User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော?
ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။
“Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။
Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြပါတယ်။ တစ်ခါတစ်ရံ ကိုယ့် Product မှာ ရှိပြီးသား သုံးနေလက်စ User တွေက Product အကြောင်းကို အရမ်းနောကျေနေပြီး လိုတဲ့အပေါက်မှန်သမျှ၊ မရှိသေးတဲ့ Feature မှန်သမျှကို ထောက်ပြနေနိုင်တာကြောင့် Product Team အနေနဲ့ ဒီ Feature တွေ ထပ်ထပ်ထည့်ဖို့ list ထဲ တိုးလာတတ်ပါတယ်။
ဒီလိုအခြေအနေမှာ Product Manager အနေနဲ့ Balance ပြန်လုပ်ရမှာက လက်ရှိ Loyal User တွေက သူတို့တောင်းဆိုတဲ့ Feature တွေမရှိလည်း ဆက်လက် သုံးနေနိုင်ပေမယ့်၊ တကယ့် New User တွေအတွက်တော့ မလိုတဲ့ ဘေးဘန်း Feature တွေ ဖြစ်နေနိုင်တာမျိုးပါ။ Feature တွေ ထပ်ထည့်လိုက်၊ User က ထင်သလောက် မတက်လာလိုက်နဲ့ သံသရာလည်နေတာမျိုးကို Product Death Cycle ပုံလေးက ပြနေပါတယ်။
နောက်တစ်ချက်က Feature အသစ်တွေက Management ကိုရော၊ Team ကိုရော၊ User တွေကိုရော လွယ်လွယ်နဲ့ ပိုဆွဲဆောင်နိုင်ပါတယ်။ User တွေက တောင်းဆိုနေတယ် (သို့) Market ထဲမှာလည်း ပုံစံတူ Feature တွေ ခေတ်စားနေတယ်။ ဒီတော့ Scretch ကနေ စပြီး Design ဆွဲ, Cost တွေ Resource တွေ Allocate လုပ်, Develop လုပ်ပြီးရင် Customer တွေဆီကို စိတ်လှုပ်ရှားဖွယ် Feature သစ်အကြောင်းကို မိတ်ဆက်ကြတာပေ့ါ။ ထုံးစံအတိုင်း Company ကလည်း ဒီ Feature ကနေ User သစ်တွေ အများကြီး သယ်လာ၊ Revenue တွေ တက်လာဖို့ မျှော်လင့်မယ်။ သို့သော် ထင်တဲ့အတိုင်းမဖြစ်လာတဲ့အခါ User တွေ ဘာထပ်လိုအပ်နေလဲ၊ ဘာတွေ တောင်းဆိုနေကြလဲဆီကို ပြန်ရောက်တော့တာပဲ။ အဲဒါက နောက် Feature အသစ်တစ်ခုရဲ့ အစပျိုး ဖြစ်လေသတည်းပေါ့။
ဒီ Cycle လည်ပုံက Product Company တော်တော်များများမှာ ရင်းနှီးပြီးသား လုပ်ငန်းစဥ်လို့ ပြောလို့ရပါတယ်။ Feature အသစ်တွေ Develop လုပ်ဖို့ပဲ ဦးတည်နေတဲ့ အခြေအနေက Feature Factory Product ဖြစ်လာစေပြီး၊ Vision မရှိဘဲ ကောင်းမယ်ထင်တဲ့ Feature အသစ်တွေမှာပဲ ထပ်ထပ်ပြီး Invest လုပ်လာရင်း Product Death Cycle ထဲ ဝင်မိမှန်းမသိ ဝင်မိလာတော့တာပဲ ဖြစ်ပါတယ်။
Product Death Cycle မဖြစ်ဖို့ သတိထားရမယ့် အချက်အချို့အနေနဲ့ –
မိတ်ဆွေတို့ရဲ့ ထင်မြင်ယူဆချက်နဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေဖို့ တောင်းဆိုပါတယ်။

- Business Vision နဲ့ Align ဖြစ်တဲ့ Product Vision ရှိဖို့လိုပါတယ်။
- ကိုယ့်ရဲ့ Target Audience က ဘယ်သူတွေလည်းကို ပြန်သုံးသပ်ပြီး Focus လုပ်ရပါမယ်။ ဒီနေရာမှာ – လက်ရှိသုံးနေတဲ့ User တွေက Target Audience ထဲက အစိတ်အပိုင်းလေးတစ်ခုပဲ ဖြစ်နေနိုင်တာကို သတိထားဖို့လိုပါတယ်။
- Product အတွက် အရေးပါတဲ့ Key Metrics တွေပေါ်မူတည်ပြီး SMART Objectives တွေလည်း ချမှတ်ထားဖို့လိုပါတယ်။
- Backlog တွေ Prioritize လုပ်ရမှာလည်း Product Vision တွေ၊ Key Metrics တွေကို ထည့်သွင်းစဥ်းစားဖို့လိုပါတယ်။
မိတ်ဆွေတို့ရဲ့ ထင်မြင်ယူဆချက်နဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေဖို့ တောင်းဆိုပါတယ်။
----
နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။
Comments