Skip to main content

လူငယ်မန်နေဂျာတစ်ယောက်ရဲ့ အကျပ်အတည်းများ (Letter to My Younger Self)



Hey...သူငယ်ချင်း…
မင်းစိတ်ထဲရှိတာတွေ၊​ ရင်ဖွင့်ချင်တာတွေ ငါနားလည်ပါတယ်…

မင်းကို လူတွေက အသက်မေးမယ်၊ ပြီးရင် ငယ်သေးတယ်၊ အတွေ့အကြုံမရှိဘူး အထင်နဲ့
မင်းလုပ်ချင်တာတွေ၊ ဖြစ်သင့်တာတွေ အကြံပေးရင် လျစ်လျူရှုမယ်၊ မင်းဘာပဲပြောပြော နားမထောင်ဘဲ… ဒီကောင် ငယ်သေးလို့ အတွေ့အကြုံနုသေးလို့ သွေးရူးသွေးတန်း ပြောနေသေးတာပဲလို့ ယူဆကြလိမ့်မယ်....


ငါသိတာပေ့ါ...
မင်းက မန်နေဂျာကောင်းတစ်ယောက်သာ မဟုတ်ဘဲ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ ဖြစ်အောင်ကြိုးစားနေတယ်ဆိုတာ၊ မင်းရဲ့ အသံကို ဂရုတစိုက် နားထောင်တဲ့သူတွေကို မင်းလိုလားနေတယ်ဆိုတာ။

ဒါပေမယ့် တကယ့် လက်တွေ့က အဲ့ထက်ခါးနိုင်တယ်…

၁။ မင်းလုပ်ရပ်တွေကို ဘယ်တော့မှ အပြည့်ယုံမှာ မဟုတ်ဘူး။
မင်းက လူငယ် ခြေသွက်တစ်ယောက်... မင်း Company ကို မင်း Contribute ကောင်းကောင်း လုပ်နေတယ်။ အလုပ်ဆိုလည်း သူများ ၂ ရက်လုပ်ရတာကို မင်းက ၂ နာရီနဲ့လုပ်နိုင်မယ်။ ဒါပေမယ့် မင်းကို အမြဲတမ်း Doubt ဖြစ်မယ့်လူတွေ ဝိုင်းနေလိမ့်မယ်။ မင်း Boss မှမဟုတ်ဘူး...မင်း လုပ်ဖော်ကိုင်ဖက်တွေက အစ။ ဘာကြောင့်လဲ? မင်းက ငယ်သေးတယ်၊ မင်းထက်ကြီးတဲ့ လူတွေက မင်းကို Report လုပ်ရရင် ဘဝင်မကျတာတွေ ရှိကောင်းရှိလိမ့်မယ်။ တစ်ဘက်မှာလည်း မင်း Boss က မင်းကို အထိန်းအကွပ်တော့လိုဦးမယ်ဆိုပြီး မယုံကြည်သေးဘဲ Micromanagement တွေလိုက်လုပ်လိမ့်မယ်။
အကောင်းဆုံးက မင်း Boss နဲ့ သေချာထိုင်၊ သူလိုချင်တဲ့ Result ကိုမေး၊ မင်းလိုချင်တာတွေတောင်း၊ ပြီးရင် ကတိအတိုင်းရအောင်လုပ်ပေးကြည့်။ သူ့ကို အမြဲ စကားပြော၊ Catch-up လုပ်။ မင်း Team Member တွေကို အမြဲတမ်း Task တစ်ခုချင်းရဲ့ လုပ်ရခြင်း “Why Reason” ကိုရှင်းပြ။ သူတို့နဲ့ အချိန်ဖြုန်း၊ အခက်အခဲတွေကို နားထောင်ပေး။ “Teamwork makes the dream works” ဖြစ်အောင်လမ်းပြကြည့်။ ဒါဆို တဖြေးဖြေးနဲ့ Boss ကလည်း ကိုယ့်အပေါ်ယုံကြည်လာမယ်၊ မင်း Team ကလည်း မင်းအပေါ် Faith ရှိလာလိမ့်မယ်။

