Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။

ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။



Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်ခု၊ Goal တစ်ခုအတွက် အတူတကွ အလုပ်လုပ်ကြတဲ့ ပုံစံဖြစ်ပါတယ်။ Cross-functional Team မှာက Organization ရဲ့ ဘယ်ဌာန၊ ဘယ်ရာထူးကမဆို ပါဝင်ကြလေ့ရှိပါတယ်။ Team ရဲ့ Goal ကို ရရှိဖို့ မိမိတို့ ကျွမ်းကျင်တဲ့ဘက်ကနေ အသီးသီး တာဝန်ယူဆောင်ရွက်ကြပြီး လိုအပ်တဲ့ Decision တွေကိုလည်း အတူတကွချနိုင်ကြပါတယ်။ ပါဝင်တဲ့တစ်ယောက်ချင်းစီရဲ့ ကျွမ်းကျင်မှုတွေ မတူတာကြောင့် Idea ကောင်းတွေ၊ မတူညီတဲ့ ရှုထောင့်တွေကနေ အကောင်းဆုံးရလဒ်အတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြတာက Cross-functional Team ရဲ့ အားသာချက်ပါ။

Agile Culture ကိုကျင့်သုံးတဲ့၊ ကိုယ်ထူကိုယ်ထကို အားပေးတဲ့ Organization တွေက Cross-functional Team ပုံစံကို သဘောကျလေ့ရှိပြီး Innovative ဖြစ်တဲ့ Out of the Box Solution တွေကို Cross-functional Team တွေဆီက မျှော်လင့်နိုင်ပါတယ်။ ဥပမာ – Market ထဲမှာ လက်ရှိသူများနဲ့မတူတဲ့ Product အသစ်ထုတ်ဖို့အတွက် လိုတဲ့ Department အသီးသီးက လူတစ်ယောက်စီနဲ့ Team ဖွဲ့ပြီး စတင်တာမျိုးပေ့ါ။

Cross-functional Team ရဲ့ကောင်းကွက်က Innovation ကို အားပေးရုံတစ်ခုထဲပဲ မဟုတ်ပါဘူး။ Organization အတွင်းမှာ Department တွေအချင်းချင်း cross-learning လုပ်နိုင်ဖို့လည်း အထောက်အကူပေးပါတယ်။ အခြား Department ကသူတွေနဲ့ အနီးကပ် အလုပ်လုပ်ရင်း Knowledge တွေ ဖလှယ်နိုင်ကြလို့ပါ။ ဒါ့အပြင် ကိုယ့် Department နဲ့သာမက အခြား Department က သူတွေနဲ့ပါ Team Work ကောင်းကောင်းလုပ်နိုင်ဖို့၊ အချင်းချင်း ပိုမို Engagement ကောင်းရဖို့တွေလည်း အထောက်အကူပေးပါတယ်။ ကိုယ့် Department တစ်ခုထဲရဲ့ Goals တွေသာမက Organization ရဲ့ Goals တွေကိုပါ သိနိုင်၊ ပါဝင်နိုင်တာကြောင့် ဝန်ထမ်းတွေအနေနဲ့လည်း ကိုယ့် Organization နဲ့ပတ်သက်ပြီး ပိုမို စိတ်ဝင်တစားရှိစေပါတယ်။

ဒီလို အသုံးဝင်ပြီး ကောင်းမွန်တယ်ဆိုတဲ့ Cross-functional Team က ရာနှုန်းပြည့် အောင်မြင်မှာလားလို့မေးရင် ဒါက သင့်ရဲ့ Cross-functional Team ကို ဘယ်လိုဖွဲ့စည်းထားလဲဆိုတာတွေနဲ့လည်း သက်ဆိုင်ပါလိမ့်မယ်။ ဒါကြောင့် Cross-functional Team ဖြစ်ရင်ပြီးရော ဖွဲ့စည်းလို့တော့ မရပါဘူး။

၁။ Team က Project တစ်ခု (သို့မဟုတ်) Goal တစ်ခုအတွက် အတူတကွ လုပ်ဆောင်ကြတာဖြစ်တဲ့အတွက် အားလုံးက ဒီ Goal ကို ကောင်းကောင်းသိနားလည်ထားဖို့၊ Align ဖြစ်နေဖို့ လိုအပ်ပါတယ်။

၂။ သတ်မှတ်ထားတဲ့ Goal ကိုရရှိဖို့ရာ Cross-functional Team ထဲမှာ လိုအပ်တဲ့ Function ကလူတွေ အသီးသီး ပါဝင်ဖို့ လိုပါတယ်။

၃။ အချင်းချင်းဘယ်လို နည်းလမ်းတွေ၊ Tools တွေ၊ Meetings တွေနဲ့ Communicate လုပ်မယ်၊ Share လုပ်မယ်ဆိုတာကိုလည်း ကြိုသတ်မှတ်ဖို့လိုပါတယ်။

၄။ နောက်တစ်ချက်က Cross-functional Team တွေမှာ ပါဝင်သူတွေက သတ်မှတ်ထားတဲ့ Goal ကိုရရှိဖို့ရာ ကိုယ်စီ Task Assign လုပ်ပြီး လုပ်ဆောင်ကြတာဖြစ်လို့ Leader မဖြစ်မနေတော့ မလိုပါဘူး။ သို့သော် Goal ရဲ့ Domain Knowledge ကို ကောင်းကောင်းသိပြီး Team members တွေကို Organize လုပ်နိုင်၊ Motivate လုပ်နိုင်တဲ့ Leader တစ်ယောက်ရှိခြင်းကလည်း Cross-functional Team အောင်မြင်ဖို့ရာ အထောက်အကူပြုနိုင်ပါတယ်။

ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ ထပ်သိချင်တာရှိရင် (သို့မဟုတ်) အတွေ့အကြုံဝေမျှလိုတာရှိရင် Comment ပေးခဲ့ပေးပါဦး။

----
နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular posts from this blog

SMART Goal ဘယ်လိုတည်ဆောက်မလဲ

အသုံးများတဲ့ Product Testing တွေ