Work From Home တွေ စကြတော့ Company တွေ Team တွေပေါ်မူတည်ပြီး လိုက်နာရမယ့် Work From Home Rules တွေ သတ်မှတ်ကြပါတယ်။ တစ်နေ့ Call meeting ဘယ်နှစ်ခါလုပ်မယ်၊ Communication Group တွေမှာ Working Hours အတွင်း Active ဖြစ်နေရမယ်၊ Progress တွေ ဘယ်လို Track လုပ်မယ် စသဖြင့်ပါ။ Rules သိပ်မရှိပဲ Work Done ကိုပဲ Check တဲ့ Team တွေလည်းရှိမှာပါ။
ကိုယ့် Company က Rules တွေချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ ကိုယ့်အတွက် Work From Home လုပ်ရတာ အဆင်ပြေစေဖို့၊ Effective ဖြစ်စေဖို့ ကိုယ်တိုင် သတိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီတစ်ပတ် ကျွန်မအလုပ်က Work From Home စလုပ်ဖြစ်တော့ Research လုပ်ပြီး ကိုယ်ကိုယ်တိုင် လိုက်လုပ်ကြည့်တဲ့အထဲက အကျိုးရှိတာလေးတွေ ရေးချင်လို့ပါ။
ပထမဆုံးကတော့ Work From Home လုပ်တာက အလုပ်နားတာမဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ် သတိပေးဖို့ပါ။ ရုံးချိန်တောက်လျှောက် ပုံမှန်လိုပဲ အလုပ်လုပ်ပေးရမှာပါ။
အလုပ်လုပ်ဖို့ နေရာသတ်မှတ်ပါ။ ရုံးမှာလို Smart ဖြစ်တဲ့ ထိုင်ခုံနဲ့စားပွဲ ဖြစ်ရမယ် မဆိုလိုပါဘူး။ တစ်နေကုန် အလုပ်လုပ်ရမယ့်နေရာဖြစ်လို့ စားပွဲလေးတော့ ရှိသင့်ပါတယ်။ ကြမ်းပြင်ပေါ်မှာ Computer တင်တဲ့ စားပွဲပုလေးလဲ ဖြစ်ပါတယ်။ (ကျွန်မ ကိုယ်တိုင်လဲ အခန်းကျဥ်းလို့ စားပွဲမရှိပါဘူး… ခုံပုလေးနဲ့ ကြမ်းပြင်မှာ Cusion အပါးလေးနဲ့ထိုင်ပြီး WFH ပါတယ်)။ အိပ်ရာပေါ်မှာ မဖြစ်ရင်ကို အတော်ကောင်းပါပြီ…။ ရေရှည် Remote Worker တွေဆိုရင်တော့ အလုပ်ခန်းသီးသန့်ပါထားဖို့ အကြံပြုကြပါတယ်။
နောက်တစ်ခုက အင်္ကျီအဝတ်အစား သပ်သပ်ရပ်ရပ်ဖြစ်ဖို့ တော်တော်များများ အကြံပေးကြပါတယ်။ ကိုယ့် Team နဲ့၊ ဒါမှမဟုတ် Client နဲ့ Conference Meeting တွေရှိတတ်တာမျိုးဆိုရင်တော့ အိမ်နေရင်း အဝတ်အစားက မသင့်တော်ပါဘူး။ Conference Call မျိုး မရှိဘူးဆိုရင်တောင် အဝတ်အစားသပ်ရပ်မှ အလုပ်လုပ်ဖို့ Mood ဝင်မယ်၊ လန်းဆန်းမယ်ထင်ရင် Try ကြည့်သင့်ပါတယ်။ အနည်းဆုံးတော့ အိမ်မှာပဲဆိုပေမယ့် ရေချိုး မနက်စာစားပြီး Working Hour အစမှာ စိတ်ကြည်ကြည်လင်လင် စ နိုင်အောင် အလုပ်ချိန်မတိုင်ခင် စောထသင့်ပါတယ်။
