Skip to main content

Product Manager ရဲ့ တစ်နေ့တာ (Work From Home)

ProductBaze ရဲ့ မိတ်ဆွေတို့...
ဒီရက်ပိုင်း အိမ်မှာပဲနေပြီး...လက်ခဏခဏ ဆေးကြတယ်မဟုတ်လား… :)
Covid-19 ကာလမှာ အားလုံးကို တတ်နိုင်သလောက် အိမ်ထဲမှာနေဖို့.. ကျန်းမာအောင်နေဖို့.. လက်ခဏခဏဆေးဖို့.. တိုက်တွန်းပါရစေ...

ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ Product Manager တွေ တစ်နေ့တာ ဘယ်လိုဖြတ်သန်းလဲဆိုတာကို ဝေမျှချင်ပါတယ်။ Product Manager ဆိုတာ ဘာကြီးလဲ၊ ဘာတွေလုပ်ရတာလဲလို့ သိချင်တဲ့လူတွေနဲ့ Product Manager ဖြစ်လိုသူတွေအတွက် ရည်ရွယ်ပါတယ်။ Work From Home (WFH) လည်း တော်တော်များများ စလုပ်နေကြပြီဆိုတော့ အိမ်ကနေအလုပ်လုပ်ရတဲ့ ပုံစံအတိုင်း ဖြည့်စွက်ပြီး ဝေမျှသွားပါမယ်။


ဒီဆောင်းပါးမှာ ရေးထားတဲ့အချက်တွေက Consumer Product Manager များကို ရည်ရွယ်ပြီး ဝေမျှထားတာဖြစ်ပါတယ်။ Consumer PM ဆိုတာ ဘာလဲနဲ့ တခြားအမျိုးအစားတွေ ဘာတွေရှိသေးလဲ သိချင်ရင်တော့ ကျွန်တော်တို့ ရေးဖူးတဲ့ Product Manager အမျိုးအစားများ ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။
ကဲ... တစ်နေ့တာ စလိုက်ရအောင်...

မနက် ၈ နာရီ

WFH လုပ်နေတော့ ကားစီးစရာတွေမရှိတော့ဘူး။ Traffic ပိတ်မှာတွေ မကြောက်ရတော့ဘူး။ ကျွန်တော်ကတော့ အလုပ်သွားဖို့ ပြင်ဆင်စရာမရှိတော့ ၈ နာရီလောက်မှ ထဖြစ်တယ်။ ပြီးရင် မျက်နှာသစ် မနက်စာစား။ စားနေတုန်းမှာ ရုံးက အီးမေးလ်တွေကို အကြမ်းဖျင်း ဖတ်ဖြစ်တယ်။ အရေးကြီး issues တွေကို ပြန်ဖြေပေးတယ်။ ပြီးရင်တော့ ကျွန်တော့်ကို တိုက်ရိုက် ပို့ထားတဲ့ မက်ဆေ့ချ်တွေ၊ အီးမေးလ်တွေကို သေချာဖတ်တယ်။ လိုအပ်ရင် ချက်ချင်း ပြန်ပေးတယ်။ ပြီးရင်တော့ ၉နာရီ အလုပ်စလုပ်ဖို့ ပြင်ဆင်လိုက်တယ်။

(အလုပ်မစခင် Desk ကိုရှင်းလင်းထားတာက စိတ်ကြည်လင်ပြီး အလွန် Productive ဖြစ်စေပါတယ်… အတည်ပြောတာ)

မနက် ၉ နာရီ

အလုပ် စလုပ်ဖို့ ခုံမှာထိုင်လိုက်တယ်။ အလုပ်စားပွဲကို အလုပ်မစခင် ရှင်းလေ့ရှိတဲ့အတွက် ချက်ချင်းဝင်ထိုင်၊ ကွန်ပျူတာ ဖွင့်လိုက်ရုံပဲ။ ပြီးရင် မိမိ Team ရဲ့ To-Do-List ကိုကြည့်ရင်ကြည့်၊ Jira Backlog ကို ကြည့်ရင်ကြည့် လုပ်တယ်။ စစချင်းဆိုတော့ အိမ်မှာ ဖျော်သောက်တဲ့ ကော်ဖီကောင်းကောင်းတစ်ခွက်နဲ့ အရှိန်တင်နေတုန်း။ To-Do-List ကြည့်ပြီးရင်တော့ Development ဘက်က လာတဲ့ Product ဆိုင်ရာ မေးခွန်းတွေကို Chat Group ထဲမှာ ဖြေပေးတယ်။ ပြီးရင်တော့ ၁၀ နာရီမှာ စမယ့် Meeting အတွက် ပြင်၊ အချိန်နဲနဲရသေးရင်တော့ News တွေဖတ်ဖြစ်တယ်။ မိမိ Product နဲ့ဆိုင်တဲ့ Industry တွေအကြောင်း၊ Trend တွေအကြောင်းကို Idea အနေနဲ့ သုံးလို့ရအောင် ချမှတ်ထားတယ်။

