Burnout ဖြစ်နေသော Product Manager တစ်ယောက်



Burnout ဖြစ်ခြင်း နှင့် ကျွန်တော်...
အလုပ်တွေပဲ တရစပ် လုပ်နေရင်ဖြစ်ဖြစ်၊ Stress တွေ အရမ်းများလာရင်ဖြစ်ဖြစ်၊ Burnout ဖြစ်ကြပါတယ်။ ဒါ့အပြင် Burnout ဖြစ်တယ် ဆိုတာ အံဆုံးသွား ပေါက်သလို တစ်ခါပဲပေါက်ပြီး အရှင်းပျောက်သွားတာမဟုတ်ဘဲ အခြေအနေအမျိုးမျိုးကြောင့် ပြန်လည် ခံစားရနိုင်တဲ့ စိတ်အခြေအနေ တစ်ခုလည်းဖြစ်ပါတယ်။

Burnout ဖြစ်လာမှန်း ဘယ်လိုသိနိုင်လဲ?
သေချာတာကတော့ ဘာဆိုဘာမှမလုပ်ချင်တော့ဘူး၊ လုပ်ရမယ်ဆိုရင်လည်း အလုပ်အပေါ် အာရုံစိုက်ရတာခက်လာမယ်၊ Anxiety ဖြစ်မယ်၊ ကိုယ့်ကိုကိုယ် Productive မဖြစ်တော့ဘူး၊ Creative လည်းမဖြစ်တော့ဘူးလို့ ခံစားရမယ်။


Product Manager တွေ Burnout ဖြစ်နိုင်လား?
အလုပ်လည်းများ stress လည်းများတဲ့ Career ဖြစ်တဲ့အလျောက် Burnout ဖြစ်နိုင်ချေလည်း အချိုးတူပါပဲလို့ ဖြေပါရစေ။

ဘာကြောင့် Product Manager တွေ Burnout ဖြစ်ကြတာလဲ?
ဟုတ်ပါပြီ... ကျွန်တော် ဘယ်လိုအခြေအနေမှာ Burnout ဖြစ်တတ်လဲနဲ့ ကျွန်တော် ဘယ်လိုကျော်ဖြတ်ခဲ့လဲကို “လွန်ခဲ့တဲ့ လေးနှစ် ကျွန်တော်” ကို ပြန်သွားပြီး အတွေ့အကြုံ ပြန် Share ပေးချင်ပါတယ်။

Product Manager အလုပ်က Technology နဲ့ Product ပဲ လုပ်ရတာမဟုတ်ပဲ Product တစ်ခု၊ Features တစ်ခု ထွက်ဖို့ လိုအပ်သမျှကို အကောင်အထည်ဖော်ရတာဖြစ်တယ်။ ပြောချင်တာကတော့ အဲ့လို အကောင်အထည်ဖော်ဖို့ Department မျိုးစုံ၊ လူ၊ Background မျိုးစုံနဲ့ Deal လုပ်ရလေ့ရှိပါတယ်။ အဲ့ဒီအခါ –

၁။ ထိန်းချုပ်မှုမရှိခြင်း

ကိုယ်ကတော့ ကိုယ့် Product (or) Features ကောင်းစေချင်တာပါပဲ... ဒါပေမယ့် Department ပေါင်းစုံက ရာထူးပေါင်းစုံနဲ့ ထိတွေ့နေရတော့ ကိုယ့် Product ကို Control လုပ်လို့မရတတ်ဘူး။ ဒီ Department က ဒါလိုချင်တယ်.. ကိုယ့် Boss က Competitor ကလုပ်ထားတဲ့ Features ကို ကိုယ့် Product မှာလည်း ချက်ချင်းမြင်ချင်တယ်… စသဖြင့်ပေါ့။ Product Manager တစ်ယောက်အနေနဲ့ ဖြစ်သင့်တာတွေ၊ ဆောင်ရန် ရှောင်ရန်တွေ ဝင်ပြောနေပေမယ့်လည်း.. Product Manager ဘာလုပ်လဲဆိုတာ ကဂနဏ မသိကြဘဲ Requirement Gathering ပဲ လုပ်တဲ့ လူလို့ပဲ မြင်နေတတ်တယ်။ အဲ့အခါ ကိုယ့် Product ကို မထိန်းချုပ်နိုင်ပဲ လိုချင်တာတိုင်း လုပ်ပေးရတတ်တဲ့ လိုတာပေး Product Manager တစ်ယောက်ဖြစ်လာပါတယ်။

