Skip to main content

Strategy သမားအတွက် SWOT Analysis က အသုံးဝင်ရဲ့လား

SWOT Analysis ဘာကြောင့်လုပ်ကြတာလဲ။

Company တစ်ခု Market ထဲမှာ ကောင်းကောင်း ရပ်တည်နိုင်ဖို့၊ Market ထဲမှာ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘာတွေလဲဆိုတာသိဖို့ SWOT Analysis ကိုလုပ်ကြလေ့ရှိတယ်။

ကိုယ့်အကြောင်း ကိုယ်သိသွားရင်တော့ Competitor တွေထက် မိမိကောင်းကွက်တွေကို ပိုအသုံးချနိုင်မယ်၊ ကိုယ်မမြင်မိတဲ့ ဆိုးကွက်တွေ၊ ပြုပြင်သင့်တဲ့ အရာတွေကို မြန်မြန်ဖယ်ရှားနိုင်မယ်။ ပြီးရင် ကိုယ့်ထုတ်တဲ့ Product ပဲဖြစ်ဖြစ်၊ ကိုယ်ရောင်းတဲ့ Service ပဲဖြစ်ဖြစ်ကို Customer တွေ တကယ်ဝယ်အောင် လုပ်ဆောင်နိုင်ပြီး Market ထဲမှာ Failure ဖြစ်ဖို့ Chance လည်း နည်းသွားနိုင်တယ်။


SWOT Analylsis ကို Industry အကြောင်း၊ တခြား Company အကြောင်း၊ Product တွေအကြောင်း၊ လူတွေ၊ Policy တွေအကြောင်းလေ့လာတဲ့အခါ အတွင်းကျကျ ပိုမိုသိရှိနိုင်ဖို့ အသုံးပြုကြပါတယ်။ 

အဲ့တော့ SWOT ကို လေ့လာကြအောင် –
S = Strength
W = Weakness
O = Opportunity
T = Threat

SWOT လေးခုမှာ – Strength နဲ့ Weakness က Internal (Company အတွင်း environment) အကြောင်း လေ့လာတာဖြစ်ပြီး၊ Opportunity နဲ့ Threat က External (Company ပြင်ပ environment) အကြောင်းလေ့လာတာဖြစ်တယ်။

SWOT Analysis လုပ်ရင် ကိုယ့်ရဲ့ Strength နဲ့ Weakness ကို Visualize လုပ်နိုင်မယ်၊ ပြီးတော့ ဖြစ်လာနိုင်တဲ့ Opportunity တွေ၊ Threat တွေကို မြင်တွေ့လာနိုင်မယ်။

ဒီပုံလေးကို ဥပမာအနေနဲ့ ကြည့်ကြည့်ပါ။


အထက်ပါ ဥပမာလို ကိုယ့် Company၊ ကိုယ့် Product ရဲ့ SWOT Analysis ကို လုပ်ကြည့်ပါ။ လက်တွေ့မှာတော့ S-W-O-T တစ်ကွက်စီမှာ တစ်ချက်ထပ်မက ရှိပါလိမ့်မယ်။ 

SWOT Analysis လုပ်ပြီးရင် ဘာဆက်လုပ်မလဲ?

SWOT Analysis လုပ်ဆောင်ပြီးတဲ့အခါ ကိုယ့် Strategy မှာ Apply လုပ်လို့ရမယ့် Action Item တွေ ထုတ်လို့ရပါတယ်။
အပေါ်ကဥပမာကို ယူသုံးပြီး Product အသစ်တစ်ခုထုတ်မယ်ဆိုရင် – Product မှာ Technology အသစ်တွေ Apply လုပ်ပြီး Customer တွေကို အကောင်းဆုံးနဲ့ထိထိရောက်ရောက် ဝန်ဆောင်မှုပေးမယ်၊ Brand ကို လူသိများတော့ ကိုယ့် Customer တွေကနေ Referral Marketing လိုမျိုး သုံးပြီး Customer အသစ်တွေဆီ အရောက်ပို့မယ်။ တဖက်မှာ ပြင်ဆင်သင့်တာက Cost Structure မြင့်နေခြင်းဖြစ်တယ်၊ အဲ့တော စျေးလျှော့သင့်ရင်လျှော့.. မဟုတ်လည်း တခြား စျေးသက်သာတဲ့ Product Package Option တွေပေးမယ်။

ကိုယ်နဲ့ ယှဉ်နိုင်တဲ့ Competitor တွေကို မျက်ခြေမပျတ် စောင့်ကြည့်မယ်။ သူတို့ Insight တွေကနေ Cash Burn လုပ်ရင် လုပ်၊ Technology Upgade လုပ်ရင်လုပ်၊ Cost ကို Compete လုပ်ရင်လုပ် စသဖြင့် Action ယူမယ်ပေါ့။

ဒါကတော့ လွယ်ကူတဲ့ SWOT Analysis ကိုသုံးပြီး ကိုယ့် Company (သို့) Product ရဲ့ Strategy ဘယ်လိုချနိုင်မလဲဆိုတာ ရှင်းပြသွားတာပါ။
SWOT နဲ့တင်အားမရသေးရင်လည်း တခြား Framework တွေဖြစ်တဲ့ PESTLE Analysis နဲ့ 5 Forces Model တို့ကို ဆက်သုံးနိုင်သေးတယ်။ အဓိကက ကိုယ့်ရဲ့ End Goal ပေါ်မူတည်ပြီး အဆင်ပြေသလို Framework တွေကို Apply လုပ်သွားနိုင်ဖို့ ဖြစ်ပါတယ်။

----

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

Comments

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