Skip to main content

Product-Market Fit ဖြစ်စေဖို့



Product-Market Fit က Startup တွေ၊ Product ကို Focus လုပ်တဲ့ Organization တွေမှာ အသုံးများတဲ့ Concept တစ်ခုပါ။ Product-Market Fit ဖြစ်ခြင်းဆိုတာ ဘယ်လိုအခြေအနေလဲ နဲ့ ဘာကြောင့် Product တစ်ခု Business တစ်ခုအတွက် ရေရှည်တည်တံ့အောင်မြင်ဖို့မှာ Product-Market Fit ဖြစ်ခြင်းက အလွန်အရေးပါလဲဆိုတာ ဝေမျှလိုပါတယ်။


များသောအားဖြင့် Digital Product နဲ့ပတ်သက်တဲ့ Entrepreneurs တွေက Idea ကောင်းတွေနဲ့ နည်းပညာမြင့်တွေကို အာရုံစိုက် အချိန်ပေးကြပြီး Customer Problems နဲ့ Market Demand ကို လှည့်ကြည့်ဖို မေ့နေတတ်ကြပါတယ်။ Product ထုတ်ပြီး၊ Business Run ပြီး အချိန်တွေတော်တော်လွန်မှ ကိုယ့် Software က နည်းပညာပိုင်းလည်းကောင်းရက်နဲ့ Market မှာ Demand မရှိမှန်း သိလာတာမျိုး ဖြစ်တတ်တာကြောင့်၊ Product နဲ့ Customer ကို Focus လုပ်နိုင်စေဖို့ Product-Market Fit အကြောင်း ရေးရခြင်းဖြစ်ပါတယ်။

Product-Market Fit ဆိုတာ ဘာလဲ?

Product-Market Fit က လိုတိုရှင်းပြောရရင် “Customer တွေရဲ့ လိုအပ်ချက်နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ Product တစ်ခုထုတ်လုပ်ခြင်း” ပါ။
ကိုယ့် Product ကပေးတဲ့ Value, Quality, Features တွေကို Customer က သဘောကျတယ်၊ သူတို့အတွက် အသုံးတည့်တယ်ဆိုရင် Product-Market Fit ဖြစ်ဖို့ လမ်းပေါ်ရောက်နေပြီလို့ဆိုနိုင်ပြီး၊​ ကိုယ့် Customer တွေက သူတို့ရဲ့ Product နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ဝေမျှပြီး Product ကို သုံးကြည့်ဖို့ တိုက်တွန်းတဲ့ အခြေအနေ (Word of Mouth Marketing) ကို ရောက်လာပြီဆိုရင် Product-Market Fit ဖြစ်ပြီလို့ ယူဆနိုင်ပါတယ်။

Product-Market Fit ဖြစ်ခြင်းက ဘာလို့အရေးပါတာလဲ?

ဘာလို့ Business တစ်ခုအတွက် Product-Market Fit ဖြစ်ခြင်းက ဘာလို့အရေးပါတာလဲ။ ဘာလို့ Investor တွေက Company ကို Invest လုပ်ဖို့ရာ Product-Market Fit ဖြစ်ခြင်းကို အလေးထားကြတာလဲ။

ဒါက အများကြီး ရှင်းပြဖို့ မလိုအောင် သိသာပါတယ်။ Business တစ်ခု အောင်မြင်ဖို့အတွက်က ကိုယ်ရောင်းတဲ့ Product ကို Demand ရှိမှ၊ ဝယ်တဲ့သူ / သုံးတဲ့သူတွေရှိမှ ဖြစ်မှာပါ။ ဒါကြောင့် Customer လိုအပ်ချက်ကို ကြည့်ရပါတယ်။ Creative ဖြစ်တဲ့ Idea တွေ၊ နည်းပညာအမြင့်တွေကိုပဲ အာရုံစိုက် အချိန်ယူပြီး Product အလန်းကြီးတစ်ခုကို Customer လက်ထဲသွားထည့်လည်း Customer မလိုချင်ရင် အမြတ်ထွက်အောင် ရောင်းရဖို့ မလွယ်ပါဘူး။ မိမိ Product က တကယ်သုံးမယ့် Target Customers တွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေမှ Product-Market Fit ဖြစ်နေမှ အဲဒီ Product က အမြတ်ရပြီး Market ထဲမှာ အောင်အောင်မြင်မြင် ရပ်တည်နိုင်မှာပါ။

Product-Market Fit ဖြစ်လား ဘယ်လိုတိုင်းတာမလဲ?

Product-Market Fit ကို တိုင်းတာတဲ့ နည်းလမ်းရယ်လို့တော့ ပုံသေကားချပ်မရှိပါဘူး။ Customer Research, Market Research တွေပုံမှန်လုပ်ပြီး ကိုယ့် Product က Product-Market Fit ဖြစ်နေလား၊ ဖြစ်ဖို့အလားအလာရှိလား၊ လမ်းလွဲနေလား စသဖြင့် စောင့်ကြည့်တိုင်းတာနိုင်ပါတယ်။ အသုံးပြုကြတဲ့နည်းလမ်းအချို့က -

Quantitative Data အနေနဲ့
  • Customer Retention Rate
  • Growth rate
  • Churn rate စတဲ့ Product ရဲ့ Metrics တွေကို စောင့်ကြည့်တိုင်းတာနိုင်သလို
Qualitative Data အနေနဲ့ Customer Survey တွေကတဆင့်
  • Customers တွေက ကိုယ့် Product ကပေးတဲ့ Value တွေ၊ အားသာချက်တွေကို ကောင်းကောင်းသိကြလား
  • Customers တွေက Market ထဲမှာရှိတဲ့ တခြားပုံစံတူ Product တွေထပ် ကိုယ့် Product ကို ရွေးချယ်ကြလား
  • Customers တွေက ကိုယ့် Product ကို Review ကောင်း၊ Recommend ကောင်းတွေ ပေးကြလား
  • ကိုယ့် Product ကို မြန်မြန်ဆန်ဆန်ဝယ်ကြလား၊​ Buying Decision ဘယ်လောက်ကြာတတ်လဲ
စတဲ့ အချက်တွေနဲ့ ဆန်းစစ်နိုင်ပါတယ်။

Product-Market Fit ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?

