Skip to main content

၅ မိနစ်စာ Product Management

ကျွန်တော် Product Management Career ကိုစဝင်တော့ အမေးများဆုံးက “Product Manager ကဘာလဲ” ဆိုတာပါပဲ။ အဲ့ဒီ Product Manager ဘာလဲ ဆိုတာကို ProductBaze ရဲ့ Blog တွေ စရေးတည်းကရေးဖြစ်သလို ခုနောက်ပိုင်း ကျွန်တော်တို့ရဲ့ Course တွေ၊ Podcast တွေထဲမှာ အမြဲတမ်းထည့်ပြောရလေ့ရှိတယ်။ ပြန်ဖတ်ချင်တဲ့သူတွေအတွက် ဒီ ဆောင်းပါးတွေမှာ ဖတ်နိုင်ပါတယ်။
ဒီတစ်ခေါက်ဆောင်းပါးမှာတော့ ဒုတိယ အမေးအများဆုံးဖြစ်တဲ့ “Product Management ကို ဘယ်လိုလုပ်တာလဲ” ဆိုတာကို ဝေမျှပေးချင်ပါတယ်။ စာဖတ်သူတို့လည်း မပျင်းရအောင် Product Management ဘယ်လိုလုပ်ကြမလဲကို ၅ မိနစ်စာအကျဉ်းချုပ်ပြီး ပြောပြပါမယ်။


Product Manager တစ်ယောက်အနေနဲ့ အလုပ်စလုပ်ပြီဆိုပါစို့။

အရင်ဆုံး မိမိ Product ကို သိဖို့ အရင်ကြိုးစားရပါတယ်။ ပထမဆုံး မိမိ Product တွေကို Breakdown (ခွဲခြား) ပြီး လေ့လာရပါတယ်။ ဥပမာ - Customer သုံးတဲ့ Mobile App ကတစ်ခု၊ Operations သုံးတဲ့ System ကတစ်ခုစသဖြင့်ပေါ့။ ဒီ Platform (သို့မဟုတ်) Product တွေကို ကိုယ်ကိုယ်တိုင် စမ်းကြည့်၊ သုံးကြည့်ရပါမယ်။

Product တွေကို ကောင်းကောင်း လေ့လာပြီးတဲ့အခါမှာတော့ နောက်တစ်ဆင့်အနေနဲ့ Product Roadmap တည်ဆောက်ဖို့ပါ။ Product Roadmap ဆိုတာ Planning လုပ်တာပါပဲ။ ကိုယ့် Product ကို အောင်မြင်ချင်ရင် Plan ဆွဲပြီး Strategy သေသေချာချာချတာ အကောင်းဆုံးပါပဲ။ Product Roadmap ဆွဲနည်းများစွာရှိပါတယ်။ ကျွန်တော်ကတော့ “Now-Next-Later” Roadmap ကို သုံးတာများပါတယ်။ Roadmap တစ်ခုထဲမှာ ထည့်မယ်ဆိုရင် –
  1. အဓိက Core Features (သင့် Business က အဓိက Service ပေးတဲ့ Features များ)
  2. Strategic Features (သင့် Product ကို ပိုမိုကောင်းစေမယ့် Features များ (ဝင်ငေွအရရော၊ ပြိုင်ဖက်အရရော)
  3. Quality Features (သင့် Product မှာရှိတဲ့ ပြုပြင်သင့်တဲ့ Features များ (Error တွေ၊ Technical Debt တွေ) 
ဆိုပြီး Group သုံးခု ခွဲပါတယ်။
အဲ့တော့ Feature Request တွေလာရင် ဒီ Group တစ်ခုခု ထဲကို ပြေးပြီးထည့်ပါတယ်။ ဒီလိုထည့်တာက Strategy ကျကျစဉ်းစားတဲ့အခါ အထောက်အကူပြုဖို့ပါ။