(အိမ်မှာ News တွေဖတ်ရင်းနဲ့ Facebook မရောက်သွားနဲ့နော်… ၁၀ နာရီထိုးရင် Meeting ဗျ)

မနက် ၁၀ နာရီ

ဒီအချိန်မှာ အများဆုံး လုပ်ဖြစ်တာကတော့ Sprint Daily Stand-up ပဲ။ အခုတော့ Hangouts ဖြစ်ဖြစ်၊ Skype ဖြစ်ဖြစ်နဲ့ လုပ်ကြတာပေါ့။ Product Manager / Owner အနေနဲ့ Develop လုပ်နေတဲ့ User Story နဲ့ ဆိုင်တဲ့ မေးခွန်းတွေကို ဖြေပေးပါတယ်။ Sprint တစ်ခုအစ Monday ဆိုရင်တော့ Daily Stand-up အစား Sprint Planning Meeting လုပ်ကြပါတယ်။ အခု WFH ကာလမှာ နောက်တစ်ခု လုပ်ဖြစ်တာက Product Team သီးသန့် Daily Stand-up ပါပဲ။

(မိမိ ပြောမနေရင် Conference Call မှာ Mute ထားဖို့ မမေ့နဲ့နော်...အိမ်နောက်ဖေးက အမေလှမ်းအော်တဲ့အသံတွေ ပါသွားမယ်)

နေ့လည် ၁၂ နာရီ

နေ့လည်စာစားချိန်ပါ။ အိမ်မှာနေတော့ ၁၀ မိနစ်လောက် အိပ်လည်း ဘယ်သူသိမှာလဲ။ အဲ့တော့ ခဏအိပ်တယ်။ နေ့လည်စာ ထစားတယ်။ ကော်ဖီ ထပ်ဖျော်တယ်။

(၁ နာရီတော့ မကျော်စေနဲ့ပေါ့)

နေ့လည် ၁ နာရီ

ဒီအချိန်မှာ Product Requirement Document (PRD) တွေ ရေးလေ့ရှိပါတယ်။ Meeting မရှိ၊ နှောင့်ယှက်တဲ့ လူမရှိတော့ အရမ်း Productive ဖြစ်ပါတယ်။ PRD ရေးဖို့ မရှိရင် System Bugs တွေကို Tech Team က Follow လုပ်လို့ ရအောင် Ticket ဖွင့်ဖြစ်တယ်။ အားနေသေးရင်တော့ Market Research, Customer Research တွေလုပ်ဖြစ်ပါတယ်။

(တခါတလေ အိပ်ငိုက်ရင် လမ်းထလျှောက်ပါ… အိပ်ရာပေါ်တော့ ပြန်မရောက်သွားနဲ့နော်)

နေ့လည် ၂ နာရီ

PRD ရေးပြီးတော့ UIUX Team နဲ့ Meeting ထိုင်ဖြစ်ပါတယ်။ User Experience (UX) ကို Focus လုပ်ပြီး ဘာတွေ Improve လုပ်သင့်လဲကို ဆွေးနွေးဖြစ်ပါတယ်။ အွန်လိုင်းကဆိုတော့ လက်တန်းဆွဲပြစရာ Whiteboard တော့မရှိ။ အဲဒီအစား Presentation Slides တွေလုပ်၊ Screen Share ကြတာပေါ့… ဘာပဲပြောပြော အလုပ်ဖြစ်ပါတယ်။ နောက်ဆုံး ထွက်မယ့် App Version ကိုလည်း စမ်းကြပါတယ်။ နေ့လည် ၂ နာရီမှာ နောက်တစ်ခုလုပ်ဖြစ်တာကတော့ Sprint Backlog Grooming ပါ။ Tech Lead တွေနဲ့ ထိုင်ပြီး နောက် Sprint မှာပါမယ့် User Story တွေကို Review လုပ်ဖြစ်ပါတယ်။

(Screen Share ရင် သတိရှိပါ။ မိမိ Noti တွေ Do Not Disturb လုပ်ပြီး ပိတ်ထားပါ… Private Message တွေ အားလုံး မြင်ကုန်မယ်နော်)

