Skip to main content

ခုထိ Product Focused ကုမ္ပဏီမဖြစ်သေးဘူးလား

အရင်ကတော့ Company တွေက ကိုယ့် Business မှာ သုံးမယ့် Website, Mobile App စတာတွေနဲ့ပတ်သက်ရင် Software Development ကိုပဲ အာရုံစိုက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ Development နဲ့တင် မလုံလောက်ဘဲ Product ဘက်ကိုပါ အာရုံစိုက်သင့်တယ်ဆိုတာ သိလာကြပါတယ်။ Product ဘက်ကိုပါ အာရုံစိုက်မှသာ ကိုယ့် Product / Service က Customer ဆီကို ထိထိရောက်ရောက် ပိုမိုရောက်ရှိနိုင်မှာ ဖြစ်လို့ပါ။ ဒါကြောင့် ကိုယ်ပိုင် Product ထုတ်လုပ်တဲ့ Company တွေအနေနဲ့ “ကိုယ်က Product ကို အာရုံစိုက်တဲ့ Company လား”၊ တစ်နည်း “Product Focused Organization ဖြစ်ရဲ့လား” ဆိုတာကို အဖြေရှာကြည့်သင့်ပါတယ်။ ဒီဆောင်းပါးကတော့ အဲဒီမေးခွန်းကို အဖြေရှာဖို့နဲ့၊ ကိုယ့် Company ကို Product Focused Company ဖြစ်လာစေဖို့မှာ အထောက်အကူဖြစ်ပါလိမ့်မယ်။


အရင်ဆုံး Product Focused ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို အရင်ပြောပြပါမယ်။

Product Focused ဆိုတာ ဘာလဲ?
Product Focused ဆိုတာ ကိုယ့်ရဲ့ Product ကို ဘယ်လိုပုံစံထုတ်လုပ်ပြီး Market ထဲထည့်မှာလဲဆိုတာကို အဓိကအာရုံစိုက်တာဖြစ်ပါတယ်။ Market Trend တွေနောက်ကိုလိုက်ပြီး ကိုယ့်ရဲ့ Product က အမျိုးမျိုး ပြောင်းလဲနေတာမျိုးမဟုတ်ဘဲ… Product ရဲ့ Vision တွေ၊ Strategy တွေကို သေချာချမှတ်၊ Product Roadmap တွေဆွဲပြီး Product ကို အကောင်အထည်ဖော်တာမျိုးကို Product Focused လို့ သတ်မှတ်ပါတယ်။ Customer တွေရဲ့ ပြဿနာတွေကို လေ့လာပြီး ပိုကောင်းမယ့် (Customer တွေ / Competitor တွေ မမြင်သေးတဲ့) Innovative Product တွေ ထုတ်ဖို့ အာရုံစိုက်တာမျိုး ဖြစ်ပါတယ်။

Product Focused ဖြစ်ခြင်းက ဘာတွေကောင်းကျိုး ရှိနိုင်လဲ?
Tech Startup တွေမှာ များသောအားဖြင့် နည်းပညာနဲ့ Development ကိုပဲ အာရုံစိုက်နေပြီး Product ကိုဘယ်လိုပုံစံနဲ့ရှေ့ဆက်မလဲ အာရုံမစိုက်မိဖြစ်တတ်ပါတယ်။ အချို့ Company တွေကလည်း ကိုယ့် Competitor တွေ ဘာလုပ်နေလဲကိုပဲ အာရုံစိုက်ပြီး ကိုယ့် Customer ဘာတွေလိုနေလဲကို အာရုံမစိုက်မိဖြစ်တတ်ပါတယ်။ Market Trend နောက်လိုက်တာများပြီး ကိုယ့် Product က ဘယ် User ကို Target ထားမှန်းမသိတဲ့ အစုံသုပ် Product ဖြစ်လာတာမျိုး၊ မလိုဘဲ ဖောင်းပွလာတာမျိုးလဲ ကြုံတွေ့တတ်ကြပါတယ်။ Product Focused ဖြစ်ခြင်းက Product Vision ကို မပျောက်သွားစေဘဲ၊ ကိုယ့် Product ရဲ့ တကယ့် User တွေလိုအပ်ချက်နဲ့ ကိုက်ညီတဲ့၊ User တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ User Centric Product တွေကို ထုတ်လုပ်နိုင်စေပါတယ်။

Product Focused Company ရဲ့ ဥပမာကောင်းကတော့ Apple ပါ။ Apple က Customer တွေကိုယ်တိုင် သူတို့ရဲ့ နေ့စဥ်ဘဝမှာ ဒီလောက်အသုံးဝင်လိမ့်မယ်လို့ မသိခဲ့တဲ့ Product တွေကို ဖန်တီးခဲ့ပါတယ်။ Customer တွေကို ဘာလိုချင်လဲ မမေးဘဲ၊ Customer တွေအတွက် တကယ်လိုအပ်မယ့်​ Product ကို ထုတ်လုပ်ဖို့ Innovative ဖြစ်တဲ့ Product Vision တွေချပြီး အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် Ipod လို, Ipad လို Customers တွေ မမျှော်မှန်းထားခဲ့တဲ့ Product တွေ ထွက်ပေါ်ခဲတာပါ။ ဒါကြောင့် Product Focused ဆိုရင် Apple ကို ပြေးမြင်ကြတာပဲ ဖြစ်ပါတယ်။

