို Focus လုပ်ရင်း တစ်ဖက်မှာလည်း Product ရဲ့ Vision မပျောက်သွားဖို့ လိုပါတယ်။ "တန်ဆေး လွန်ဘေး" ဆိုတဲ့ စကားလိုပါပဲ။ တစ်ဖက်တည်းကို ဇောင်းပေးလွန်သွားတာမဖြစ်အောင် သတိထားရမှာပါ။ ဒီနှစ်ခုက Product သမားတွေအတွက် စဥ်ဆက်မပြတ် Balance လုပ်သွားရမယ့် အရာလို့ ကျွန်တော်ယူဆပါတယ်။

မိတ်ဆွေတို့ရဲ့ ထင်မြင်ယူဆချက်နဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေဖို့ တောင်းဆိုပါတယ်။
----
နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည