Design Prototype ရဲ့ Low-Fidelity နဲ့ High-Fidelity ကွာခြားချက်

Design Prototype ဆိုတာ ကျွန်တော်တို့ ​Product တစ်ခု Development မစခင် အရင်ဆုံး ဖြတ်သန်းရတဲ့ အဆင့်ဖြစ်ပါတယ်။ ကိုယ်တကယ် Product တစ်ခု မဖန်တီးခင်မှာ Product ရဲ့ ရုပ်လုံးသွင်ပြင်ကို မြင်သာအောင် ပြောပြပေးနိုင်တဲ့ Prototype တစ်ခုလည်းဖြစ်ပါတယ်။


Design Prototype နဲ့ ပတ်သတ်ပြီး အသုံးများတဲ့ လုပ်နည်းကိုင်နည်းတွေ အသေးစိတ်ကို ဒီလင့်မှာ ဖတ်ကြည့်လို့ရပါတယ်။ ဒီဆောင်းပါးမှာတော့ Design နဲ့ပတ်သတ်ပြီး အသုံးများတဲ့ Low-Fidelity နဲ့ High-Fidelity Prototype အခေါ်အဝေါ်များအကြောင်းကို လေ့လာကြည့်ပါစို့။

Prototype ဆွဲကြတာက မိမိရဲ့ Product Idea ကို Develop မလုပ်ခင် အလုပ်ဖြစ် မဖြစ် စမ်းသပ်ဖို့နဲ့ အလုပ်မဖြစ်မယ့် Idea တွေအတွက်လည်း အချိန်ကုန်၊ လူပင်ပန်း မဖြစ်စေဖို့ဖြစ်ပါတယ်။ Design Fidelity ဆိုတာကတော့ Design ပိုင်းဆိုင်ရာမှာ “ဘယ်လောက်အသေးစိတ်မလဲ (Detailing)” နဲ့ “Prototype ရဲ့ လုပ်ဆောင်နိုင်စွမ်းက ဘယ်လောက်ရှိမလဲ (Functioning)” ဆိုတဲ့ အဓိက နှစ်ချက်ကို ရည်ညွှန်းပါတယ်။

Low-Fidelity vs High-Fidelity (source: internet)

Low-Fidelity Prototypes

Low-Fidelity လို့ပြောရင် သိပ် အချိန်မကုန်ခံဘဲ မြန်မြန်သွက်သွက် Prototype တစ်ခုကို ဆွဲတယ်လို့ ယူဆလို့ရပါတယ်။ Desing Fidelity ရဲ့ အဓိကနှစ်ချက်နဲ့ ပြောရရင် အသေးသိပ်မစိတ်ဘူး၊ လုပ်ဆောင်နိုင်စွမ်းသိပ် မဖော်ပြပေးနိုင်တဲ့ Prototype တစ်မျိုးဖြစ်ပါတယ်။ သူ့နေရာနဲ့ သူတော့ အသုံးဝင်တယ်ပေါ့။ Low-Fidelity Prototype ဆွဲခြင်းအားဖြင့် မိမိ Product Idea အတွက် Feedback ကို မြန်မြန်ဆန်ဆန် ရယူပြီး မြန်မြန်ဆန်ဆန် ပြင်ဆင်လို့ရပါတယ်။ Low-Fidelity ဆွဲဖို့အတွက်လည်း Tools တွေ၊ Skills တွေ ရှိစရာမလိုပဲနဲ့… စာရွက်နဲ့ ခဲတံ ရှိရင်ကို အလုပ်ဖြစ်ပါတယ်။ Prototype ထဲ ဘယ်နေရာမှာ ဘာရှိနိုင်လဲ၊ Button ကို ဘယ်လိုထားမှာလဲ စသဖြင့် အကြမ်းဖျင်း Sketch ဆွဲကြပါတယ်။

Low-Fidelity ကောင်းကွက်တွေက -
  • လူတိုင်း သုံးရအဆင်ပြေခြင်း
  • Idea/ Concept ကို လွယ်လွယ်ကူကူ မြင်သာခြင်း
  • မြန်မြန်သွက်သွက် ပြန်လည်ပြင်ဆင်နိုင်ခြင်း တို့ဖြစ်ပါတယ်.

High-Fidelity Prototypes

High-Fidelity ကတော့ Low-Fidelity နဲ့ ပြောင်းပြန်ပေါ့… အသေးလည်းစိတ်မယ်၊ လုပ်ဆောင်နိုင်စွမ်းလည်းပိုကောင်းမယ်။ ဒါပေမယ့် အချိန်ပေးရမယ်။ Skills တွေလိုတယ်။ များသောအားဖြင့် မိမိ Design Team က Final Product Design အနေနဲ့ ဆွဲကြတယ်။ အဓိကက Usability နဲ့ Product Workflow Issue တွေကို Focus လုပ်ကြတယ်။ High-Fidelity လို့ပြောကြတဲ့အတိုင်း Design Component (Image, Logo) တွေက နောက်ဆုံးသုံးမယ့် အရာတွေဖြစ်ပြီး Design Guideline တွေရှိရင်လည်း Prototype က Follow လုပ်ရပါမယ်။

High-Fidelity ကောင်းကွက်တွေက -
  • မိမိ Product ထွက်လာမယ့်အတိုင်း မြင်သာခြင်း
  • Product Workflow တကယ်အလုပ်ဖြစ်မဖြစ် စမ်းသပ်နိုင်ခြင်း
  • Management (သို့) Stakeholder တွေကို မြင်သာအောင် ပြသနိုင်ခြင်း တို့ဖြစ်ပါတယ်။

မိမိ Product အတွက် ဘယ်ဟာ သုံးသင့်လဲ?

Team Size ပေါ်မှာ မူတည်တယ်လို့ ပြောရပါမယ်။ မိမိက Dedicated Design သမားမရှိဘူးဆိုရင် Low-Fidelity Approach ကို သုံးသင့်ပြီး၊ Team Size ကြီးတယ် Capacity ရှိတယ်ဆိုရင်တော့ High-Fidelity ကို အချိန်ပေးပြီး ဆွဲနိုင်ပါတယ်။ တချို့လည်း နှစ်ခုလုံး သုံးကြပါတယ်။ အရင်ဆုံး Idea ကို Sketch (Low-Fidelity) ချဆွဲပြီး သေချာပြီဆိုမှ High-Fidelity Prototype ဆွဲကြပါတယ်။

Low-Fidelity ပဲဖြစ်ဖြစ်၊ High-Fidelity ပဲဖြစ်ဖြစ် Design Prototype ဘာကြောင့်ဆွဲလဲ ဆိုတာကိုတော့ အမြဲမမေ့သင့်ပါဘူး။ Prototype တစ်ခုလုပ်တာ End users ကို ထည့်စဥ်းစားပေးရသလို...မိမိ Idea နဲ့ Solution ကို Focus လုပ်ဖို့ကသာ အဓိကဖြစ်ပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

Comments

Popular posts from this blog

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Cross-Functional Team အကြောင်း တစေ့တစောင်း

အသုံးများတဲ့ Product Testing တွေ