၂။ Work Overload ဖြစ်ခြင်း

အပေါ်က ကို ဆက်ရရင် လိုတာတွေ ပဲ လုပ်ပေးရတဲ့ Product Manager အတွက် တနေ့တနေ့ အလုပ်က များသထက်များလာပါလိမ့်မယ်။ အားလုံးကလည်း Product ကို မကြည့်ဘဲ ကိုယ်လိုချင်တာ ရဖို့ပဲ ဦးတည်ပြီး... ဒါကတော့ Urgent ဖြစ်လို့၊ ဒါမှမရရင် Competitor နောက် တကောက်ကောက် ကြကျန်ခဲ့မယ်တို့နဲ့ ဘယ်လိုမှ “Say No” လုပ်လို့မရဘဲ Product Manager ခေါင်းကိုက်တဲ့ အကွက်တွေ များလာပါလိမ့်မယ်။ ဘယ် Feature ပဲလာလာ Tight Deadline တွေနဲ့ ... Pressure တွေက အပေါ်ကပဲ မဟုတ်တော့ပဲ… Feature ကို Deadline အတွင်း ထွက်ဖို့ တွန်းရတဲ့ Development Team တွေဆီကလည်း များလာပါတော့တယ်။ Product ကလည်း Feature Factory Product ကြီး ဖြစ်လာမယ်...ကိုယ်တိုင်လည်း Work Overload ဖြစ်လာပါလိမ့်မယ်။

၃။ တန်တဲ့ Reward မရခြင်း

ကိုယ်ကတော့ မတတ်နိုင်တဲ့ အဆုံး B***S*** တွေကိုချည်းပဲ အကောင်းဆုံးလိုက်လုပ်ပေးတယ်။ နောက်ဆုံးတော့ Department အသီးသီးက Stakeholders တွေလိုချင်တာတွေ ရသွားတယ်။ အသည်းအသန် လုပ်ပေးလိုက်ပေမယ့် Product မှာလည်း ဘာမှ မတိုးတက်သွားသလို၊ Product Team နဲ့ Product Manager ဆီမှာလည်း ဘာအသိအမှတ်ပြုမှုမှ မရလိုက်ဘူး။ အများဆုံး ကြားရ “Thank You” ပဲ။ တဖြည်းဖြည်းနဲ့ Assigned Tasks တွေသာ များလာပေမယ့်... Promotion တို့ Salary တို့ တိုးဖို့တွေကတော့ ဝေလာဝေး ဖြစ်နေရင်... ကြာလာတော့ ကိုယ့်ကိုကိုယ် Undervalue ဖြစ်လာမယ်၊ Insecure ဖြစ်လာမယ်၊ စွယ်စုံရဖြစ်မလာပဲ... စွယ်စုံခိုင်းဖြစ်လာတော့တာပဲ။

၄။ ခံယူချက် မတူတော့ခြင်း

ကိုယ်က Product Vision၊ Roadmap ကို တာဝန်ယူရသူ၊ Product ကို Company Vision နဲ့ လိုက် Align လုပ်ပေးရသူဖြစ်တယ်။ တခါတလေ Company ရဲ့ ခဏခဏ (သို့) လုံးဝ ပြောင်းလဲသွားတဲ့ Core Values တွေပေါ်လာတဲ့အခါ Product Vision ကိုလည်း လိုက်ပြောင်းရသလို၊ ကိုယ့်ရဲ့ ကိုယ်ပိုင် Company မှာ ရပ်တည်ချက်၊ ခံယူချက်တွေလည်း မတူတော့ဘူး။ Product အတွက် ကိုယ်လိုချင်တာက 1-10၊ Company က 1-6 လောက်ပဲ လိုချင်တော့ရင် အားမလိုအားမရတွေဖြစ်လာမယ်။ ကိုယ် ဒီ Company ကို ဘာကြောင့် ဝင်လာတာလဲ၊ ဘာတွေ အကောင်းဆုံးလုပ်ဖို့ဝင်လာတာလဲ ဆိိုတဲ့ ခံယူချက်တွေက အနှေးနဲ့အမြန် အမှိုက်ပုံးထဲရောက်သွားတာပဲ။ ကြုံရတဲ့အခါ တကယ်ဆိုးတဲ့ အခြေအနေပါ။

ဒါမျိုးတွေ ကြုံရဖန်များလာတာနဲ့အမျှ ကျွန်တော် Burnout ဖြစ်လာတော့တာပဲ။ ကောင်းတဲ့ အတွေ့အကြုံတော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့်လည်း အဲ့လိုတွေသိထားတော့ ထပ်မဖြစ်အောင် ရှောင်လို့တော့ ရနိုင်ကောင်းရမှာပေါ့။

ကဲ... ဒီမှာ ခဏရပ်လိုက်မယ်ဗျာ။
ဒါက ကျွန်တော် လွန်ခဲ့တဲ့ လေးနှစ်က ကြုံတွေ့တဲ့ အတွေ့အကြုံကို ပြန်လည် ဝေမျှတာဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ဒီလို Burnout ဖြစ်လာရင် ဘယ်လို အကောင်းဆုံး ကျော်ဖြတ်မလဲဆိုတာကို နောက်အပတ်ဆောင်းပါးမှာ ဆက်ရေးချင်ပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

Comments

Popular posts from this blog

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Cross-Functional Team အကြောင်း တစေ့တစောင်း

အသုံးများတဲ့ Product Testing တွေ