နောက်ဆုံးတစ်ချက် Work From Home journey အစမှာ ကျွန်မအတွက် အရေးအကြီးဆုံးက အလုပ်ချိန်ကို ကိုယ့်မိသားစုတွေ သိအောင်ပြောပြထားတာပါ။ ခွင့်ယူထားတာမဟုတ်ပဲ အလုပ်ချိန်အတိုင်း အလုပ်လုပ်ရတာပါလို့ ပြောပြဖို့ပါ… မဟုတ်ရင် ကျွန်မမိသားစုဆို ပိတ်ရက်လို စနေ၊တနင်္ဂနွေလိုမျိုးမှာ အောက်ထပ်က လှမ်းခေါ်တာ၊ မုန့်ကျွေးတာ၊ ဘုရားဆွမ်းတော်ကပ်ခိုင်းတာ မျိုးစုံ လာပါတယ်… အလုပ်များတဲ့အချိန်မှာ အဲ့လိုပိစိပိစိလေးတွေက တကယ့်ကို Distraction ပါပဲ.. အဲဒါကြောင့် ကြိုပြောပြထားတာကောင်းပါတယ်။
ကိုယ်က မိသားစုကို အကြီးကြီးတွေပြောပြီး ကိုယ်တိုင်က မှောက်လိုက် လှန်လိုက် TV ကြည့်လိုက် မုန့်ဆင်းစားလိုက်လဲ လုပ်လို့မရပါဘူး… ကိုယ့်စကား အရာမဝင်ရင် နေ့တိုင်း အလုပ်ချိန်မှာ တသီးတသန့်ဖြစ်တော့မှာ မဟုတ်ပါဘူး။ အဲ့တော့ ကိုယ်ကိုယ်တိုင်လဲ ထမင်းဆင်းစားချိန်ကလွဲလို့ အခန်းထဲကမထွက်ပဲ လုပ်စရာရှိတာ ထိုင်လုပ်.. ညောင်းရင်တောင် အခန်းထဲနဲ့ Toilet ဘက်ပဲ လမ်းလျှောက်ဖြစ်အောင် ကြိုးစားပါတယ်.. အဲလို အလုပ်ချိန်အတိုင်း Serious ထားတော့ အိမ်ကလူတွေလဲ ကိုယ်ရုံးသွားနေသလိုကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပါတယ်။
ကျွန်မအတွက်တော့ အလုပ်ချိန်မှာ မိသားစုနဲ့ နည်းနည်း ခွါခွါနေတာက Effective Work From Home ဖြစ်ဖို့မှာ ရာခိုင်နှုန်းတော်တော်များများကို အရေးပါတာပါ။ ကျောင်းတတ်တုန်းက အိမ်မှာ အိပ်ခန်းကိုယ်ပိုင်မရသေးတော့ စာလုပ်ရင် ညသန်းခေါင်လုပ်ရင်လုပ်၊ မဟုတ်ရင် Library သွားလုပ်လေ့ရှိသူမို့ Focus ပျောက်မယ့် Distractions မျိုးက ကျွန်မအတွက် ရန်သူလိုပါပဲ... ရုံးမှာတောင် နည်းနည်းဆူညံတဲ့ နေ့လည်ခင်းမျိုးဆို Meeting ခန်းထဲ ပြေးဝင်ပြီး အလုပ်လုပ်တဲ့သူမျိုးမို့ ဒီကိစ္စကို Serious ဖြစ်တာလည်း ပါပါတယ်။
ဒီအချက်တွေက ဘယ်အလုပ်မဆို Work From Home ကြရင် လိုတဲ့ အခြေခံလေးတွေ ဖြစ်မယ်ထင်ပါတယ်။ ကိုယ့်အလုပ်ပေါ်မူတည်ပြီး လိုမယ့် Special Tools တွေ၊ Rules တွေကတော့ သပ်သပ်ရှိဦးမှာပါ။
အဓိကကတော့ Work From Home ကာလမှာ ကိုယ်ကိုယ်တိုင် အလုပ်ကို အာရုံစိုက်ပြီး လုပ်လို့ရမယ့် အနေအထားလေး ဖန်တီးနိုင်ဖို့ပါပဲ။ ရေရှည် Freelance (သို့) Remote Worker လုပ်ဖို့ စိတ်ကူးရှိရင်လည်း ဒီကာလကို ကိုယ့်အတွက် အကောင်းဆုံး Test Phase အဖြစ် သုံးကြည့်နိုင်ပါသေးတယ်။
Follow us on Facebook and Linkedin for latest updates.

Comments