Skip to main content

Product Manager အလုပ် ဘယ်လိုရှာကြမလဲ

Product Manager အလုပ်က နိုင်ငံတကာမှာ တစ်နေ့ထက်တစ်နေ့ လူပြောများလာသလို မြန်မာနိုင်ငံမှာလည်း Product Manager အလုပ်တွေ ယခင်ထက် ပိုမိုများလာတာ တွေ့ရပါတယ်။ ဒါပေမယ့် ကိုယ်ရှာတဲ့ အလုပ်က "တကယ့် Product Manager အလုပ်ကော ဟုတ်ရဲ့လား၊၊ တကယ့် Product Manager အလုပ်တွေကိုကော ဘယ်မှာရှာရမလဲ" ဆိုတဲ့ မေးခွန်းတွေကလည်း ရှိနေဆဲပါ။

တစ်ဘက်က ကြည့်ရင်လည်း Product Manager အလုပ်က များသာများလာတာ၊ အဲ့ဒီ Carrer Field ထဲကို အသစ်တစ်ယောက်အနေနဲ့ ဝင်ဖို့တော့ ခက်ပါတယ်။ Product Management ကို တကယ်လိုအပ်တဲ့ Company တွေကတော့ အတွေ့အကြုံ ရှိတဲ့လူတွေကို ခေါ်တာများပါတယ်။ ဘာကြောင့်လဲဆိုတော့ Product Management Certificate တွေသိပ်မရှိသေးတဲ့အတွက် လုပ်ငန်းရှင်တွေက လုပ်ငန်းအတွေအကြုံကိုပဲ ပိုမိုအားထားကြတာ ဖြစ်ပါတယ်။ အရင်ဆောင်းပါးတွေမှာ Product Manager ဖြစ်ဖို့ ဘယ်လို skill တွေလိုအပ်လဲ၊ ဘာတွေလေ့လာသင့်လဲဆိုတာကို ဆွေးနွေခဲ့ဖူးပါတယ်။ ဒီတစ်ခေါက် ProductBaze ကနေ "ကိုယ်လုပ်ချင်တဲ့ Product Manager အလုပ်" ကို ဘယ်မှာရှာကြည့်မလဲ၊ အလုပ်ရှာဖို့ရော ဘာတွေပြင်ဆင်သင့်လဲ ဆိုတာကို နဲနဲဝေမျှချင်ပါတယ်။


အပိုင်း (၃) ပိုင်းခွဲကြည့်ရအောင်။
၁။ ပြင်ဆင်မယ်
၂။ ကြော်ငြာမယ်
၃။ ရှာဖွေမယ်။

၁။ ပြင်ဆင်မယ်

ကိုယ် တကယ်လုပ်ချင်တာ Product Manager အလုပ်သေချာပြီလားဆိုတာ ကိုယ့်ဟာကိုယ် အရင်မေးကြည့်ပါ။ သေချာပြီဆိုရင်ကော အလုပ်အတွက် ဘယ်လို ပြင်ဆင်မလဲ။

ကိုယ့်ဘက်က အတွေ့အကြုံ ရှိပြီးသားဆိုရင် တော့ Product Management နဲ့ ပတ်သတ်ပြီးတော့ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို ချရေးကြည့်ပါ။ Product Manager တစ်ယောက်အနေနဲ့ လုပ်ကိုင်ရတာတွေက ဘာတွေလဲ Concept ကဘာတွေလဲဆိုတာကို အင်တာဗျုး မေးတဲ့ လူကို ဖြေနိုင်အောင် list လုပ်ထားပါ။ ကြိုတင်ပြင်ဆင်ထားတော့ လက်ငင်းချက်ချင်း မဟုတ်ပဲ ချက်ကျလက်ကျ ဖြေနိုင်ပါလိမ့်မယ်။ ကိုယ်က Product Management အတွေ့အကြုံ မရှိသေးဘူးဆိုရင်တော့ ယခုကိုယ်လုပ်နေတဲ့ အလုပ်က Product Management ထဲက အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်လားဆိုတာကို ဆန်းစစ်ရပါမယ်။ ကျွန်တော်တို့ ရေးသားထားတဲ့ Product Management အမျိုးအစား တွေ အကြောင်း၊ Product Management ကဘာလဲ၊ Project Management နဲ့ ဘာကွာလဲProduct Manager ဖြစ်ဖို့ ဘာတွေလိုအပ်လဲ ဆိုတဲ့ ဆောင်းပါးတွေကို ဖတ်ကြည့်ပြီး ကိုယ်လုပ်နေတာနဲ့ ထပ်တူကျလား တိုက်ကြည့်လို့ရပါတယ်။