၂။ မင်းမှာ အတွေ့အကြုံ မဝဘူးလို့ အများစုက ထင်လိမ့်မယ်။
ပြန်ပြောမယ်… မင်းအသက်က ငယ်သေးတယ်။ မင်းမှာ လုပ်သက် အတွေ့အကြုံ မဝသေးဘူးလို့ ထင်နေလိမ့်မယ်။ မင်းပြောတာတွေ အရာမဝင်ဖြစ်နေမယ်။ အားမလိုအားမရ ဖြစ်နေလိမ့်မယ်။ မင်းဘာလုပ်မလဲ သူငယ်ချင်း။ လွတ်လပ်ရေးတောင် တိုက်ယူမှ ရတာလို့ ငါတို့ ငယ်ငယ်တုန်းက ပြောခဲ့ကြတာပဲ၊ မင်းလည်း မင်းလွတ်လပ်ရေးကို တိုက်ယူရမှာပဲ။
မင်းကို မယုံသေးဘူးမဟုတ်လား… သူတို့ ရှေ့မှာလုပ်ပြကြည့်၊ မခံလိုစိတ်ကို အရင်းခံ… အမုန်းစိတ်မပွားပဲ မေတ္တာစိတ်မွေးပြီး အလုပ်နဲ့သက်သေပြ။ သူတို့ မင်း လုပ်နိုင်ကိုင်နိုင်တာ မြင်လာရင် အခက်အခဲဖြစ်တိုင်း မင်းကို လာရှာလိမ့်မယ်။ ဒီနေရာမှာ တစ်ခုထပ်ပြောချင်တာက… မင်းကို အမြင်သေးတဲ့လူတွေဆီက သင်ယူဖို့ လည်း မမေ့နဲ့။ မင်းမှာ မရှိပဲ သူတို့မှာရှိတဲ့ အတွေ့အကြုံတွေကို ရအောင်ယူတတ်ဖို့ပဲ။ မင်းအတွက် အများကြီး အကျိုးရှိလိမ့်မယ်။ အဲ့ဒါတွေရဖို့ ရိုကြိုးဖို့တော့ လိုတာပေါ့။

၃။ မင်း နေ့စဥ်အလုပ်တွေမှာပဲ မျောမနေနဲ့။
မင်းလုပ်နိုင်တာတော့သိတယ်။ ဒါပေမယ့် မင်းယူထားတဲ့ ရာထူးကိုလည်း ပြန်ကြည့်ဖို့ မမေ့နဲ့။ မင်းက မန်နေဂျာတစ်ယောက်ဖြစ်နေပြီ။​ မန်နေဂျာဆိုတဲ့အတိုင်း မင်းက Manage လုပ်ရုံတင်မက၊ Lead ပါလုပ်ရမယ်။ မင်း နေ့စဥ် Tasks တွေကိုပဲ နေ့ပျောက်ညပျောက် ဝင်လုပ်နေရင် မင်းမန်နေဂျာကောင်းတစ်ယောက်ဖြစ်လာဖို့ Chance နည်းသွားလိမ့်မယ်။ အဲ့တာကိုပြင်၊ တစ်ယောက်ထဲ အလုပ်လုပ်ပုံကို လျှော့၊ “You are the Support, They are the Superstars”... Delegate များများလုပ်။ Team ရဲ့ Vision ကို Company ရဲ့ Vision နဲ့ အံဝင်အောင်ကြိုးစားပေး။ အမြဲတမ်း အသစ်အသစ်တွေကို နားဆွင့်၊ သင်ယူ။ လူတွေကို မြင်တာတွေ ကြားတာတွေ Share ပေး။ Work Smart...Don’t Work Hard!

