Skip to main content

Process Flowchart တစ်ခုဘယ်လိုဆွဲမလဲ Part 2

ဒီ Article က ပြီးခဲ့တဲ့အပတ် “Process Flowchart တစ်ခုဘယ်လိုဆွဲမလဲ” ရဲ့ အဆက်ပါ။ Process Flowchart တစ်ခုဆွဲဖို့ Basic Knowledge နဲ့ Symbols တွေသိပြီးသွားပြီဆိုတော့ တချို့ Process တွေကို ဒီထက် ပိုမိုမြင်သာအောင်နဲ့ Professional ဆန်အောင် ထပ်ထည့်လို့ရတာတွေကို ဒီ Article မှာ ဆက်လေ့လာကြည့်ရအောင်။


On-Page Reference

On-Page Reference ကိုတော့ Flowchart ထဲက Task တွေ တစ်နေရာက တစ်နေရာကို ခုန်ကူးရာမှာ အသုံးချကြပါတယ်။ Flowchart ထဲမှာ Task တွေ များလာတဲ့အခါ ဒီတစ်ခုပြီးလို့ ခပ်ဝေးဝေးက နောက်တစ်ခုကို ဆက်လုပ်မယ်ဆို Arrow နဲ့ လှမ်းချိတ်တဲ့အခါ တခြား Arrow ကို cross ဖြတ်ကုန်တာတွေ၊ မမြင်သာတာတွေ ဖြစ်တတ်ပါတယ်။ On-Page Symbol ကိုသုံးလိုက်တော့ ရှင်းရှင်းလင်းလင်းနဲ့ ဒါပြီး ဘယ်နေရာကို သွားမယ်ဆိုတာ ပိုမြင်သာစေပါတယ်။ On-Page Reference မှာ စက်ဝိုင်းပုံနှစ်ခုရှိပြီး တစ်ခုနဲ့တစ်ခု ချိတ်တဲ့ စမှတ်နဲ့ ဆုံးမှတ် ပုံစံပါ။ စက်ဝိုင်းပုံရဲ့ အလယ်မှာ Capital Letter (A, B စသည်ဖြင့်) ထည့်ဆွဲပါတယ်။ Task တစ်ခုအပြီးမှာ စက်ဝိုင်း A (စမှတ်) ကို ချိတ်ထားရင် နောက် စက်ဝိုင်း A (ဆုံးမှတ်) နေရာကို ခုန်ကူးပြီး ဘယ် Task လုပ်မလဲ ဆက်ကြည့်ရုံပါပဲ။
Flowchart တစ်ခုမှာ On-Page Reference တစ်ခု (သို့) နှစ်ခု လောက်ပဲ ထည့်ဆွဲကြည့်ဖို့ အကြံပေးပါတယ်။ အဲ့ထက်များသွားရင်လည်း ဖတ်ရတာ မျက်စိရှုပ်သွားနိုင်ပါတယ်။


Optional Process Symbol

Flowchart ထဲက တချို့ Process တွေက လုပ်လဲရသလို၊ ကျော်သွားလို့လဲရတယ်ဆိုရင် Optional Process Symbol ကိုသုံးလို့ရပါတယ်။ ဒီလို Scenario ကို Decision Symbol သုံးပြီး ဆွဲတတ်ကျပေမယ့် ပိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် Optional Process Symbol သုံးတာလည်း မမှားပါဘူး။ ဆွဲပုံဆွဲနည်းက Process Symbol နဲ့ တူပြီးတော့ အပြင် Border ကို Dotted Line နဲ့ဆွဲကြပါတယ်။ ဖတ်ရသူ ပို မြင်သာအောင် Process Text ရဲ့ အနောက်မှာ (Optional) ဆိုပြီးထည့်ပေးလိုက်ပါ။


Delay Symbol

နောက်တစ်ခုကတော့ Process တစ်ခုပြီးနောက်တစ်ခုမလုပ်ခင် စောင့်ဆိုင်းရတာမျိုးရှိရင် အသုံးပြုတဲ့ Delay Symbol ပါ။ ပထမ Process ကပြီးသွားပြီ၊ နောက်တစ်ခုကို Trigger မလုပ်ခင် အချိန်အတိုင်းအတာတစ်ခုစောင့်ရတယ်ဆိုရင် အသုံးပြုလို့ရပါတယ်။ အချိန်အတိုင်းအတာပဲမဟုတ်ဘဲ နောက် Process တစ်ခု၊ Action တစ်ခု ကို Delay လုပ်ချင်တယ်ဆိုလည်း သုံးလို့ရပါတယ်။ ပုံစံအားဖြင့် Bullet ပုံစံဆွဲတတ်ကြပါတယ်။ အောက်က ပုံကို တချက်ကြည့်ရအောင်။


