ဆိုကြပါစို့… ကျွန်တော်က Company တစ်ခုရဲ့ Product Manager… အခုပဲ Company အတွက် Feature Idea တစ်ခု ရတယ်...Solution ကလည်း အရမ်းကောင်း၊ Management ကလည်း စ Develop လုပ်ဖို့ မီးစိမ်းပြနေပြီ။
ကျွန်တော် ဘယ်နေရာကစရမလဲ?
Product / Feature ကောင်းတစ်ခုရဖို့ အရင်ဆုံးလုပ်ရမှာက Idea ကို Validate လုပ်ခြင်းဖြစ်တယ်။ Validate လုပ်တဲ့နည်းတွေထဲက တစ်ခုက Wireframe တစ်ခု ဆွဲကြည့်ခြင်းပါ။ လွယ်လွယ်ပြောရရင် စကားနဲ့ပြောတာထပ် ပိုမြင်လွယ်အောင် ပုံဆွဲပြတာပေါ့။ အဲ့တော့မှပဲ ကိုယ့် Product Team က ငါတို့လိုချင်တာ ဒါပါလား ဆိုတာ ကို သိပြီး Feedback ပေး၊ ရှေ့ဆက်လုပ်လို့ရမှာဖြစ်ပါတယ်။
Wirefreame ဆိုတာ ကျွန်တော်တို့ လုပ်မယ့် Feature တွေကို ဘယ်နေရာက ဘာရှိမယ်ဆိုတဲ့ အကြမ်းဖြင်း Structure ရအောင် ရေးဆွဲခြင်းပဲဖြစ်တယ်။ Wireframe က တစ်ခါတည်းဆွဲပြီး ပြီးသွားမယ့် အရာမဟုတ်ဘဲ Iterative Process နဲ့ အမြဲတမ်း Idea Validation မှာ ပါဝင်တတ်တဲ့ Process တစ်ခုဖြစ်ပါတယ်။ ပထမ Wireframe ဆွဲမယ်။ ပြီးရင် Customer Feedback ယူ၊ ထပ်ဖြည့်စွက်ပြီး ပိုကောင်းတဲ့ Feature တွေ၊ Product တွေဖြစ်လာကြပါတယ်။ မိမိပြိုင်ဖက် Product တွေကြည့်ရင်လည်း အမြဲတမ်း ပြောင်းလဲနေတဲ့ UIUX ကို တွေ့ရမှာပါ။
Product Manager တစ်ယောက်အတွက် Wireframe လုပ်တဲ့အခါ ရှောင်ပြေးနေလို့မရပါဘူး။ ကိုယ်တိုင် Wireframe ဆွဲရမှာလား ဆိုတာကတော့ သင့် Product Team ရဲ့ Size နဲ့ Capacity ပေါ် မူတည်ပါလိမ့်မယ်။ လူနည်းတဲ့ Product Team မျိုးဆိုရင်တော့ Product Manager ကိုယ်တိုင် Wireframe ဆွဲရနိုင်ခြေ များမှာပါ။ ကိုယ်တိုင် မဆွဲရလည်း Product Manager တစ်ယောက်အတွက် အဲ့ Process ထဲ ဝင်ပါဖို့နဲ့ အကြံဉာဏ်ပေးဖို့ကတော့ အရေးကြီးပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ Product Team နဲ့ Feature Idea တွေ ထဲထဲဝင်ဝင်ဆွေးနွေးဖို့ ပုံဆွဲပြခြင်းက ပိုလွယ်ကူပါတယ်။
Wireframe, Mockup နဲ့ Prototype ဘာကွာလဲ
ဒီသုံးခုက အကြမ်းဖြင်းဆိုရင် ဆင်တူလိုဖြစ်နေပေမယ့်လည်း တကယ်တော့ သူ့ Use Case နဲ့သူပါပဲ။
Wireframe ကအပေါ်မှာပြောခဲ့တဲ့အတိုင်း Idea Validation မှာပါဝင်တဲ့ Process တစ်ခုပါ။ သူက Product ဒါမှမဟုတ် Feature တစ်ခုရဲ့ အကြမ်းဖြင်း Structure တစ်ခုဖြစ်ပါတယ်။ ဥပမာပြောရရင် Website တစ်ခုက Search Feature ဆိုပါတော့၊ သူ့ကို Page ရဲ့ အပေါ် ညာဘက်မှာထားမယ်။ User Input တောင်းမယ့် Text Field တစ်ခုရှိမယ်။ Input ရိုက်ပြီး နှိပ်ရှာရမယ့် Button တစ်ခု ဘေးမှာထားမယ်။ အဲ့လို စဉ်းစားပြီး ရေးဆွဲကြည့်ခြင်းက Wireframe ပါပဲ။ Wireframe လုပ်ရခြင်းရည်ရွယ်ချက်က Product/ Feature တစ်ခုက ဘာလဲ၊ ဘယ်လို အလုပ်လုပ်တာလဲနဲ့ ဘယ်လိုရှိလဲ (What it does, How it does and How it looks like) ဆိုတာကို ဖြေရှင်းပေးရတာပါ။
