ကျွန်တော် Software Engineer ကနေ Product Manager ဘယ်လိုဖြစ်လာလဲ
ဒီဆောင်းပါးမှာတော့ Software Engineer တစ်ယောက်ကနေ Product Manager တစ်ယောက်အဖြစ် ဘယ်လို ကူးမလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်ဘယ်လိုကူးခဲ့လဲဆိုတဲ့ အဆင့်ဆင့်ကို ဝေမျှချင်ပါတယ်။ Q&A session တွေမှာလည်း ကျွန်တော် ဘာတွေလေ့လာခဲ့လည်းဆိုတာမျိုး အတွေ့အကြုံတွေကို အမေးခံရဖူးတော့ ဒီဆောင်းပါးရေးဖို့ စိတ်ကူးရတာပါ။
အရင်ဆုံး ဘယ်လို အလုပ်ပြောင်းမလဲ မရှင်းပြခင် Product Manager တစ်ယောက် အလုပ်က ဘာလဲဆိုတာကို အကျဉ်းချုံး ပြောပြပါမယ်။
Product Manager ဆိုတာ မိမိနဲ့ အတူအလုပ်လုပ်ရတဲ့ Business, Tech, UX တို့ရဲ့ Focus တွေကို စုပေးပြီး အလယ်ကနေ မိမိ Customer တွေရဲ့ Demand နဲ့ ချိန်ညှိ... Actionable Item တွေအဖြစ် ပြောင်းပေးရသူဖြစ်ပါတယ်။ ဥပမာ… Business က Food Delivery တစ်ခုလုပ်ချင်တယ်။ Tech က သူတို့ Delivery သမားတွေကို Track နိုင်တဲ့ App တစ်ခုလုပ်ပေးမယ်လို့ပြောတယ်။ UX က Customer တွေ သုံးလို့အဆင်ပြေအောင် Click သုံးချက်နဲ့ Order မှာလို့ရအောင်လုပ်ပေးမယ်ပေါ့။ Product Manager က အပေါ်မှာပြောထားတဲ့ Business, Tech, UX တို့ရဲ့ Focus တွေကို Prioritize လုပ်ပြီး Customer တွေအတွက် တကယ်လိုအပ်တဲ့ Feature တွေ၊ Product တွေဖြစ်အောင် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။
Product Manager အကြောင်း အကြမ်းဖျင်းပြောပြီးတော့ Product Manager အလုပ် ဘယ်လိုပြောင်းမလဲပေါ့။ ကျွန်တော်ကတော့ Software Engineer ဘက်ကနေလာတော့ အဲ့ကနေ Product Manager ဘယ်လိုဖြစ်လာလဲ၊ ဘာတွေလုပ်ဖြစ်ခဲ့လဲ ဆိုတာကို ဝေမျှချင်ပါတယ်။ တခြား Background ရှိတဲ့လူတွေအတွက်လဲ အနည်းနဲ့အများတော့ အကျိုးရှိမယ်ထင်ပါတယ်
၁။ အွန်လိုင်းကနေ လေ့လာခဲ့တယ်။
Product Manager တစ်ယောက်ဖြစ်ချင်ရင် အဲ့အလုပ်က ဘာတွေလုပ်ရသလဲဆိုတာကို အရင်သိအောင်လုပ်ရပါမယ်။ သူများတွေအပြောများလို့ ကိုယ်လဲ သဘောကျတယ်ဆိုပြီး အလုပ်တန်းမလျှောက်ဖြစ်အောင် ရှောင်ပါ။ အနည်းဆုံး Product Manager တစ်ယောက်ရဲ့ နေ့စဉ်လုပ်ကိုင်ရတဲ့ အရာတွေ၊ Product Manager တစ်ယောက်သုံးတဲ့ Methodology တွေ၊ Tools တွေကို လေ့လာပါ။
အွန်လိုင်းက လေ့လာမယ်ဆိုရင်
Course တတ်မယ်ဆိုရင် (Free)
၂။ အလုပ်ခွင်မှာ အသုံးချခဲ့တယ်။
ဟုတ်ပါတယ်။ လေ့လာတာကတော့ လေ့လာလို့ရပါတယ်။ ဒါပေမယ့် ပြန်လည် အသုံးမချရင် ပညာတစ်ခုကို ရေရှည်မြဲဖို့ခက်ပါတယ်။ ကျွန်တော်ကတော့ Learn By Doing ကို ဘဝင်တွေ့တဲ့လူဆိုတော့ အလုပ်ခွင်ထဲမှာ ကြုံသလို လိုက်လုပ်ကြည့်တယ်။ တကယ့် Product Manager တွေရှိရင်လည်း သူတို့ လုပ်တယ့် အလုပ်တွေကို ကိုယ်လေ့လာထားတာတွေနဲ့ အံဝင်လားဆိုတာ ကြည့်ပြီး လေ့လာလို့ရပါတယ်။ Team မှာ လိုအပ်တဲ့ နေရာတွေဝင်ပါပေးလို့ရပါတယ်။ ဥပမာ...ကျွန်တော်က Software Engineer တစ်ယောက်၊ Feature အသစ်တစ်ခုအကြောင်း Brainstorm လုပ်နေကြတဲ့အချိန်မှာ Tech ဘက်က လုပ်နိုင် မလုပ်နိုင်တာတွေဘဲ ပြောမယ့်အစား၊ Customer ဘက်ကတွေးကြည့်တယ်။ တကယ်လိုချင်တာက ဒီ Feature လား၊ တခြား Workaround တွေကောရှိလားပေါ့။ အဲ့လို အသုံးချဖြစ်ခဲ့ရင် ကိုယ့် Skill ဘဲ တက်လာတာမဟုတ်ဘဲ၊ ကိုယ့်ကို အသိအမှတ်ပြုကြပြီး Product Manager Job Opportunity တွေရလာနိုင်မှာပါ။