Process Description

Symbol တွေအကြောင်း ပိုသိသွားပြီဆိုတော့ နောက်တစ်ခုက မိမိ Process Flowchart ကို Professional ပိုကျအောင် ပုံမှာ Process Description ထည့်ဆွဲကြရအောင်။ နာမည်ပေးယုံဘဲ၊ Professional ပိုကျအောင်ပဲမဟုတ်ဘဲ Flowchart ကို ကြည့်တဲ့လူက ကိုယ် ဘယ် Process Flow ကို ဖတ်နေတာလဲနဲ့ ဘယ်သူက Flowchart ကို တာဝန်ယူဆွဲတာလဲ ဆိုတာကို ပိုမိုမြင်သာအောင် ဖြစ်ပါတယ်။ အဓိကထည့်ပေးလို့ရတာက Process နာမည် (Font ပိုကြီးပြီး Bold နဲ့ရေး) နဲ့ Flowchart ဆွဲတဲ့လူနာမည် (Process နာမည်ထက် Font Size သေး) ပါ။ Flowchart ရဲ့ ညာဘက် အပေါ်ဆုံးမှာ ထည့်ပေးကြပါတယ်။
Recommended Tool

Process Flowchart အကြောင်း လေ့လာပြီးပြီဆိုတော့ Flowchart တစ်ခုမြန်မြန်ဆွဲလို့ရတဲ့ Tool လေးတစ်ခု Recommend ပေးချင်ပါတယ်။ တော်တော်များများ သုံးဖူးကြမှာပါ။ Tool က Draw.io ပါ။ Browser မှာ Website ကသုံးလို့ရသလို၊ Desktop Version လဲရှိပါတယ်။ အကောင်းဆုံးကတော့ Free သုံးလို့ရတာပါ။ ပြီးတော့ သူ့ရဲ့ Built-in Symbol တွေလည်း အများကြီးရှိတဲ့အတွက် ကျွန်တော်တို့ လေ့လာထားတဲ့ Symbol တွေကို ပြန်ဆွဲစရာမလိုဘဲ၊ Search မှာ ရိုက်ရှာလိုက်တာနဲ့ Drag-N-Drop လုပ်လို့ရပါတယ်။
---------

Process Flowchart တစ်ခု ကောင်းကောင်းဆွဲတတ်ဖို့ ဘာတွေလိုအပ်လဲဆိုတာတော့ လေ့လာပြီးပြီလို့ ထင်ပါတယ်။ အဓိက အကြံပေးချင်တာက Flowchart တစ်ခု လန်ပြန်အောင် ဆွဲတတ်ဖို့ထက် မိမိ Process ကို ဖတ်မယ့်သူ ရှင်းလင်းအောင် ဆွဲတတ်ဖို့က ပိုအရေးကြီးပါတယ်။ နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။

ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

၅ မိနစ်စာ Product Roadmap

Product တစ်ခုစလုပ်ရင် အလိုအပ်ဆုံးက Product Roadmap လို့ပြောလို့ရမယ်။ Product Roadmap က မိမိ လုပ်မယ့် Product အကြောင်း Overview ပြောပြပေးနိုင်သလို၊ မိမိ Product Goal တွေကို ဘယ်လိုရောက်အောင် လျှောက်မလဲဆိုတာကို ချပြပေးလို့ပါပဲ။ Product Roadmap မရှိရင် ကိုယ်ထင်ရာ လုပ်မိနေနိုင်ပြီး မိမိ Goals တွေကို လက်လှမ်းမမှီနိုင်ဖြစ်သွားလိမ့်မယ်။ Product Roadmap ရှိတော့ ကိုယ့် Team Member တွေဖြစ်ဖြစ်၊ CEO ဒါမှမဟုတ် Investor တွေနဲ့ပဲပြောပြော အသုံးဝင်ပါလိမ့်မယ်။ ဒါဆို Product Roadmap ဘယ်လိုဆွဲရမလဲလို့မေးမယ် ။ အလုပ်အဖြစ်ဆုံး Product Roadmap Template ဆိုပြီးတော့မရှိပါဘူး။ မိမိ Roadmap ကို ကြည့်မယ့်လူပေါ်မူတည်ပြီး Roadmap ဒီဇိုင်းတွေကပြောင်းလဲရပါမယ်။ ဥပမာ… CEO က Timeline တွေနဲ့ ဘယ်နေ့ဘာ Feature ပြီးမှာလဲကို ကြည့်ချင်နေတဲ့အချိန် ကိုယ်က Feature List ပဲ သွားပြလို့မရပါဘူး။ Template မရှိပေမယ့် ဒီနေရာမှာ Share ပေးချင်တာက ကျွန်တော့် အတွက် အလုပ်ဖြစ်ခဲ့တဲ့ Roadmap Key Components တွေနဲ့ တခြား popular ဖြစ်တဲ့ Product Roadmap တွေကို ဝေမျှပေးသွားပါမယ်။ Product Roadmap မှာ အတွေ့အများဆုံးက Quarterly Roadmap (Q1,