မေးခွန်းက ဒီ Roadmap ထဲထည့်မဲ့ Features တွေက ဘယ်ကလာမှာလဲပေါ့… ဒါက တတိယတဆင့်ဖြစ်ပါတယ်။ Features Request တွေကို Record လုပ်ရမယ့် အဆင့်ပါ။ Feature Request တွေက နေရာပေါင်းစုံကလာနိုင်ပါတယ်။ Customer တွေဆီက လာနိုင်သလို၊ Internal (Department ပေါင်းစုံ) ကလည်းလာနိုင်ပါတယ်။ Product Manager တစ်ယောက်အနေနဲ့ အဲ့ Feature Request တွေကို Filter လုပ်ပြီး Record လုပ်ရပါတယ်။ Customer ဆီက Feature Request လာရင် အဲ့ Feature က Customer ဘယ်နယောက်ကြုံတွေ့နေရတာလဲဆိုပြီး လေ့လာပါတယ်။ Customer များများ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို Feature Request အဖြစ် Record လုပ်ပါတယ်။ Internal ကလာရင်တော့ Request လုပ်တဲ့ Department Goal ပေါ်မူတည်ပြီး Feature Request တွေကို Record လုပ်ရပါတယ်။ ဥပမာ...ဒီ Request က သူတို့ရဲ့ Day-to-day အလုပ်တွေကို Blocker ဖြစ်စေလား၊ Work-around Solution ရော ရှိလားဆိုပြီး ချင့်ချိန်ရပါတယ်။

ဖြေရှင်းသင့်တဲ့ Features တွေ ရှိလာပြီဆိုရင်တော့ နောက်တဆင့်အနေနဲ့ Prioritize လုပ်ရပါတယ်။ Product Manager တစ်ယောက်အနေနဲ့ အရေးကြီးဆုံးအဆင့်ထဲက တစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဘယ်လို Prioritize လုပ်ကြလဲဆိုတာကိုတော့ Feature Prioritization ဆောင်းပါး မှာ လေ့လာနိုင်ပါတယ်။

နောက်တစ်ဆင့်ကတော့ မိမိ Product Roadmap ကို Company က Stakeholder တွေ Present လုပ်ပြရပါတယ်။ မိမိ Product Roadmap ကသူတို့ရဲ့ Expectation နဲ့ သွားချင်တဲ့ Business Goal နဲ့ Align ဖြစ်ရဲ့လားဆိုတာကို အကျိတ်အနယ်ဆွေးနွေးကြပါတယ်။ နောက်ဆုံးမှာ မိမိ ဆက်သွားနိုင်တဲ့ Product Roadmap ရပါပြီ။ ဒီထိဆို Product Management ရဲ့ လုပ်ငန်းဆောင်တာက 50%ပြီးပြီ ပြောလို့ရပါတယ်။

နောက် 50% ရဲ့ အစကတော့ Development လုပ်ဖို့ Ready Stage လုပ်ရတာပါ။ ဆိုလိုတာက Roadmap ထဲက Features တွေကို Development Team နဲ့ ဆက်ဆွေး‌နွေးဖို့ User Stories တွေ၊ Epics တွေ၊ PRD တွေအဖြစ်ပြောင်းလဲရပါတယ်။ Documentation လုပ်တာပေါ့။

ပြီးပြီဆိုရင် Development Team နဲ့ထိုင်၊ Priortize လုပ်ထားတဲ့ Product Roadmap ကိုပြ၊ ပြီးရင် သူတို့ နဲ့အတူ Sprint Planningလုပ်ရပါတယ်။ ဘယ် Sprint မှာ ဘာကိုထည့်လို့ရတယ်၊ ဘယ်လို ခွဲလို့ရတယ်ဆိုတာတွေကို အသေးစိတ်ဆွေး‌နွေးရပါတယ်။ Roadmap က General Overview ဆိုရင် Sprint Planning က Detailed Overview ပါ။