Product Focused ရဲ့ ကောင်းကျိုးတွေပြီးတော့ Product Focused Company ဖြစ်ဖို့ ဘာတွေ လုပ်ဆောင်သင့်လဲဆိုတဲ့ အချက်အချို့ကိုလည်း ဝေမျှချင်ပါတယ်။

(1) Product Vision, Strategy and Roadmap
သေချာချမှတ်ထားတဲ့ Innovative ဖြစ်တဲ့ Product Vision, ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွားမယ်ဆိုတဲ့ Product Strategy, အဲဒါတွေကို ကောင်းကောင်းအထောက်အပံ့ပေးတဲ့ Product Roadmap... စတာတွေက Product Focus ဖြစ်စေဖို့ လိုအပ်တဲ့ အရာတွေပါ။ Product Roadmap က Product Focused Company အတွက် North Star (လမ်းပြကြယ်) လို့တောင် တင်စားကြပါတယ်။ Product Roadmap က လိုအပ်တဲ့ အပြောင်းအလဲတွေကို Flexible ဖြစ်သင့်သော်လည်း၊ ချမှတ်ထားတဲ့ Product Vision တွေ, Strategy တွေနဲ့ လမ်းလွဲသွားမယ့် အပြောင်းအလဲတွေကိုတော့ Company နဲ့ Product Team က သေချာ စဥ်းစားဖို့ လိုအပ်ပါတယ်။

(2) Research and Data Analysis
Customer Research, Market Research တွေလုပ်တာ၊ Customer Feedback တွေရယူတာ၊ Product Metrics တွေ ပုံမှန် တိုင်းတာတာ စတဲ့အချက်တွေကလည်း Product Focused ဖြစ်ဖို့ အရေးပါတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ Product Focused ဖြစ်တာကြောင့် Customer တောင်းဆိုတဲ့အတိုင်း၊ Feedback တွေအတိုင်း၊ Market Trend တွေအတိုင်း မကြာခဏ ပြင်ဆင်တာမျိုးတွေထပ်... Research တွေ၊ Data Analysis တွေကနေရတဲ့ Insight ကို သုံးပြီး ကိုယ့် Product Vision နဲ့ Roadmap ကို ပိုကောင်းအောင် ပြုလုပ်ဖို့ဖြစ်ပါတယ်။

(3) Communicate Transparently
Product ရဲ့ Vision က Product နဲ့သက်ဆိုက်တဲ့ Team အားလုံးက လက်ခံထားတဲ့ Shared Vision ဖြစ်ဖို့လိုပြီး… Team တွေကြားမှာ ပွင့်လင်းတဲ့ Communication ရှိဖို့လိုပါတယ်။ ဒါမှသာ Product က ရှေ့ဆက် ဘယ်လိုပုံစံနဲ့ သွားမှာလဲ၊ ဘယ်လို ပြင်ဆင်မှုတွေ ရှိဖို့လိုမလဲ စသဖြင့် သိနိုင်မှပါ။

(4) Invest on Product Management
မိမိကိုယ်ပိုင် Digital Product ကို ထုတ်လုပ်တဲ့ Company တွေအနေနဲ့ Software Company အများနည်းတူ Engineering Management ကိုပဲ အာရုံစိုက်ပြီး၊ Product Management ကို အာရုံမစိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက နည်းပညာနဲ့ Development ကိုပဲ အာရုံစိုက်နေပြီး Product ကို အာရုံမစိုက်တာနဲ့ အတူတူပါပဲ။ Product Focused Company အနေနဲ့… Engineering Team ကောင်းတစ်ခု တည်ဆောက်ဖို့ အရေးကြီးသလို၊ မိမိ Engineering Team က Product ကို တန်ဖိုးထားတဲ့ Cross-Functional Product Team (Developers, UX, Quality Assurance, Business Analyst,...) အဖြစ် ပျိုးထောင်ဖို့၊ Product Management Function ကို အလေးထားဖို့လည်း လိုအပ်ပါတယ်။

Product Focused နဲ့ ပတ်သက်ပြီးကတော့ ဒီလောက်ပါပဲ။ ကိုယ့် Company က Product Focused ဖြစ်ချင်တယ်ဆိုရင် Product Vision နဲ့ Roadmap ကနေစပြီး နည်းနည်းစီ Improve လုပ်ကြည့်သင့်ပါတယ်။
---
နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebookand Linkedin for the latest updates.

Comments

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