ဘာလို့ Product Roadmap ဆွဲဖို့ လိုတာလဲ

Product Roadmap ဆိုတာ Product Management မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ Product Manager ရဲ့ အရေးကြီးတဲ့ တာဝန်တစ်ခုလည်းဖြစ်ပါတယ်။

Product အတွက် အရေးပါတဲ့ Product Roadmap နဲ့ ပတ်သက်ပြီး ဒီ article မှာ
  • ဘာလို့ Roadmap ဆွဲကြတာလဲ
  • Roadmapက ဘယ်သူတွေနဲ့ သက်ဆိုင်လဲ နဲ့
  • Product Roadmap အမျိုးအစားတွေကို ပြောပြချင်ပါတယ်။

Roadmap ဆိုတာဘာလဲ
Product Roadmap ဆိုတာ Product ရဲ့ Vision နဲ့ ရှေ့ဆက်သွားမယ့် Strategy ကို High Level View အနေနဲ့ ကြည့်နိုင်ဖို့ ရေးဆွဲထားတဲ့ Plan ဖြစ်ပါတယ်။ Product Manager အနေနဲ့ Roadmap ရေးဆွဲတဲ့အခါ Product Team ရဲ့ များပြားလှတဲ့ Backlog တွေ၊ Business Vision အရ develop လုပ်ချင်တဲ့ Features တွေ၊ ဖြေရှင်းရမယ့် Technical Debt တွေ အားလုံးကို ခြုံငုံစဥ်စားဖို့ လိုပါတယ်။ အဲဒီထဲက အရေးကြီးတဲ့ Features တွေ Tasks တွေကို prioritize လုပ်ပြီး၊ ဘယ် Feature ကို အရင် develop လုပ်မယ်၊ ပြီးရင် ဘယ်တော့လောက်မှာ ဘယ် User Stories ကို develop လုပ်မယ်ဆိုတာမျိုး ကြိုတင်ခန့်မှန်း Plan ချထားတာကို Product Roadmap လို့ ခေါ်တာပါ။
(Product Roadmap ရေးဆွဲတဲ့အခါ အရေးကြီးတဲ့ အခန်းကဏ္ဏဖြစ်တဲ့ Feature Prioritization ကို နောက်ဆောင်းပါးမှာ ဆက်ရေးပါမယ်)

Product Roadmap က Management တွေ Investors တွေအတွက် Product ရဲ့ ရှေ့ဆက်လမ်းကြောင်းက Business Vision နဲ့ ကိုက်ညီလားသိနိုင်စေပါတယ်။ Product Stakeholders တွေအနေနဲ့လည်း ဒီနှစ်ထဲမှာ Product ရဲ့ ဘယ် milestones တွေပြီးမြောက်မယ်ဆိုတာ အကြမ်းဖြင်းသိနိုင်သလို Customer နဲ့ ဆက်သွယ်တဲ့နေရာမှာလည်း လိုအပ်တဲ့ Information တွ ပေးနိုင်ပါလိမ့်မယ်။ Product Team အတွက်လည်း ရှေ့ဆက်သွားမယ့် General Guide ဖြစ်ပါတယ်။ General Guide ဆိုတဲ့အသုံးအနှုန်းအတိုင်းပဲ… အပြောင်းအလဲဖြစ်နိုင်ပါတယ်။ နှစ်ကုန်မှာ Plan ထဲကအတိုင်း အကုန် deliver လုပ်နိုင်မယ်လို့ မျှော်လင့်လို့မရပါဘူး။ အထူးသဖြင့် Agile Framework ကို အသုံးပြုတဲ့ Product Team အတွက် development က iteration နဲ့သွားနေတာမို့ အဝေးကြီးကို ကြိုပြီး schedule ဆွဲဖို့ promoise ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဆိုတော့ Product Manager အနေနဲ့ Roadmap ဆိုတာ High Level Plan သာဖြစ်ပြီး 100% commitment ပေးနိုင်တဲ့ Release Plan မဟုတ်ဘူးဆိုတာကို Stakeholders တွေကို သဘောပေါက်အောင် communicate လုပ်ထားဖို့ လိုပါတယ်။