Sprint Planning ကိုတော့ ဒီအချက်တွေကို ကြည့်ပြီး ဒီ Sprint ထဲမှာ ထည့်သင့် မထည့်သင့် ဆုံးဖြတ်ကြလေ့ရှိပါတယ်။
  1. User က Block ဖြစ်နေပြီလား။
  2. Issue or Feature က Impact ကြီးနိုင်လား။
  3. Develop လုပ်ဖို့ အချိန်ကြာကြယူနိုင်လား ဆိုပြီး ခွဲကြပါတယ်။
Develop လုပ်နေတဲ့ အချိန်မှာ Product Manager အနေနဲ့ Sprint / Product Status ကို Communicate လုပ်ရပါတယ်။ Communication က Product Manager အတွက်တော့ အရမ်းအရေးကြီးပါတယ်။ ဖြစ်နိုင်ရင် Monthly သို့မဟုတ် Bi-weekly Meeting တွေကို Feature Owner တွေ၊ Executives တွေနဲ့အတူ Keep Informed လုပ်သင့်ပါတယ်။ ဒီနေရာမှာ Product Manager တစ်ယောက်အနေနဲ့ နောက်တစ်ခု Involve လုပ်ရတာကတော့ Release Plan or Go-To-Market Plan ပါ။

အဲ့ဒါတွေ အားလုံးပြီးသွားရင် နောက်ဆုံးအဆင့်အနေနဲ့ Post Release ကို Catch-Up လုပ်ရတာပါပဲ။ ဒီနေရာမှာအသက်ကတော့ Data (Qualitative + Quantitative) တွေနဲ့ Feature က ကောင်းကောင်းအလုပ်လုပ်နေလားဆိုတာကို ဆန်းစစ်ရတာပါ။ Executive Management ကို Powerpoint ဖြစ်ဖြစ် Present ပြ၊ Team Training လုပ်ရမယ်ဆို User Guide တွေလုပ်၊ Internal Announcment လုပ်ရမယ်ဆိုရင် Release Email ရေး၊ နောက် Feature Improvement တွေရှိရင် Documentation ထဲထည့် စသဖြင့် လုပ်ရပါတယ်။ အဓိကကတော့ Everything Under Controll ဖြစ်နေဖို့ပါ။

ဒါတွေက Product Management ဘယ်လိုလုပ်ကြလဲဆိုတာကို အကျဉ်းချုပ်ဖော်ပြပေးထားတာပါ။ တတ်နိုင်သလောက် ချုံငုံရေးထားတာမို့ နည်းနည်းတော့ များနေပါလိမ့်မယ်။ ဒါအကုန်ပဲလားဆိုရင် မဟုတ်သေးပါဘူး။ Design ပိုင်းတွေ၊ Data Analysis ပိုင်းတွေ၊ Customer Interview တွေစသဖြင့် Job ပေါ်မူတည်ပြီး ပါဝင်ရတာတွေလည်းရှိပါတယ်။ ကျွန်တော်ဖော်ပြထားတဲ့ အဆင့်တွေကိုလေ့လာကြည့်ရင် Product Management ဘယ်လိုလုပ်လဲဆိုတာကို တီးခေါက်မိမယ်ထင်ပါတယ်။ ထပ်ပြီး ဖတ်ရှုချင်သေးရင်တော့ ProductBaze ကို Follow လုပ်ထားဖို့လည်း Request လုပ်ပါတယ်။ ProductBaze မှာ Product နဲ့ Business ပိုင်းဆိုင်ရာတွေကို Blog၊ AudioBook၊ Course၊ Webinar တွေလုပ်ပြီးဝေမျှလေ့ရှိပါတယ်။

ဖတ်ပေးတဲ့အတွက်....ကျေးဇူးတင်ပါတယ်။
----


နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

Comments

  1. Hello Ko Pyay Thar, could you please share about the sprint burn down chart?

    ReplyDelete

Post a Comment

Popular Posts

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။ ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ် ။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။ Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1,