Value Proposition Canvas ဘယ်လိုဆွဲမလဲ

Customers တွေ ဘာကြောင့် Company ရဲ့ Product (သို့) Service ကို သုံးကြတာလဲ? ဒီထပ် Customers များများ သုံးလာအောင် ဘာတွေထပ်လုပ်ရမလဲ? ဒီအချက်တွေက Business တွေ အဓိက စဥ်းစားကြရတဲ့ အရာတွေဖြစ်ပါတယ်။ Customers များများ ဝယ်ဖို့၊ သုံးဖို့ဆိုရင် Customers တွေရဲ့ လိုအပ်ချက်တွေက ကိုယ့် Product ကပေးတဲ့ Feature တွေ၊ ကိုယ့် Business ကပေးတဲ့ Service တွေနဲ့ ကိုက်ညီမှုရှိလားဆိုတာကလည်း အဓိကကျပါတယ်။ Value Proposition က Customer လိုအပ်ချက်နဲ့ ကိုယ့် Product ကပေးတဲ့ Feature တွေ၊ Solution တွေ ကိုက်ညီမှုရှိကြောင်း Customer ကို မြန်မြန်ဆန်ဆန် သိစေဖို့ရာ အထောက်အကူပြုပါတယ်။


Value Proposition
Value Proposition ဆိုတာ Company ဘက်နေ ကိုယ့် Product ကို ဝယ်ရင်၊ သုံးရင် ဘာတွေပေးမှာလဲဆိုတာကို သတ်မှတ်ဖော်ပြတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Customer ဘက်ကနေလည်း ဒီ Product ကိုဝယ်ရင် (Feature သော်လည်းကောင်း၊ Service သော်လည်းကောင်း၊ Experience သော်လည်းကောင်း) ဘာတွေရရှိမှာလဲ ဆိုတာ ရှင်းရှင်းလင်းလင်းကြိုသိနိုင်စေမယ့် ဖော်ပြချက်ဖြစ်ပါတယ်။

Value Proposition မှာ “မိမိ ​Product က ဘာတွေပေးတာလဲ”၊ “ဘာကြောင့် လူတွေသုံးကြမှာလဲ”၊ ”Competitor တွေထပ် ဘာပိုသာတာလဲ” စတာတွေကို သတ်မှတ်ပြီး Customer နားလည်လွယ်အောင် ထိထိရောက်ရောက် ရေးသားဖော်ပြကြပါတယ်။ ထိထိရောက်ရောက် လိုရင်းတိုရှင်းဖော်ပြနိုင်လေ Customer ဆီကို ပေးချင်တဲ့ Product Message က ပိုရောက်နိုင်လေဖြစ်ပါတယ်။

Value Proposition က Product Marketing အတွက်လည်း အရေးပါသလို Customer က ဒီ Product ကို သုံးသင့်/ မသုံးသင့် Buying Decision လုပ်ရာမှာလည်း အရေးပါပါတယ်။ ဒါကြောင့် Business Model ဆွဲရာမှာလည်း ကဏ္ဏတစ်ခုအနေနဲ့ ထည့်သွင်းရေးဆွဲရခြင်း ဖြစ်ပါတယ်။ ထိရောက်တဲ့ Value Proposition သတ်မှတ်ရာမှာ Customer လိုအပ်ချက်နဲ့ ကိုက်ညီလားသိစေဖို့ Value Proposition Canvas ကို သုံးနိုင်ပါတယ်။ Digital Product တွေရဲ့ ထိရောက်တဲ့ Value Proposition ဥပမာတွေ ကိုလည်း လေ့လာနိုင်ပါတယ်။

Value Proposition Canvas
Value Proposition Canvas ဆိုတာ Product-Market Fit ဖြစ်ဖို့အတွက် ရေးဆွဲတဲ့ Business Tool ဖြစ်ပြီး Product ရဲ့ Value Proposition ကောင်းတစ်ခု သတ်မှတ်ဖို့ရာမှာလည်း အသုံးပြုကြပါတယ်။


