Skip to main content

၂၀၂၀ မှာ Product Management ဘာလို့ လေ့လာလိုက်စားသင့်လဲ

၂၀၂၀ မှာ Product Management ဆိုတဲ့ ခေါင်းစဥ်က Career စကားဝိုင်းတွေမှာ တော်တော်လေး နေရာယူလာပါတယ်။ Organization တွေကလည်း Technology နဲ့ Business ပိုမိုပေါင်းစည်းပြီး Product ကောင်းတွေထုတ်ဖို့ရာ Product Manager တွေကို ပိုမိုရှာဖွေလာကြတာ တွေ့နိုင်ပါတယ်။ Demand များလာတာကြောင့်လည်း Product Management ကို လေ့လာသင့်လား၊ စောနေသေးလား၊ ကိုယ့်ဝါသနာနဲ့ကိုက်ရဲ့လား၊ စိတ်ဝင်စားစရာကောင်းလား စသဖြင့် သိချင်တဲ့သူတွေ တိုးပွါးလာပါတယ်။

ဒါကြောင့် ဒီဆောင်းပါးမှာ –
  • 2020 မှာ Product Management ကို လေ့လာလိုက်စားသင့်တဲ့ ပညာရပ်လား?
  • Entrepreneurial Mindset ရှိတဲ့လူငယ်တွေ Product Management ကို လေ့လာသင့်လား?
  • အကယ်၍ လေ့လာလိုက်စားသင့်တယ်ဆိုရင် ဘာတွေကြောင့်ဖြစ်မလဲ?
စတာတွေနဲ့ပတ်သက်ပြီး ဝေမျှလိုပါတယ်။


အရင်ဆုံး Product Management အကြောင်းကို ပြောပြပါမယ်။ Product Management ဆိုတာ Product Design, Product Development ကနေ Product Launch အထိ စ-လယ်-ဆုံး ပါဝင်ပြီး Product ကို အောင်မြင်အောင် ထုတ်လုပ်ရတဲ့ လုပ်ငန်းစဥ်ဖြစ်ပါတယ်။

Product နဲ့ဆက်နွယ်နေတဲ့ Business, Tech (Development Team), UX (Customers) တို့ရဲ့အလယ်ကနေ အချိတ်အဆက်မိမိနဲ့ Product ကို အောင်မြင်မှုပန်းတိုင်ဆီရောက်အောင် ပို့ပေးရတဲ့အလုပ်လည်းဖြစ်ပါတယ်။

ဥပမာ… Business အနေနဲ့ Food Delivery တစ်ခုလုပ်ချင်တယ်။ Tech က သူတို့ Delivery App တစ်ခု Develop လုပ်ပေးမယ်။ UX က Customer တွေ သုံးလို့အဆင်ပြေအောင် Click အနည်းဆုံးနဲ့ Order မှာလို့ရအောင် Product Design ဆွဲပေးမယ်ပေါ့။ ဒီအခါ Product Management ရဲ့ အခန်းကဏ္ဍက အဲဒီ Business, Tech, UX တို့ရဲ့ Focus တွေကို Prioritize လုပ်ပြီး Customer တွေအတွက် တကယ်လိုအပ်တဲ့ Product ဖြစ်အောင် တောက်လျှောက် ဦးဆောင်ရသူဖြစ်ပါတယ်။

Product တစ်ခု အောင်မြင်ဖို့ရာ အရေးပါတဲ့ အခန်းကဏ္ဍဖြစ်တဲ့ Product Management က စိတ်ဝင်စားဖို့ကောင်းသလို ရှုထောင့်ပေါင်းစုံက သင်ယူလေ့လာစရာတွေလည်း အများကြီးရှိပါတယ်။ Product Management မှာ အရေးပါတဲ့ Skills တွေက ဘယ် Business မှာမဆို မရှိမဖြစ်လိုအပ်တဲ့၊ အသုံးဝင်တဲ့ Skills တွေလည်း ဖြစ်ပါတယ်။ ဥပမာ –
  • Product Strategy
  • Product Design
  • Value Proposition
  • Data Analysis
  • Product Life Cycles စတဲ့ အပိုင်းတွေပါ။
Product Managment မှာ လိုအပ်တဲ့ Soft skills တွေဘက်ကို ပြောရရင် – လူအများနဲ့ နေ့စဥ်အလုပ်လုပ်ပြီး “Getting things done” ဖြစ်စေဖို့ Leadership skill ကို ပြုစုပျိုးထောင်ရပါတယ်။ Internal ရော၊ External ရော အဖက်ဖက်နဲ့ Communicate လုပ်ရတာမို့ Communication Skill ကလည်း အရေးကြီးပါတယ်။ နေ့စဉ်ကြုံရမယ့် Problem တွေအတွက် အထိရောက်ဆုံး၊ effort အနည်းဆုံး၊ အကောင်းဆုံး၊ အမြန်ဆုံးဆိုတဲ့ solution တွေကို အချိန်မဆိုင်းပဲ ပေးရတာမို့ Problem Solving Skill ကိုလည်း ပိုကောင်းအောင် လေ့လာရပါတယ်။