၄။ Work-Life Balance ကိုလည်း မမေ့နဲ့ သူငယ်ချင်း
မင်းမှာ အချိန်တွေအများကြီး ရှိတယ် ထင်နေလိမ့်မယ်။ ဒါကြောင့် Career တက်လမ်းအတွက် မင်း အလုပ်မှ အလုပ်ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ Get A Life သူငယ်ချင်း။ အလုပ်နဲ့ ကိုယ်ပိုင်ဘဝကို မရောလိုက်နဲ့။ မင်း အလုပ်ကို Full Commitment ပေးသလို မင်း Personal Life ကို လည်း Commitment ပေးရလိမ့်မယ်။ မင်းအတွက် အချိန်တွေ အများကြီး ကျန်သေးတယ်။ အဲ့ အချိန်တွေမှာ Long-term Run နိုင်ဖို့ မင်း Work-Life Balance လေးတော့လိုမယ်။ အခွင့်ရတုန်း မင်း ကိုယ်မင်း ဂရုစိုက်။ ကျန်းမာအောင်နေ၊ မိသားစုကို အချိန်ပေးဖို့ မမေ့နဲ့၊ အလုပ်အပြင် တခြား စိတ်ဝင်စားတာတွေရှိရင် Try ကြည့်ဖို့ မမေ့နဲ့။ နောက်ပိုင်း ပိုအလုပ်ရှုပ်လာရင် မင်းဒါတွေလုပ်နိုင်တော့မှာမဟုတ်ဘူး။ အဲ့တော့ အချိန်ကို ကောင်းကောင်း Manage လုပ်ဖို့ ကြိုးစား၊ နောင်မှ နောင်တမရအောင် အချိန်ရှိခိုက် ကြိုးစားလိုက်… သူငယ်ချင်း။

၅။ Burnout မဖြစ်အောင်နေ
မင်းကြိုးစားလေ… မဖြစ်နိုင်တာသေချာလာလေ… မင်း Burnout ဖြစ်ဖို့ Chance ပိုများလာလေပဲ။ ကိုယ်လိုချင်တဲ့အတိုင်း မဖြစ်တော့လည်း ဘာဖြစ်လဲ၊ မင်းဘဝ ပျက်သွားတာမှမဟုတ်ဘဲ။ အောင်မြင်တဲ့လူတိုင်း ကျရှုံးပြီးမှ အောင်မြင်ကြတာပဲ။ Roller Coaster လိုပေါ့ကွာ… တက်လိုက်ကျလိုက်ပဲ။ အဲ့တော့ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်ရင် ကြီးကြီးသေးသေး Celebrate လုပ်။ တခုခု ကျရှုံးရင်လည်း Lesson Learnt အနေနဲ့ မှတ်ထား… ပိုကြိုးစားပေ့ါ...ငါ့ကောင်။

ဒါပေမယ့် တခုအကြံပေးချင်တာက မင်း Toxic Work Enviornment ထဲမှာတော့ အကြာကြီး မနေမိစေနဲ့။ မင်းအတွက်မကောင်းဘူးဆိုရင် ဘယ်သူတွေဘယ်လောက်ပဲ ပြောပါစေ ရွှေ့ပလိုက်။ သူတို့က မင်းနေရာက ခံစားနိုင်တဲ့ လူတွေမဟုတ်ဘူး။

မင်းအတွက် ပေးချင်တဲ့ Message လေးကတော့ “BE BOLD, BE MORE” ဆိုတဲ့ စကားလေးပဲ... သူငယ်ချင်း...

မင်းအသက်အရွက်ငယ်ငယ်နဲ့ မန်နေဂျာဖြစ်တာကို အားရှိပါးရှိ ဂုဏ်ယူလိုက်စမ်းပါ။ အဲ့တော့ မင်းကို ဒီရာထူးပေးအပ်တဲ့လူတွေကို အပြောနဲ့မဟုတ်ပဲ အလုပ်နဲ့ သက်သေပြ၊ မင်းမှာ Skills ရှိတယ်၊ ကြိုးစားလိုစိတ်ရှိတယ်၊ မခံချင်စိတ်ရှိတယ် ဆိုရင် ကြိုးစားပြလိုက်။ မန်နေဂျာကောင်းတစ်ယောက်ဖြစ်ဖို့က လွယ်တယ်၊ လူတကာ Follow လုပ်တဲ့ ခေါင်းဆောင်ကောင်းဖြစ်ဖို့က ပိုခက်ပါတယ်။ ဘယ်တော့ဖြစ်မှာလဲ ကိုယ့်ဘာသာကိုယ် Doubt ဖြစ်မနေနဲ့… ဖြစ်အောင်ဘယ်လိုလုပ်မလဲပဲ အမြဲစဉ်းစား… သူငယ်ချင်း။

Letter to My Younger Self…

---------

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။


Follow us on Facebook and Linkedin for the latest updates.

Comments

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