Product Manager (PM) တစ်ယောက်လို့ပြောရင် ဘာတွေလုပ်ကြတာလဲ၊ Project Manager ကိုပြောတာလား ဆိုပြီး မေးခွန်းတွေရှိတတ်ပါတယ်။ မြန်မာပြည်မှာလည်း များသောအားဖြင့် Product Manager ဆိုပြီး ရာထူးသာရှိတယ်. ..Company အတွက်တကယ်လုပ်ပေးရတာက Project Management အာရုံစိုက်ရတဲ့ အလုပ်တွေဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ Product Manager (PM) တစ်ယောက်က ဘာတွေကို တာဝန်ယူလုပ်ဆောင်ရလေ့ရှိလဲဆိုတာကို ပေါ့ပေါ့ပါးပါး ဝေမျှပေးချင်ပါတယ်။
PM တစ်ယောက် Prodcut အတွက် လုပ်ဆောင်ရတာတွေကို အပိုင်း (၃) ပိုင်းနဲ့ အကျဉ်းချုပ်လို့ရနိုင်ပါတယ်။ ပိုမြင်သာအောင် ဥပမာ တစ်ခုစီနဲ့ တွဲဖက်ရေးပါမယ်။
၁။ Identifying Problems
အရင်ဆုံး မိမိတို့ လုပ်ဆောင်ရမယ့် Features အသစ်၊ Product အသစ်အတွက် Customer တွေရဲ့ Problem တွေကို သတ်မှတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် Feature အသစ်တွေ၊ Product အသစ်တွေထည့်တယ်ဆိုတာ မိမိ Customers တွေရဲ့ Problem တွေကို အနည်းနဲ့ အများ ဖြေရှင်းပေးဖို့ ဖြစ်လို့ပါ။ ဆိုတော့ Product Manager တစ်ယောက်အနေနဲ့ မိမိ Product ရဲ့ Customers တွေ အခက်အခဲ၊ လိုအပ်ချက်တွေ ကို ရှာဖွေရမယ်။ Market Research နဲ့ User Research တွေလုပ်ပြီး မိမိ ဖြေရှင်းပေးမယ့် Problem တွေကို ခွဲခြားသတ်မှတ်ပေးရပါမယ်။
ဥပမာ။ ။ မိမိ Product က Logistics (Delivery) App လုပ်မယ်ဆိုပါစို့။ ပထမဆုံး Market ထဲမှာ ရှိတဲ့ Competitor တွေအကြောင်းလေ့လာမယ်။ သူတို့ ပေးနေတဲ့ Service တွေရဲ့ အားသာချက်၊ အားနည်းချက်ကို မှတ်သားမယ်။ ပြီးရင် အဲ့ဒီ Service နဲ့ ပတ်သတ်ပြီး User တွေ အများဆုံးတွေ့ရတဲ့ အခက်အခဲဖြစ်နေတာတွေကို လိုက်ရှာမယ်။ ဥပမာအနေနဲ့… Delivery လာလုပ်ရင် User တွေရဲ့ အိမ်လိပ်စာ ရှာမရတာပေါ့… အဲ့တာက Problem တစ်ခုပါ။ အမြဲတမ်း Phone ခဏခဏဆက်ပြီး ဘယ်နားမှာရှိလည်းမေးနေရတော့ Customers တွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
၂။ Creating Solutions
Customers တွေရဲ့ Problem ကို ခွဲခြားသတ်မှတ်ပြီးသွားရင်တော့ အဲ့ Problem တွေအတွက် ထိရောက်စွာ ဖြေရှင်းပေးမယ့် Solution ကို ရှာပေးရပါမယ်။ Solution လို့ပြောရင် Customers တွေရဲ့ ရှိသမျှ Problem အားလုံးကို ဖြေရှင်းပေးရဖို့ကို မဆိုလိုပါဘူး။ Problem အများကြီးထဲက မိမိဖြေရှင်းပေးမယ့် တစ်ခုကို ရွေးချယ်ပြီး မိမိ Product က ပေးနိုင်မယ့် အကောင်းဆုံး Solution ကို အဖြေရှာရပါမယ်။ ဘယ် Problem ကို အရင်ဖြေရှင်းရမလဲ ဝေခွဲမရရင်တော့ ဒီ User Problem ကို ဖြေရှင်းပေးလိုက်ရင် မိမိ Product ကို ဘယ်လို အထောက်အကူပြုမလဲ။ မိမိ Business ရဲ့ Goals နဲ့ KPIs တွေကို ဘယ်လို ဆက်နွယ်မလဲဆိုတာကိုပါ ထည့်စဉ်းစားပေးရပါတယ်။