အကယ်၍ အခုအလုပ်က Product Management နဲ့ သိပ်မဆိုင်ဘူးဆိုရင်ကော ဘယ်လိုလုပ်မလဲ။

ကျွန်တော် အကြံပေးချင်တာက Side Project လေးတွေ လုပ်ကြည့်ဖို့ပါပဲ။ Code တွေရေးရမှာလား၊ တကယ် Product တွေထုတ်ရမှာလားဆိုတော့ လုပ်နိုင်ရင်ကောင်းပေမယ့် အဲ့လောက်ထိ မလိုပါဘူး။ မိမိမှာ Freelance Project တွေ၊ ကိုယ်ပိုင် Project တွေရှိရင် အဲ့ Product တွေမှာ ကိုယ်က customer တွေရဲ့ ဘယ် အခက်အခဲကို ဖြေရှင်းပေးနေတာလဲ၊ သူများနဲ့မတူပဲ ဘယ်လိုဖြေရှင်းပေးနေတာလည်းဆိုတာတွေကို Document လုပ်စေချင်ပါတယ်။ အဲ့လောက်ထိ မလုပ်ထားမိဘူးဆိုရင်လည်း ကိုယ်သုံးနေကျ App တွေကို ကြည့်၊ ပြီးတော့ သူတို့ feature တွေထဲက ဘယ်ဟာကို ဘဝင်မကျဘူးလည်း၊ ဘယ်လိုပြင်လိုက်ရင် မိမိလို User တွေအတွက် အသုံးဝင်သွားမလဲဆိုတာကို Case Study ပုံစံမျိုးလေးလုပ်ကြည့်ပါ။ ဒီ Medium ဆောင်းပါးကို တချက်လေ့လာကြည့်ပါ။ CB Bank Mobile App အကြောင်း Case Study လုပ်ထားတာပါ။ မရှိသေးတဲ့ WhatsApp feature တစ်ခုကို Case Study လုပ်ထားတာလေးလည်း လေ့လာလို့ရပါတယ်။

Tip: အပေါ်က ပြောခဲ့တဲ့ ပုံစံတွေက အင်တာဗျုးဖြေမှပဲ မဟုတ်ဘဲ မိမိ အတွေ့အကြုံတွေကို resume ထဲမှာထည့် မှတ်ထားလို့ လည်းရပါတယ်။

၂။ ကြော်ငြာမယ်

ကြော်ငြာမယ် ဆိုလို့ သတင်းစာထဲထည့်ရမှာလား၊ Resume တွေ Print-out ထုတ်ပြီး အသိတွေ၊ Company တွေလိုက်ပေးရမှာလား? IT ခေတ်ကြီးမှာ အဲ့တာတွေမလိုတော့ပါဘူး။ မိမိရဲ့ Self-Branding ကို အင်တာနက်ပေါ်မှာ ရှိနေဖို့ပိုအရေးကြီးပါတယ်။ ရည်ရွယ်ချက်ကတော့ မိမိက Product Management နဲ့မကင်းဘူးဆိုတာ ပတ်ဝန်းကျင်ကသိစေဖို့ပါပဲ။ Product သမားဆိုတာကိုသိအောင် ဆောင်းပါးတွေ ဖတ်ကြည့်၊ Share ကြည့်ပါ။ အပေါ်မှာ အကြံပေးထားတဲ့ Side Project တွေရှိရင်လည်း မိမိရဲ့ Social ဆိုဒ်တွေ၊ Blog တွေမှာ Share ကြည့်ပါ။ Mind The Product တို့၊ Product School တို့ဆီက ဆောင်းပါးတွေကို ယူပြီး မိမိအတွေးအမြင်တွေကို ရေးကြည့်ပါ။ ဘာကြောင့် ဒါတွေလုပ်ဖို့ အကြံပေးရလဲဆိုရင် အဲ့လိုလုပ်ကြည့်ပြီး တခြားသူတွေနဲ့ အတွေးအမြင်၊ Knowledge တွေဖလှယ်ကြည့်တော့ ပညာလည်းရသလို ကံကောင်းရင် Recruiter တွေရဲ့ အသိအမှတ်ပြုချင်းကို ခံရပြီး Job Interview တွေ Offer လုပ်နိုင်ပါတယ်။