Wireframe လုပ်တာနဲ့ Design ထွက်လာပြီလားမေးရင် မထွက်ပါဘူး။ Wireframe က Design Phase ထဲက First Step ပါ။ အကြမ်းဖြင်း Structure ပါ။ နောက်ဆုံး Design ကို မြင်ရဦးမှာမဟုတ်ပါဘူး။ Structure ရပြီဆိုရင် အထဲမှာ တန်ဆာပလာ တွေ ထည့်ရတော့မယ်။ အလှဆင်တဲ့ အဆင့်ကို Mockup လို့ခေါ်ပါတယ်။ ခုနက ဥပမာအရဆိုရင် Search Button က ဘာအရောင်ထားမလဲ။ Text Field က လေးထောင့်လား၊ Rounded Corner ထားမှာလား၊ Font က ဘာသုံးမှာလဲ ဆိုတာကို ထည့်ဆွဲကြည့်ရတာပါ။ ဒီအဆင့်ပြီးသွားရင်တော့ ကိုယ့် Product ရဲ့ ရုပ်ထွက် ကို အသေအချာမြင်ရပြီပေါ့။
နောက်တစ်ခုက Prototype… ကိုယ့်မှာ Product Structure လည်းသေချာပြီ၊ ရုပ်ထွက်လည်းလှပြီ ဆိုတာနဲ့ Design Phase ကမပြီးသေးပါဘူး။ နောက်ဆုံးအနေနဲ့ Interaction တွေကို စဉ်းစားရပါတယ်။ ရုပ်ထွက်လှပြီး တကယ်သုံးကြည့်လို့ အလုပ်မလုပ်ရင် Users တွေဆက်သုံးဖို့ဆိုတာ မလွယ်ကူပါဘူး။ ဥပမာကိုဆက်ရရင်.. .Search Input Field ထဲမှာ စာလုံးရိုက်ထည့်ကြည့်မယ်။ Auto Suggestion ကျလာတာမျိုး၊ နောက်ပြီး Search Button ကိုနှိပ်လိုက်ရင် Search Result Page နောက်တစ်ခုကို ရောက်သွားမယ်ဆိုတာကို ဆွဲကြည့်ရတာပါ။ ဒီအဆင့်တွေအထိပြီးသွားရင် ကိုယ့် Product က တကယ့်လက်တွေ့မှာ ဘယ်လို အလုပ်လုပ်မယ်ဆိုတာကို အသေအချာ မြင်တွေ့သွားနိုင်ပါတယ်။
Wireframe က ဖွဲ့စည်းပုံ (Structure) ကို ပေး၊ Mockup က ရုပ်ထွက် (Visual) ကို ထုတ်၊ Prototype က သုံးစွဲပုံ (Usability) ကို ပြဖို့အတွက် ရည်ရွယ်ပါတယ်။ Mockup က များသောအားဖြင့် Designer တွေဆွဲကျပြီးတော့ Wireframe နဲ့ Prototype ကတော့ UIUX Team နဲ့အတူ၊ Product Manager တွေပါဝင်လေ့ရှိတဲ့ Process တစ်ခုဖြစ်ပါတယ်။
အောက်က ဇယားမှာတော့ Wireframe၊ Mockup နဲ့ Prototype လုပ်လို့ရတဲ့ Tools တွေကို List Down လုပ်ထားပါတယ်။ တခြား Tools တွေလည်းရှိပေမယ့် Industry မှာ အသုံးများတဲ့ Powerful Tools တွေပါ။
ဒါကတော့ Product Manager အတွက် Design နဲ့ ပတ်သတ်ပြီး အခြေခံ Topic ကို ဝေမျှထားတာဖြစ်ပါတယ်။ နောက်တစ်ခေါက် UIUX Team နဲ့ တွေ့ပြီး Wireframe တွေ၊ Mockup တွေ၊ Prototype တွေအကြောင်း ပြောရင် နှုတ်ပိတ်နေစရာမလိုတော့ဘူး ထင်ပါတယ်။ ကိုယ့်မှာ တခြား Tools တွေ၊ Good Practice တွေ ရှိရင်လည်း အောက်က Comment မှာ တချက် Share ပေးကြပါဦး။
------------------------------
Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ နောက်ထပ် Post တွေမလာခင် product management နဲ့ ပတ်သက်တဲ့ ဘယ်လို topic တွေဖတ်ချင်လဲဆိုတာ ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။
ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။
Comments