ဥပမာ။ ။ အပေါ်က Delivery Problem နဲ့ ပြန်ဆက်ရရင် PM တစ်ယောက်အနေနဲ့ Solution ရှာမယ်ပေါ့။ Solution က App ထဲမှာ အိမ်လိပ်စာကို Order မမှာခင် ပြန်စစ်ခိုင်းမယ်။ ပြီးတော့ မိမိ ရဲ့ Location Pin ကို Google Maps အားကိုးပြီး App ထဲမှာ ထည့်ပေးမယ်။ ဒါဆို Customer အနေနဲ့ မိမိ Location ကို Double Confirm လုပ်ပေးလို့ရသလို၊ Delivery လာပို့မယ့်သူအတွက်လည်း အိမ်လိပ်စာနဲ့ Location Pin နဲ့ကို တိုက်ကြည့်ပြီး အနီးစပ်ဆုံးကို ရောက်အောင်လာလို့ရပါပြီ။ ဒါကတော့ မိမိ Product က ပေးမယ့် Solution ပါ။
၃။ Planning
PM တစ်ယောက်အနေနဲ့ ဖြေရှင်းပေးမယ့် Problem လည်း တွေ့ပြီ၊ အဲ့အတွက် Solution လည်း ရပြီဆိုရင် နောက်ဆုံးတစ်ခုက Plan ဆွဲရပါမယ်။ Planning လို့ပြောရင် မိမိ Solutions တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ အဆင့်တွေကို ဘာပြီးရင် ဘာလုပ်မယ်ဆိုတာ ကြိုတင်သတ်မှတ်ရတာပါ။ Timelines ဆွဲတာ၊ Milestone တွေသတ်မှတ်တာနဲ့ Roadmap ဆွဲတာ၊ Backlog မှာ Priority စီတာတွေ ပါဝင်ပါတယ်။
ဥပမာ။ ။ ကျွန်တော်တို့ စဉ်းစားခဲ့တဲ့ Delivery Problem နဲ့ Solution ကို အကောင်အထည်ဖော်ဖို့ Plan ဆွဲရတော့မယ်။ ပထမဆုံးအနေနဲ့ မိမိ ဖြေရှင်းနေတဲ့ Problem က Product Roadmap နဲ့ တကယ်ရော ဆက်စပ်နေလားပေါ့။ ဥပမာ Product Roadmap (သို့) KPI ထဲမှာ “Increase Customer Satisfactory Rate by 30%” ဆိုပြီး ပါတယ်ဆိုပါစို့။ ကျွန်တော်တို့ ဖြေရှင်းပေးတဲ့ ပြဿနာကလည်း အဲဒီ KPI ကို အကျိုးပြုတယ်ဆိုရင် သေချာပြီ Business Value လည်းပေးနိုင်ပါပြီ။ ဒါဆို ဒုတိယအဆင့်အနေနဲ့ Product Backlog ထဲကို ထည့်မယ်။ Backlog ကို Review လုပ်ပြီး ဘယ်တော့ Develop လုပ်သင့်တယ်ဆိုတာကို Priority သတ်မှတ်ပါမယ်။
ဒါကတော့ Product Manager တစ်ယောက်အနေနဲ့ Product အတွက် အဓိကထားလုပ်ဆောင်ရတဲ့ အပိုင်း (၃) ပိုင်းကို အကျဉ်းချုပ် ရေးသားထားတာပါ။ ဒီ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ နေ့စဥ် Run ရတဲ့ Tasks တွေ၊ Meeting တွေကိုတော့ PM တစ်ယောက်ရဲ့ တစ်နေ့တာ ဆောင်းပါးမှာ ဖတ်နိုင်ပါတယ်။
နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။
Follow us on Facebook and Linkedin for the latest updates.

Comments