Skip to main content

Product Manager တွေ ဖတ်သင့်တဲ့ Blog များ

Product Management နဲ့ဆိုင်တဲ့ Blog တွေဆိုတာ ကျွန်တော်တို့ Product Manager တွေ ပညာဝမ်းစာဖြည့်ဖို့ရာအတွက် အလွန်ကောင်းတဲ့ Resource တွေဖြစ်ပါတယ်။ ProductBaze က Product Management နဲ့ ပတ်သက်တဲ့ Framework တွေ၊ Knowledge တွေ၊ Experience တွေ ဝေမျှတဲ့ Blog တစ်ခုဖြစ်သလို၊ ProductBaze ရဲ့ စာရေးသူတွေ ကိုယ်တိုင်လည်း Product Management Blog တွေကို နှစ်နှစ်ခြိုက်ခြိုက် ဖတ်လေ့ရှိပါတယ်။

Product Management နဲ့ပတ်သက်ပြီး Online Course တွေတက်၊ စာအုပ်တွေဖတ်ဖြစ်ပေမယ့် Blog တွေဆီ သွားဖတ်ဖြစ်တဲ့ အကြောင်းကတော့ Product Management Concept တွေကို Up-to-date ဖြစ်ဖို့၊ အခြား Product Manager တွေရဲ့ နေ့စဥ်ဘဝထဲက Experiences တွေ၊ Challenges တွေ၊ How-To တွေ လေ့လာနိုင်ဖို့အတွက်ပါ။ ဖတ်ဖြစ်တဲ့ Blog ထဲက အကျိုးရှိမယ့် Contents တွေတွေ့ရင်လည်း မိမိတို့ အတွေ့အကြုံနဲ့ ဆက်စပ်ပြီး ProductBaze မှာ ပြန်လည် ဝေမျှလေ့ရှိပါတယ်။ အဲဒီထဲက ကျွန်တော်တို့ အဖတ်ဖြစ်ဆုံး Product Management Blog တွေကို အားလုံးလည်း Bookmark လုပ်ထားနိုင်အောင် ဝေမျှလိုက်ပါတယ်။


Mind The Product
www.mindtheproduct.com
Mind The Product က ကမ္ဘာအနှံ့က Product သမားပေါင်း 150,000 ကျော်ပါဝင်တဲ့ ကြီးမားတဲ့ Product Community တစ်ခုဖြစ်ပါတယ်။ Mind the Product Website မှာ နိုင်ငံတကာမှ Product Managers တွေ ပူးပေါင်းပါဝင်ပြီး Product Management နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို မျှဝေကြပါတယ်။ တစ်နေရာထဲမှာ Product နဲ့ပတ်သက်တဲ့ အကြောင်းအရာနဲ့ သတင်းအချက်အလက်တွေကို ဖတ်ရှုနိုင်တဲ့ တကယ်ကောင်းတဲ့ resource တစ်ခုပါ။ Product Management မှာပါဝင်တဲ့ ဘယ်အကြောင်းအရာမဆို Mind The Product Blog မှာ ရှိတယ်လို့တောင် ဆိုနိုင်အောင် စုံလင်ပါတယ်။

Silicon Valley Product Group
www.svpg.com/articles
Silicon Valley Product Group (SVPG) ကို Marty Cagan ဆိုတဲ့ Tech Product Management ဂုရုကြီးက စတင်တည်ထောင်ခဲ့တာပြီး Silion Valley နည်းပညာလောကက အတွေ့အကြုံရှိတဲ့ Product သမားတွေကနေ Knowledge တွေ၊ Experience တွေ ဝေမျှဖို့ ရည်ရွယ်ပြီး စတင်ခဲ့တာပါ။ SVPG Insights Blog က Product Management နဲ့ပတ်သက်တဲ့ ထိပ်တန်း Blog တွေထဲမှာ ပါဝင်ပါတယ်။ Product နယ်ပယ်ထဲကို စဝင်မယ့်သူတွေရော၊ လက်ရှိ Product Manager တွေအတွက်ပါ ပုံမှန်ဖတ်သင့်တဲ့ Blog ကောင်းတစ်ခုဖြစ်ပါတယ်။

HackerNoon
www.hackernoon.com
HackerNoon က နည်းပညာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ ဖတ်နိုင်တဲ့ နာမည်ကြီး Site တစ်ခုပါ။ HackerNoon မှာ နိုင်ငံတကာက စာရေးတဲ့သူ ၇၀၀၀ ကျော်ရှိပြီး နည်းပညာနဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ် သတင်းတွေ၊ ဗဟုသုတတွေအပြင် Product နဲ့ပတ်သက်ပြီးလည်း Product Manatement, UX Design စတာတွေကို ဖတ်ရှုနိုင်ပါတယ်။ နည်းပညာသမားတွေ၊ Product သမားတွေ အမြဲဖတ်ရှုကြတဲ့ Blog တွေထဲမှာ HackerNoon လည်းပါတာမို့ Follow လုပ်ထားရင် အကျိုးရှိပါလိမ့်မယ်။