နေ့လည် ၃ နာရီ

Meeting ထပ်ထိုင်ဖြစ်ပါတယ်။ Meeting တွေကတော့ Vendor နဲ့ ထိုင်ဖြစ်ရင်ထိုင်၊ မထိုင်ဖြစ်ရင်လည်း တခြား Department ကလူတွေနဲ့ Follow up လုပ်စရာရှိတာလုပ်၊ မဟုတ်ရင် သူတို့ရဲ့ အခက်အခဲတွေကို ထိုင်နားထောင် လုပ်ဖြစ်ပါတယ်။

(ဒီလိုအခြေအနေမှာ Vendor တွေနဲ့ အပြင်မှာတွေ့ဖို့ မချိန်းပါနဲ့။ ဘယ်လောက်အရေးကြီးကြီး သူတို့ကိုပါ အွန်လိုင်းကနေ ပြောလာအောင် တိုက်တွန်းပါ)

ညနေ ၄ နာရီ

တခြား Department က လူတွေနဲ့ ထိုင်ပြီး Product Demo ပြဖြစ်တယ်။ သူတို့နဲ့ Product Discussion လုပ်တယ်။ Release လုပ်မယ့်အချိန်တို့၊ Operation ဘက်က အဆင်သင့်ပြင်ရမယ့် အချက်တို့ကို အသေးစိတ် ဆွေးနွေးဖြစ်ပါတယ်။ နောက်တစ်ခု လုပ်ဖြစ်တာကတော့ Sprint အပြီး Sprint Review and Retrospective Meeting လုပ်ဖြစ်ပါတယ်။

(ဒီအချိန်က အပြင်မှာလို တစ်ယောက်ချင်း နောက်မှ လိုက်ပြောလို့မရတော့ Meeting ထဲ ထိုင်ရမယ့် လူတွေအားလုံး လာအောင် ဖိတ်ခေါ်ပါ)

ညနေ ၅ နာရီ

၅ နာရီရောက်ပါပြီ။ မိမိ Product Team နဲ့ Daily Retrospective လုပ်တယ်။ ပြီးရင်တော့ ကော်ဖီနောက် တစ်ခွက် သောက်ရင်သောက်၊ မဟုတ်ရင် ရေနွေးကြမ်းသောက်ပြီး အလုပ်ကို အဆုံးသတ်ပါတယ်။ တစ်နေ့လုံး မိမိလုပ်ထားတဲ့ Tasks တွေကို Review လုပ်ပါတယ်။ တစ်ဆက်တည်း မနက်ဖြန် To-Do-List ကို Update လုပ်ပါတယ်။

(ရုံးပြီးတာနဲ့ ဘယ်မှ မထွက်ပါနဲ့...အိမ်မှာနေပြီး ကမ္ဘာကြီးကို ကယ်တင်ကြရအောင်ဗျို့)

---------------

ကဲ...အခုဆိုရင်...Product Manager တစ်ယောက်က ဘာတွေလုပ်ရလည်း သိရပြီပေါ့… ဒါက Work From Home Version ပေမယ့် Schedule ရဲ့ ရာခိုင်နှုန်းအတော်များများက ရုံးမှာထိုင်လုပ်တဲ့ ပုံစံအတိုင်း သွားပါတယ်။ Product Manager တစ်ယောက်အနေနဲ့ အများဆုံး လုပ်ဖြစ်တဲ့ အလုပ်တွေကို စုပေးထားတာဆိုတော့ အကုန်လုံး ပါချင်မှ ပါပါမယ်။ ဥပမာ...Management Meeting တို့၊ Town-hall တို့လို နေ့စဥ်မလုပ်တဲ့ Meeting တွေတော့ မပါပါဘူး။

အကျဥ်းချုပ်ရရင် Product Manager တွေက Department အမျိုးစုံနဲ့ Collaborate လုပ်ရတဲ့ လူပါ။ ဒါကြောင့် Meeting တွေများတာဖြစ်ပါတယ်။ လူတွေရဲ့ အခက်အခဲကို နားထောင်ပြီး အဲဒီအခက်အခဲတွေကို မိမိ Product ကနေ ဖြေရှင်းပေးနိုင်အောင် လုပ်ဆောင်ရသူပေါ့။

Product Manager အကြောင်း ထပ်သိချင်သေးရင်တော့ ဒီ ဆောင်းပါးနဲ့ ဒီ ဆောင်းပါး Link လေးတွေကို ဖတ်ကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက Product Manager တွေအကြောင်း Survey လုပ်ထားတာကိုလည်း လေ့လာလို့ရပါတယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