၃။ Product Manager အလုပ်တွေလျှောက်ပါတယ်။
အကယ်၍ Product Manager ဖြစ်ပြီးပြီဆိုပါတော့။ ကျွန်တော်လုပ်ခဲ့တာကတော့ မိမိ လက်ရှိ အလုပ်ခွင်ကို လေ့လာခဲ့တာပါဘဲ။ ကိုယ်က Product Manager Career Path ကို သွားတော့မယ်ဆိုတော့ လက်ရှိ အလုပ်ခွင်က ကိုယ့်ကို ဘယ်လောက် Support လုပ်နိုင်လဲပေါ့။ အလုပ်ခွင်မှာ Product Manager Role တွေကို ကိုယ်သိထားတဲ့ Knowledge အရ မကျင့်သုံးသေးဘူး၊ မိမိကို လမ်းညွှန်ပေးနိုင်မယ့် လူတွေလည်း မရှိဘူးဆိုရင် အကြံပေးချင်တာတော့ ကိုယ်လိုတဲ့ Value ကိုပေးနိုင်တဲ့ အလုပ်ခွင်တွေကို ပြောင်းကြည့်ပါ။ အဲ့အတွက် Product Manager အလုပ်တွေကို လိုက်ရှာပါ။ Jobnet တို့ LinkedIn တို့မှာ Profile Update လုပ်ပြီး Job Apply ကြည့်ပါ။ အဓိကက ကိုယ့် Skill တွေကို Apply လုပ်လို့ရတဲ့ နေရာ၊ ကိုယ့် Skill တွေကို ထပ်တိုး ပေါင်းစည်းပေးမယ့် နေရာမျိုးကို ရွေးပါ။
၄။ MBA တစ်ခုယူခဲ့တယ်။ (OPTIONAL)
Software Engineer တုန်းက Product ရဲ့ HOW ကို တာဝန်ယူရတဲ့သူတွေဖြစ်ပြီး Product Manager တွေက Product ရဲ့ WHAT နဲ့ WHY ကို တာဝန်ယူရတဲ့ သူတွေဖြစ်ပါတယ်။ ပြောချင်တာက Product တစ်ခု ဘယ်လိုဆောက်မလဲဆိုတာ အာရုံစိုက်တာမျိုးမဟုတ်ပဲ ဘာတွေဖန်တီးရမလဲဆိုတာကို စဉ်းစားပေးရတဲ့သူတွေပါ။ အဲ့လို ဘာတွေဖန်တီးမလဲ စဥ်းစားတဲ့နေရာမှာ Business အကြောင်း၊ Market အကြောင်းသိဖို့ လိုသလို၊ လုပ်မယ်/မလုပ်ဘူး ဆုံးဖြတ်ချက်တွေအတွက်လည်း Management Level တွေ၊ Business Side တွေနဲ့ ဆွေးနွေးရတော့ Business အကြောင်းသိဖို့၊ Business အခေါ်အဝေါ်တွေသိထားဖို့ လိုပါတယ်။ အဲ့ဒါကြောင့်လည်း မြန်မာပြည်မှာ ခေတ်စားတဲ့ General MBA တစ်ခုကို ကျွန်တော်ယူခဲ့ပါတယ်။ အနည်းဆုံးတော့ ဘွဲ့တစ်ခု အဖတ်တင်ပြီး ကိုယ့်လုပ်ငန်းခွင်ထဲမှာလည်း ပိုဝင်ဆံ့သွားတယ်ပေ့ါဗျာ။
ဒါကတော့ ကျွန်တော် Software Engineer Background ကနေ Product Manager အဖြစ်ပြောင်းလဲဖို့ ကြိုးစားခဲ့တဲ့ အတွေ့အကြုံတွေဖြစ်ပါတယ်။ တခြားအတွေ့ကြုံတွေ ဝေမျှချင်ရင်လည်း အောက်က Comment မှာ ရေးနိုင်ပါတယ်။
နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။
Follow us on Facebook and Linkedin for latest updates.

- 20 Years of Product Management in 25 Minutes by Dave Wascha
- What do product managers do? - Agile Coach
- Day in the Life of a Product Manager
- Product Manager ရဲ့ တစ်နေ့တာ

Comments
Post a Comment