Roadmap က ဘယ်သူတွေနဲ့ သက်ဆိုင်လဲ
Roadmap က Organization အပြင်က Stakeholders တွေ၊ Investors တွေ၊ Company ထဲက Executives တွေ၊ Internal Teams တွေအကုန်လုံးနဲ့ သက်ဆိုင်ပြီး မိမိတို့ Product ရှေ့ဆက်ဘယ်လိုသွားမယ်ဆိုတာ သိဖို့၊ on the same page ဖြစ်ဖို့ အဓိကရည်ရွယ်ပါတယ်။ ဒါကြောင့် Product Manager အနေနဲ့ Roadmap ကို ရေးဆွဲရုံနဲ့ မလုံလောက်ပါဘူး။ Roadmap ရေးဆွဲနေစဥ်ရော ရေးဆွဲပြီးနောက်မှာပါ အရေးကြီးတဲ့ Stakeholders တွေနဲ့ Cross Functional Team Members တွေက မိမိတို့ Product ဘယ်လိုပုံစံဆက်လက် ချီတက်မယ်ဆိုတာ သိဖို့၊ သဘောတူဖို့၊ အတူတကွ အကောင်အထည်ဖော်သွားဖို့ Roadmap နဲ့ပတ်သက်ပြီး communicate လုပ်ပေးရပါတာ Product Manager တာဝန်ဖြစ်ပါတယ်။

Product Roadmap အမျိုးအစားများ 
Product Roadmap လို့ Google မှာ ရှာကြည့်ရင် Type အမျိုးမျိုး၊ Format အမျိုးမျိုးတွေ့နိုင်ပါတယ်။ Product Manager အနေနဲ့ Organization ပေါ်၊ Product ပေါ်လိုက်ပြီး မိမိသဘောကျတဲ့၊ Stakeholders တွေ နားလည်လွယ်တဲ့ ပုံစံကို သုံးပြီး Roadmap ရေးဆွဲနိုင်ပါတယ်။

Roadmap စ ရေးဆွဲမယ်ဆိုရင်
  • Feature Driven Roadmap
  • Object Driven Roadmap လားဆိုတာ ရွေးနိုင်ပါတယ်။
Feature Driven Roadmap ကတော့ Roadmap မှာ ရှေ့ဆက်လုပ်မယ့် Major Features တွေကို အဓိကထားဖော်ပြတဲ့ပုံစံပါ။ ဥပမာ - Develop Notification feature, Create Feedback channel စတာတွေပါ။ Object Driven Roadmap ကတော့ အကောင်အထည်ဖော်မယ့် Goal တွေနဲ့ Goal အတွက် လုပ်ဆောင်မယ့် Feature တွေကို Roadmap ထဲဖော်ပြတဲ့ ပုံစံပါ။ ဥပမာ - Increase user engagement by 15% (Develop Notification feature, Create Feedback channel,...) လိုမျိုးပါ။ Object Driven Roadmap ကို Product Roadmap ထပ် Product Marketing Roadmap လိုမျိုးမှာ သုံးကြပါတယ်။

ပြီးရင် Roadmap Format အနေနဲ့
  • Time-based Roadmap လား
  • Now-Next-Later Roadmap လားဆိုတာ သတ်မှတ်ပါတယ်။
Time-based Roadmap ကတော့ များသောအားဖြင့် Quarterly သွားပါတယ်။ Q1, Q2, Q3, Q4 လေးပိုင်းပိုင်းပြီး ရှေ့နှစ်ထဲမှာ လုပ်မယ့် Features တွေကို Plan ချတာပါ။ အချိန်ကို အရမ်းမကန့်သတ်ထားလို့ flexible ဖြစ်ပြီး အသုံးများတဲ့ Roadmap Format ဖြစ်ပါတယ်။ Management တွေကတော့ ဒီ Roadmap အမျိုးအစားကို သဘောကျကြတာ များပါတယ်။ အချို့ Organization တွေမှာ Jan, Feb, Mar စတဲ့ Month အလိုက်ပါ Roadmap ကို ဆွဲကြပေမယ့် Product Roadmap အတွက် ဒီလို flexible မဖြစ်တဲ့ format မျိုး မသုံးသင့်ပါဘူး။


