Skip to main content

အသုံးများတဲ့ Product Testing တွေ



Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။

ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။



Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။

Alpha Testing
Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software Product ကို တကယ့် Customer တွေလက်ထဲ မထည့်ခင်မှာ ကိုယ့် Company တွင်းက Development Team မဟုတ်တဲ့ Users တွေနဲ့ စမ်းသပ်တဲ့ User Acceptance Testing ဖြစ်ပါတယ်။ Alpha Testing ရဲ့ အဓိကရည်ရွယ်ချက်က တကယ့် Customers တွေဆီမှာ ကြုံတွေ့နိုင်တဲ့ Issues တွေ၊ Bugs တွေကို သိရှိနိုင်ဖို့ပါ။ Product က User တွေလက်ထဲကို ထည့်ဖို့ ကြီးကြီးမားမား Show Stopper မရှိတော့ဘူးဆိုတာကိုလည်း သေချာစေပါတယ်။

Alpha Testing ကာလအတွင်းမှာ Development Team အနေနဲ့ တကယ့် User တွေ သုံးတဲ့ပုံစံကိုလည်း ပိုမိုသိရှိစေပါတယ်။ Alpha Testing မှာ White box testing ရော၊ Black box testing ရောကို အသုံးပြုပါတယ်။

Beta Testing
Beta Testing ကတော့ Product ကို တကယ့် Users တွေနဲ့ တကယ့် Environment မှာ စမ်းသပ်တာဖြစ်လို့ ပြင်ပ User Acceptance Testing လို့ ပြောကြပါတယ်။ Product ကို Market ထဲ မထည့်လိုက်ခင်မှာ ကိုယ့် Company ပြင်ပက Users တွေနဲ့ စမ်းသပ်ပြီး Feedback ရယူတဲ့ နည်းလမ်းဖြစ်ပါတယ်။ Market ထဲမထည့်ခင်မှာ တကယ့် User Feedback တွေ ရယူနိုင်တာအပြင်၊ Alpha Testing တုန်းက မမြင်ခဲ့တဲ့ Issue တွေကိုသိရှိနိုင်၊ အချိန်မှီ Fix နိုင်တာက Beta Testing ရဲ့ ကောင်းတဲ့အချက်ပါ။

Alpha Testing နဲ့ Beta Testing ရဲ့ ခြားနားချက်အချို့ကို ကောက်နှုတ်ဖော်ပြပါမယ်။


Product Team အတွက် Alpha Testing နဲ့ Beta Testing က မိမိ Product ကို တကယ့် User ဘယ်လိုပုံစံနဲ့ သုံးမှာလည်းကို ပိုသိနိုင်စေသလို၊ Product ကို Market ထဲမှာ ပိုမိုအောင်မြင်အောင်၊ User Expectation နဲ့ ကိုက်ညီအောင်လည်း ကူညီရာရောက်ပါတယ်။

A/B Testing
Alpha Testing နဲ့ Beta Testing အကြောင်းပြီးတော့ Product Team တွေမှာ အပြောများ၊ အသုံးများတဲ့ A/B Testing ကိုလည်း နည်းနည်းရေးချင်ပါတယ်။ A/B Testing ကို Split Testing လို့လည်း ခေါ်ပါတယ်။ ကိုယ့်ရဲ့ Product မှာ၊ Website မှာ Version နှစ်ခု ပြုလုပ်ပြီး ဘယ် Version က ပိုကောင်းကောင်းအလုပ်လုပ်လဲကို Testing ပြုလုပ်တာပါ။

ဥပမာ - ကိုယ့် Product ကို UI နှစ်မျိုးလုပ်ထားပြီး User တွေကို သုံးခိုင်းကြည့်ပြီး ဘယ် Version က User တွေကို ဘယ် Button တွေပိုနှိပ်စေလဲ၊ ဘယ် Page တွေကို ပိုသွားစေလဲ စသဖြင့် Metrics တွေကို ပြန်နှိုင်းယှဥ်ကြည့်တာ ဖြစ်ပါတယ်။ ပိုကောင်းတဲ့ရလဒ်ကိုပေးတဲ့ Version ကို ရွေးချယ်သုံးနိုင်သလို ဘာကြောင့်ပိုကောင်းတာလဲဆိုတဲ့ အဖြေကိုရှာပြီး Product ရဲ့ အခြားအစိတ်အပိုင်းတွေကိုလည်း Improve လုပ်နိုင်ပါတယ်။

A/B Testing ကို Digital Marketing မှာလည်း အသုံးများတာ တွေ့နိုင်ပါတယ်။ Marketing Campaign တွေမှာ ဘယ် Campaign က ပိုထိရောက်လည်း စမ်းသပ်ရွေးချယ်တာမျိုးပါ။

ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ အားလုံးနဲ့အတူ ဝေမျှလိုတာရှိရင် Comment ပေးခဲ့ပေးပါဦး။

----
နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Business Model Canvas ဘယ်လိုဆွဲမလဲ

Business တစ်ခု (သို့) Product တစ်ခုအတွက် Business Model Canvas (BMC) ဘယ်လိုဆွဲမလဲ? BMC ဘယ်လိုဆွဲမလဲကို မသွားခင်မှာ BMC ဆိုတာဘာလဲ နဲ့ ဘယ်လိုအသုံးဝင်လဲ ဆိုတာကို အရင်လေ့လာကြည့်ရအောင်။ Business Model Canvas ( BMC ) ရဲ့ Definition က “အောင်မြင်တဲ့ Business တစ်ခု စတင်ဖို့ လိုအပ်မယ့် ရင်းနှီးမြှုပ်နှံမှု” ၊ ဝင်ငွေဘယ်ကရမလဲ နဲ့ “မိမိရဲ့ဖောက်သည်က ဘယ်သူတွေလဲ” ဆိုတာတွေကို အကျဥ်းချုပ် ချစွဲထားတဲ့ အစီအစဥ် (Plan) တစ်ခု ” ဖြစ်ပါမယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Business တစ်ခု (သို့) Product တစ်ခုမစခင် အဲဒီ Business ကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ မြင်သာအောင်ဆွဲတတ်ကြပြီး ကျွန်တော်တို့လို Product Manager တွေအတွက်လည်း Management နဲ့ဖြစ်စေ၊ တခြား Stakeholders တွေနဲ့ ဖြစ်စေ Communicate လုပ်ရာမှာ နားလည်လွယ်ပြီး အသုံးဝင်ပါတယ်။ ဘာကြောင့် BMC ကို ဆွဲကြတာလဲ ကျွန်တော်တို့အတွက် BMC က နားလည်ရလွယ်တယ် တိုတိုနဲ့ ရှင်းရှင်းလင်းလင်းရှိတယ် ပြင်လွယ်ပြောင်းလွယ်တယ် Customer, Business, Partners နဲ့ Business Activities တွေအချိတ်အဆက်မိမိ မြင်သာတယ် ကဲ… BMC ရဲ့ What နဲ့ Why ကို သိပြီဆိုတော့ ဘယ်လိုဆွဲကြမ

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။ ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ် ။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။ Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1,