Market ထဲမှာ Customers တွေက ဘာလို့ ကိုယ့် Product (သို့) Service ကို ရွေးချယ်သုံးစွဲရမလဲဆိုတဲ့ ယူဆချက်တွေကို သေချာအောင်လုပ်တာက ကိုယ့် Product အတွက် Product-Market Fit ကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကိုယ့် Product က Product-Market Fit ဖြစ်မနေဘူးထင်ရင် ဖြစ်လာဖို့ နည်းလမ်းတွေအများကြီးနဲ့ ကြိုးစားလို့ရပါတယ်။ Business တစ်ခုနဲ့တစ်ခု မတူနိုင်ပါဘူး။ ကိုယ့် Product နဲ့ကိုက်မယ့် Customer Segnemtation ပြန်လုပ်တာ၊ Customer တွေ လိုအပ်မယ့် Feature တွေ၊ Service တွေ Review ပြန်လုပ်တာ၊ Market အသစ်မှာ စမ်းတာ၊ Product အသစ်ပြန်လုပ်တာ… စသဖြင့်ပါ။ Business အောင်မြင်ဖို့ အတွက်ဖြစ်တာကြောင့် ဘယ်နည်းလမ်းမဆို လိုသလို လုပ်ကြည့်ရပါလိမ့်မယ်။

Lean Startup Expert ဖြစ်တဲ့ Dan Olsen ရဲ့ The Lean Product Playbook ဆိုတဲ့ စာအုပ်ထဲမှာတော့ Product-Market Fit ဖြစ်တဲ့ Product တစ်ခု တည်ဆောက်ဖို့ အချက် ၆ ချက်ကို ပြောထားပါတယ်။
  1. Product အတွက် Target ထားတဲ့ Customer က ဘယ်သူတွေလဲ သတ်မှတ်ပါ။
  2. Target Customer တွေရဲ့ လိုအပ်ချက်တွေကို စုစည်းပါ။ အခြား Product တွေက မဖြည့်ဆည်းပေးနိုင်တဲ့ လိုအပ်ချက်တွေကို အာရုံစိုက်သင့်ပါတယ်။
  3. Product က Target Customer ကို ပေးချင်တဲ့ အဓိက Value တွေကို သတ်မှတ်ပါ။​ အခြား Product နဲ့ယှဥ်ပြီး ကိုယ့် Product ကို ဘာလို့ရွေးမှာလဲဆိုတဲ့ Differentiation ကိုလည်း အာရုံစိုက်သင့်ပါတယ်။
  4. Customer တွေရဲ့ လိုအပ်ချက်နဲ့ ကိုယ်ပေးမယ့် Value ပေါ်အခြေခံပြီး MVP (Minimum Viable Product) အတွက် Feature တွေ စတင်သတ်မှတ်ပါ။
  5. Product အတွက် MVP တစ်ခု တည်ဆောက်ပါ။
  6. MVP ကို Target Customer တွေနဲ့ စမ်းသပ်ကြည့်ပါ။
Product-Market Fit ဖြစ်အောင် ဘယ်လိုလုပ်ရမလဲကို အတိုချုံးပြောရရင်တော့ Steve Jobs စကားကို Quote လုပ်ပါရစေ။ “Customer ဘက်ကို အရင်ကြည့်ပြီးမှ၊ နည်းပညာကို လိုအပ်သလိုသုံးပြီး Product ကို တည်ဆောက်ရမှာဖြစ်ပါတယ်”။

----

ရှေ့ကဆောင်းပါးမှာ Business Model Canvas အကြောင်း မိတ်ဆက်ခဲ့ပြီးပါပြီ။ BMC က မိမိ Business / Product အတွက် ရှေ့ဆက်အကောင်အထည်ဖော်ဖို့ Business Model ဆွဲရာမှာ အသုံးပြုပါတယ်။ အခု ဒီဆောင်းပါးမှာ Product-Market Fit နဲ့ ပတ်သက်ပြီး ဝေမျှခဲ့ပါတယ်။ နောက်တစ်ပတ်မှာတော့ Product-Market Fit ဖြစ်ဖို့အတွက် သုံးတဲ့ Value Proposition Canvas ကို ဆက်ရေးသွားပါမယ်။ Value Proposition Canvas က Product-Market Fit ရော၊ Business Model Canvas နဲ့ရော ချိတ်ဆက်နေတာကြောင့်ပါ။ အဲဒါဆိုရင် ဒီသုံးခုကို ချိတ်ဆက်နားလည်ပြီး မိမိ Business အတွက် အသုံးချနိုင်မယ်လို့ ယူဆပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Follow us on Facebook and Linkedin for latest updates.

Comments

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