Product Management မှာ Feature တွေ၊ Task တွေ၊ Problem တွေကို ဘာက ကိုယ့် Product အတွက် အရေးကြီးဆုံးလဲ ဆုံးဖြတ်တဲ့ Prioritization ကလည်း အဓိကတာဝန်တစ်ခုဖြစ်ပါတယ်။ ကိုယ့် Customer အတွက် အရေးကြီးတဲ့ အရာတွေကို Product ထဲ ထည့်ဖို့၊ မလိုအပ်တဲ့ အရာတွေကို ဖယ်ထုတ်ဖို့၊ မထည့်သင့်တဲ့ Request တွေကို ငြင်းဆိုဖို့တွေက Product Management လုပ်ငန်းစဥ်တွေထဲမှာ မပါမဖြစ်တွေပါ။

ဒီ Skills တွေ၊ Knowledge တွေရှိခြင်းက Product Leader ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ Business Owner ကောင်းတစ်ယောက်ဖြစ်ဖို့ ကောင်းကောင်းအထောက်အကူပြုနိုင်ပါတယ်။ ကိုယ့် ကိုယ်ပိုင် Product ထုတ်လုပ်ဖို့၊ Startup တစ်ခု စတင်ဖို့ရာလည်း အတွေ့အကြုံတွေအများကြီးကို ဒီ Career ကနေ ရရှိနိုင်လို့ဖြစ်ပါတယ်။

နောက်တစ်ချက်က Product Management Career က ကိုယ်စိတ်ဝင်စားတဲ့ Industry တွေကို ဝင်ရောက်ဖို့၊ တစ်ခုကနေ တစ်ခုကူးပြောင်းဖို့ အခွင့်အလမ်းတွေ ရနိုင်ပါတယ်။ ဥပမာ – ကိုယ်က Fintech (Financial Technology) အတွေ့အကြုံပဲရှိခဲ့ပေမယ့် Edtech (Education Technology) နယ်ပယ်ကို ကူးပြောင်းတာမျိုးပါ။ ရောက်တဲ့ နေရာအသစ်၊ Industry အသစ်မှာ Challenge တွေကိုရင်ဆိုင်ဖို့၊ Customers တွေကို အကောင်းဆုံးပံ့ပိုးဖို့ရာ ကိုယ်ရောက်တဲ့ Industry ရဲ့ Industry Knowledge ကို အမြဲမပြတ်လေ့လာနေဖို့တော့ လိုတာပေ့ါ။ ဒါတွေကြောင့် Product Management က Endless Learning Opportunities ကိုလည်း ရပါသေးတယ်။


ခြုံငုံပြောရရင် Product Management Career က တစ်ချိန်မှာ ကိုယ်ပိုင် Startup လုပ်ချင်သူတွေ၊ ကိုယ့် Product ကို ထုတ်လုပ်ချင်သူတွေအတွက် လက်တွေ့အသုံးတည့်တဲ့ Career ဖြစ်သလို၊ Business အပိုင်း၊ Strategy အပိုင်းကို သိနားလည်ထားရသူဖြစ်တာကြောင့် Company ကြီးတွေရဲ့ Top Management ကို တက်လှမ်းချင်တဲ့ Career သမားတွေအတွက်လည်း သင့်တော်တယ်လို့ အများက လက်ခံထားကြပါတယ်။

ဒီအချက်တွေက 2020 မှာ Product Management က Career ခိုင်မာတဲ့ စိတ်လှုပ်ရှားစရာကောင်းပြီး လေ့လာလိုက်စားသင့်တဲ့ ပညာရပ်တစ်ခုဖြစ်တယ်ဆိုတာကို ပြသနေပါတယ်။

------

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

Comments

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