Product School
www.productschool.com/blog
Product School က Product Management နဲ့ပတ်သက်တဲ့ Training Course တွေ၊ Certificate တွေ ပေးတဲ့ နာမည်ကြီး အဖွဲ့အစည်းပါ။ Product Manager အလုပ်ကို စိတ်ဝင်စားတဲ့သူတွေ၊ Product သမားဖြစ်ချင်တဲ့သူတွေအတွက် Product School ရဲ့ Blog တွေက အထောက်အကူဖြစ်ပါလိမ့်မယ်။ Product အခြေခံ အကြောင်းအရာတွေကစပြီး Professional Product သမားဖြစ်တဲ့အထိ အသုံးဝင်မယ့် Knowledge တွေကို ဖတ်ရှုနိုင်ပါတယ်။ Online Course တွေလည်း ရှိလို့ စိတ်ဝင်စားရင် ဝင်လေ့လာကြည့်သင့်ပါတယ်။

Aha!
blog.aha.io
Aha! က Product Roadmap Software Provider ဖြစ်ပြီး သူ့ရဲ့ Blog မှာ Aha! Company တွင်းက Product Manager တွေက Product Management နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဝေမျှကြတာဖြစ်ပါတယ်။ အဓိကအားဖြင့် Product Roadmap နဲ့ Product Strategy တွေအကြောင်းတွေကို Aha! Blog မှာ ဖတ်နိုင်ပါလိမ့်မယ်။ အောင်မြင်တဲ့ Product တစ်ခု တည်ဆောက်ဖို့ Features တွေကို ဘယ်လို Prioritize လုပ်ပြီး Roadmap ဆွဲမလဲ၊ Roadmap ကို ဘယ်လိုဆက် အကောင်အထည်ဖော်မလဲဆိုတာတွေ လေ့လာနိုင်တဲ့ Blog တစ်ခုဖြစ်ပြီး အရေးအသားတွေက ပေ့ါပေါ့ပါးပါးနဲ့မို့ နားလည်လွယ်ပြီး စာဖတ်သူကို ဆွဲဆောင်နိုင်ပါတယ်။

Product Talk
www.producttalk.org
Product Talk က Teresa Torres ဆိုတဲ့ Product Coach ရဲ့ Blog ဖြစ်ပါတယ်။ သူမက Product Management နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေ အများကြီးရှိပြီး လက်ရှိ Product Manager တွေနဲ့ Product Team တွေကို Coach လုပ်ပေးနေတဲ့သူဖြစ်တာကြောင့် သူမရဲ့ Product Development နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို အသေးစိတ်လေ့လာနိုင်မယ့် Blog ဆိုလည်း မမှားပါဘူး။ Digital Product တစ်ခုအောင်မြင်ဖို့ Users တွေကို ချဥ်းကပ်ပုံတွေ၊ Product Design နဲ့ပတ်သက်တဲ့ Research တွေနဲ့ Product Development မှာ ဘယ်လို Data-informed Decisions တွေချသင့်လဲ စတာတွေကို လေ့လာနိုင်တာမို့ ကျွန်တော်တို့ Product သမားတွေအတွက် အသုံးဝင်တဲ့ Blog တစ်ခုဖြစ်ပါတယ်။

Product Plan
www.productplan.com/blog
ProductPlan ကလည်း အပေါ်က Aha! လို Product Roadmap Software Solution ပါ။ ProductPlan ရဲ့ Blog မှာ Roadmap နဲ့ပတ်သက်တာတွေပဲ မဟုတ်ဘဲ Product Strategy, Product Marketing, Product Development, Agile စတဲ့ Product Lifecycle တစ်ခုလုံး နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖတ်ရှုနိုင်ပါတယ်။ Product သမားဖြစ်ချင်တဲ့သူတွေအတွက် Career Advice ကောင်းကောင်းတွေလည်း ဖတ်ရှုနိုင်ပါသေးတယ်။

ဒီ Blog တွေမှာ Product Management Foundations က စပြီး Best Practices တွေ၊ Strategies တွေ၊ How-To တွေ စသည်ဖြင့် Product Management နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ Up-to-date သတင်းအချက်အလက်တွေကို အများကြီး လေ့လာနိုင်ပါတယ်။ အခက်အခဲတွေ Experience တွေဆိုတာ ကိုယ်ကိုတိုင် ကြုံမှ မဟုတ်ပဲ၊ သူများကြုံဖူးတဲ့ သင်ခန်းစာဆီကနေလည်း သင်ယူသင့်တာမို့ လက်ရှိ Product Manager တွေရော၊ Product Manager လုပ်ဖို့ စိတ်ကူးရှိတဲ့သူတွေပါ Product Management Blog တွေကို ပုံမှန်ဖတ်ဖို့ တိုက်တွန်းပါတယ်။

ProductBaze က မြန်မာဘာသာနဲ့ Product Management Knowledge ဝေမျှနေတဲ့ Blog ဖြစ်တာကြောင့် Bookmark လုပ်ပြီး Product နဲ့ပတ်သက်တဲ့ Articles တွေ စောင့်ဖတ်ပေးဖို့လည်း တိုက်တွန်းပါရစေ။

ဒီ List ထဲမှာ ထပ်ထည့်စေချင်တဲ့ Product နဲ့ပတ်သက်တဲ့ Blog ကောင်းကောင်းတွေရှိရင်လည်း ဝေမျှခဲ့ပါဦး။ နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။

ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