Value Proposition Canvas က Customer Profile နဲ့ Value Proposition နှစ်ခုကိုချိတ်ဆက်ဆွဲရတာဖြစ်ပါတယ်။ Customer Profile (Customer Segments) နဲ့ Value Propositions က Business Model Canvas ရဲ့ အပိုင်း ၉ ပိုင်းထဲမှာလည်း အသီးသီး ပါဝင်ကြတာဖြစ်လို့ Business တစ်ခုအတွက် မရှိမဖြစ် အရေးပါတဲ့ကဏ္ဏတွေလို့ ပြောလို့ရပါတယ်။

Customer Profile
  • Gains – Customer ရဲ့ လိုချင်တဲ့အရာတွေ / Job ကိုပြီးမြောက်ဖို့အပြင် လိုချင်တဲ့အချက်တွေ
  • Pains – Customer ရဲ့ စိုးရိမ်ပူပန်မှုတွေ / Job ကို လုပ်ဆောင်ရာမှာ ကြုံတွေ့ရတဲ့ အဟန့်အတားတွေ
  • Customer jobs – Customer လုပ်ဆောင်ဖို့လိုအပ်တဲ့ Job (တစ်နည်း) Customer ဖြေရှင်းလိုတဲ့ Problem
Customer Segment မှာ အဓိက Customer ၂မျိုး ၃မျိုးပါရင် Customer Profile က Customer Segnamt တစ်ခုချင်းစီအတွက် သီးသန့်ဆွဲဖို့လိုအပ်ပါတယ်။ Customer Segnamt တစ်မျိုးချင်းစီရဲ့ Gain တွေ၊ Pain တွေ Job တွေ မတူညီနိုင်လို့ပါ။

Value Proposition
  • Gain Creators – Product က Customer ရဲ့ လိုအပ်ချက် (Gains) တွေရရှိဖို့ ဘာတွေလုပ်ဆောင်ပေးလဲ
  • Pain Relievers – Product က Customer ရဲ့ စိုးရိမ်စိတ်နဲ့ အဟန့်အတားတွေကို ဘယ်လိုဖြေရှင်းပေးလဲ
  • Products and Services – Customer Problem ကို ဖြေရှင်းပေမယ့် Product (သို့) Service
ပုံမှာပြထားတဲ့ Canvas ရဲ့ Component တစ်ခုချင်းစီမှာ ကိုယ့် Customer Profile နဲ့ Product Value တွေကို ဖြည့်ရမှာပါ။ Value Proposition Canvas ကို Internet ကနေ Template တွေ Download ချပြီးလည်း ဆွဲနိုင်ပါတယ်။ ဆွဲပြီးသွားတဲ့အခါ Canvas ပေါ်မှာ Customer က လိုအပ်နေတဲ့အရာတွေနဲ့၊ မိမိ Product ကပေးနေတဲ့အရာတွေ ကိုက်ညီမှုရှိလား၊ Product-Market Fit ဖြစ်လားဆိုတာကို ထင်ထင်ရှားရှားတွေ့နိုင်မှာ ဖြစ်ပါတယ်။ Product-Market Fit မဖြစ်ရင်တော့ Customer ရဲ့ Gain တွေ၊ Pain တွေကို တစ်ခုချင်းကြည့်ပြီး Product မှာ ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားရမှာပါပဲ။ Value Proposition ကို Review ပြန်လုပ်ရပါလိမ့်မယ်။ Customer Segment တစ်ခုချင်းစီအတွက် ဆွဲထားတဲ့ Value Proposition Canvas ဥပမာတွေကိုတော့ ဒီ Blog Link မှာ ကြည့်နိုင်ပါတယ်။

ဒီဆောင်းပါးမှာ Value Proposition ရော၊ Value Proposition Canvas အကြောင်းရော ပြောသွားပါတယ်။ အချုပ်ဆိုရရင် Value Proposition Canvas က Customer လိုအပ်ချက်ပေါ်မူတည်ပြီး Value Propositon သတ်မှတ်ဖို့ရော၊ Product-Market Fit ဖြစ်စေဖို့ပါ အသုံးဝင်ပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post ကို ဒီ Link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for the latest updates.

Comments

Popular posts from this blog

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Cross-Functional Team အကြောင်း တစေ့တစောင်း

အသုံးများတဲ့ Product Testing တွေ