Now-Next-Later Roadmap ကတော့ Agile Product Team တွေအတွက် အသုံးဝင်တဲ့ Roadmap ပါ။ Timeline နဲ့ မကန့်သတ်ထားပဲ Feature Prioritization ပေါ်မူတည်ပြီး
  • ခုလောလောဆယ် ဘာ Features တွေလုပ်မယ် (Now)
  • သိပ်မကြာခင်မှာ ဘာ Features တွေလုပ်မယ် (Next)
  • ရေရှည်မှာ ဘာ Features တွေလုပ်မယ် (Later)
စသဖြင့် Features တွေကို Plan ချတာဖြစ်ပါတယ်။ တစ်နှစ်စာထဲ မဟုတ်ပဲ Long Term Roadmap အတွက်ပါ သုံးနိုင်တဲ့ပုံစံပါ။ ကိုယ့် Product Team က Agile Framework ကို အသုံးပြုပေမယ့် ကိုယ့် Management Team က Agile နဲ့ သိပ်မနီးစပ်ရင်တော့ Now-Next-Later Roadmap နဲ့ သူတို့ကို communicate လုပ်တဲ့အခါ အခက်အခဲရှိနိုင်ပါတယ်။ ဒီထပ်ပိုတိကျတဲ့ Roadmap မျိုးမပေးနိုင်ဘူးလားလို့ သင့်ကို request လုပ်တာမျိုး ကြုံရတတ်ပါတယ်။ ကိုယ်တွေ့ပါ။ အပေါ်က Time-based Roadmap (Quartely) ကို လိုချင်တဲ့သဘောဖြစ်ပါတယ်။ သင့်အနေနဲ့ ဘယ် Format မဆို ဆွဲပေးနိုင်ပေမယ့် အပေါ်မှာပြောခဲ့သလိုပဲ Roadmap ဆိုတာ 100% commitment ပေးနိုင်တဲ့ Plan မဟုတ်ဘူးဆိုတာကို သူတို့နားလည်အောင် ရှင်းပြထားဖို့ပါပဲ။


တချို့ Company တွေကတော့ Roadmap ကို Gantt Chart ပုံစံနဲ့ဆွဲကြပါတယ်။ Feature တစ်ခုနဲ့တစ်ခုရဲ့ Dependency တွေ မြင်လွယ်သလို Timeline နဲ့လဲမြင်ရတော့ Traditional Management တွေ ကြိုက်တဲ့ Format လို့ပြောနိုင်ပါတယ်။ ကျွန်တော့် personal အမြင်နဲ့တော့ Roadmap က High Level Plan ဖြစ်တဲ့အပြင် Agile Culture အရ Flexible ဖြစ်တဲ့ Guidline ပဲဖြစ်တာမို့ Gantt Chart အသုံးပြုတဲ့ Roadmap ကို အားမပေးပါဘူး။ Gantt Chart ဆွဲချင်တယ်ဆိုရင်လည်း Roadmap ထပ် ပိုအသေးစိတ်ကျတဲ့ Release Plan လိုမျိုးမှာ ဆွဲပေးတာ realistic timeline လဲ ပိုရနိုင်ပါတယ်။

Product Roadmap ရေးဆွဲတဲ့အခါ Trello, ProductPlan, Aha, Craft စတဲ့ Tools တွေသုံးနိုင်ပါတယ်။ ပိုမြင်သာတဲ့ Visualization တွေ Presentation တွေ ပေးနိုင်သလို Roadmap Tracking လို အသုံးဝင်တဲ့ features တွေလည်း ရနိုင်ပါတယ်။

Product Roadmap နဲ့ပတ်သက်ပြီး ခြုံငုံသဘောပေါက်မယ်လို့ ထင်ပါတယ်။ Roadmap နဲ့ပတ်သက်ပြီး ထပ်သိချင်တာ ရှိရင်လည်း မေးမြန်းနိုင်ပါတယ်။ Agile Product Team တွေမှာ Roadmap က Flexible ဖြစ်သင့်တယ်ဆိုတာတော့ ထပ်ပြောလိုပါတယ်။ ဒီထပ် အသေးစိတ်ပိုကျတဲ့ အပိုင်းဖြစ်တဲ့ Product Manager တစ်ယောက်အတွက် Roadmap ကို Stakeholders တွေနဲ့ ဘယ်လို communicate လုပ်မလဲ၊ Roadmap အောင်မြင်အောင် ဘယ်လို drive လုပ်မလဲဆိုတာတွေကို နောက်ဆောင်းပါးတွေမှာ အခွင့်ကြုံရင် ဆက်ဝေမျှသွားပါမယ်။

နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။ ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular posts from this blog

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Cross-Functional Team အကြောင်း တစေ့တစောင်း

အသုံးများတဲ့ Product Testing တွေ