Tip: ကိုယ်တိုင် Self-Branding မလုပ်ခင် ယခုလက်ရှိ လုပ်ကိုင်နေတဲ့ experience ရှိပြီးသား Product Manager တွေကို follow လုပ်၊ သူတို့ရဲ့ အယူအဆတွေ၊ ထင်မြင်ချက်တွေကို နားထောင်ကြည့်၊ သိချင်တာတွေ မေးမြန်းဆွေးနွေးကြည့်တာ ကောင်းပါတယ်။

၃။ ရှာဖွေမယ်။

ကိုယ်က အလုပ်ရှာဖို့လည်း ပြင်ဆင်ပြီးပြီ၊ Self-Branding လည်း အထိုက်အလျောက်လုပ်ပြီးပြီဆိုရင်တော့ နောက်ဆုံးတစ်ခုက မိမိလိုချင်တဲ့ အလုပ်ကို ရှာဖို့ပါပဲ။ ဘယ်လိုရှာကြမလဲ???

လက်ရှိ Company မှာရှာမယ်
အကောင်းဆုံးကတော့ အခု လုပ်နေတဲ့ Company မှာ try ကြည့်ဖို့ပါ။ မိမိရဲ့ လုပ်ကိုင်စွမ်းရည်ကိုလည်း Company ကလူတွေက သိပြီးဖြစ်တော့ နောက် Role တစ်ခုပြောင်းရတာ ပိုလွယ်ပါလိမ့်မယ်။ Company မှာ Product Team ရှိပြီးသားဆိုရင် သူတို့နဲ့ ခင်မင်အောင်နေကြည့်ပါ၊ သူတို့နေ့စဉ်လုပ်ကိုင်နေရတာတွေကို လေ့လာပါ။ အခွင့်ကြုံရင် ဝင်ကူပေးဖို့ မနှောင့်နှေးပါနဲ့။ "လိုချင်တာကို ရအောင်ယူကြည့်ပါ။ လာပေးတာကို စောင့်မနေပါနဲ့။" အခွင့်အရေးကို သေချာ စွဲကိုင်နိုင်ရင် မိမိ Product Manager အလုပ်ကို မြန်မြန်သွက်သွက် ရှာနိုင်မှာပါ။

Networking လုပ်ပြီးရှာမယ်
Product Manager အလုပ်ထဲဝင်ချင်ရင် အဲ့လူတွေရှိတဲ့ နေရာတွေသွား Networking လုပ်ပါ။ Meetup လိုမျိုးတွေပါ့။ မိမိရဲ့ အတွေ့အကြုံတွေဖလှယ်ကြည့်ပါ။ အတွေ့အကြုံရှိတဲ့ Product Manager တွေ ပြောတဲ့ Seminar တွေ လိုက်တတ်ကြည့်ပါ။ Contact တွေယူပါ။ မိမိ Contact ကို Share ပါ။ အနည်းဆုံး သူတို့ဆီက Product Manager အလုပ်တွေရနိုင်သလို၊ မရှိရင်တောင် မိမိ လျှောက်မယ့် အလုပ်အတွက် Reference ရဖို့အကူအညီတောင်းနိုင်ပါတယ်။

Online ကရှာမယ်
ပုံမှန် အလုပ်လျှောက်သလိုပဲ Job Website တွေကနေလျှောက်ကြည့်ပါ။ JobNet တို့လို Website မှာ ကိုယ်ပိုင် account ဆောက်ပါ။ Resume တင်ထားပါ။ LinkedIn ကနေလည်း အလုပ်ရှာကြည့်ပါ။ Recruiter တွေ အနှေးနဲ့အမြ န်ဆက်သွက်လာပါလိမ့်မယ်။

Tip: Product Manager အလုပ်လျှောက်တာမှန်ပေမယ့် ကိုယ်တကယ်လျှောက်တဲ့ Company က တကယ် Product Manager အလုပ်ကို နားလည်လားဆိုတာကို လေ့လာကြည့်ပါ။ များသောအားဖြင့် Company အများစုက Product နဲ့ Project Management ကို မသဲကွဲတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်မျိုး မရတာ ရှိနိုင်ပါတယ်။ တိုတိုပြောရရင် Project Management ပါ ဝင်လုပ်ပေးရတတ်တဲ့ သဘောပါ။
-------------------------
ဒီဆောင်းပါးမှာ ဖော်ပြခဲ့တဲ့နည်းလမ်းတွေနဲ့အတူ Product Manager အလုပ်ကို ရှာကြည့်ပါ။ ပုံမှန် ရှာတာထက် ပြင်ဆင်ပြီးမှ လျှောက်ကြည့်တော့ အလုပ်ရဖို့ အခွင့်အရေး ပိုများပါတယ်။ နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။

ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