Skip to main content

Product Manager တစ်ယောက် Idea ကောင်းတွေ လိုနေလား?


လူတစ်ယောက်ဟာ ကော်ဖီသောက်နေရင်း၊ လမ်းသွားနေရင်း ရုတ်တရက် idea တွေရနိုင်ပါတယ်။ ဒါပေမယ့် အဲ့ idea တွေက ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိလား၊ အလုပ်မဖြစ်တဲ့ idea တစ်ခုလားဆိုတာ ဆန်းစစ်ဖို့ လိုပါတယ်။ အဲ့ဒါမှပဲ နောက်တစ်ဆင့် အနေနဲ့ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်မှာပါ။

Product Manager အနေနဲ့လည်း ပွင့်ပွင့်လင်းလင်းပြောရရင် idea ပေါင်းစုံ အချိန်မရွေး ရနိုင်ပါတယ်။ မိမိ idea က idea ကောင်း ဖြစ်ရဲ့လား ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ မိမိဟာ လက်တလော product development ထဲမှာ နစ်နေပြီးတော့ idea ကောင်းတွေ မထွက်တော့တဲ့ အခြေအနေ ဒါမှမဟုတ်...idea တွေတော့ ရှိပါရဲ့… product အတွက် အထောက်အကူမဖြစ်ဘူးလို့ ခံစားနေရတဲ့ အခြေအနေမျိုးတွေကို ဘယ်လိုကျော်လွှားကြလဲ။

အဲ့လိုဖြစ်ရင်...အများစု လုပ်တတ်ကြတာက Browser ဖွင့်...ကိုယ့်ရဲ့ Competitor Website တွေသွား၊ သူတို့လုပ်နေကြတဲ့ idea တွေကို ယူ၊ customize လုပ် ပြီး feature develop လုပ်တတ်ကြပါတယ်။ (ကျွန်တော်လဲ အဲ့လို လူတွေထဲက လူပါပဲ)...တစ်ခါတလေ အဲ့လိုမျိုးက အိုကေသွားနိုင်တယ်။ များသောအားဖြင့်တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး...ဘာဖြစ်လို့လဲဆိုတော့...Product Manager တစ်ယောက်ဆိုတာ အကျဥ်းချုံး ပြောရရင် မိမိ Customer တွေရဲ့ အခက်အခဲကို ဖြေရှင်းပေးရတာပါ။ သူများ Customer အခက်အခဲကို ဖြေရှင်းထားတဲ့ Solution တွေကို copy ကူးနေသရွေ့တော့ 100% idea ကောင်းမဖြစ်နိုင်ပါဘူး…

ဆိုတော့ မိမိ Product Manager တစ်ယောက်အနေနဲ့ idea ကောင်းတွေမထွက်နေတော့ဘူးဆိုရင် တခြား ဘယ်နေရာတွေကကော ရနိုင်သေးသလဲ…



ဒီ Post မှာ ကျွန်တော့်အနေနဲ့ idea ကောင်းတွေကို ဘယ်နေရာတွေက ရနိုင်သေးသလဲဆိုတာကို ဝေမျှကြည့်မယ်ဗျာ…

အဲ့တော့..EMUC လို့ခေါ်တဲ့ Framework တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

E = Employees
M = Metrics
U = Users
C = Clients

ဒီ Source လေးခုကနေ idea ကောင်းတွေ ထပ်ရနိုင်ပါတယ်။

Employees (E)
ဒီ Group ကတော့ အရေးကြီးဆုံးလို့မြင်မိပါတယ်။ မိမိဟာ Company အသစ်မှာ...Customer တွေနဲ့ စကားမပြောနိုင်သေးဘူး...မထိတွေ့နိုင်သေးဘူးဆိုရင် အကောင်းဆုံးကတော့ Company က အလုပ်ဖော်တွေကို Product အကြောင်း၊ Features တွေအကြောင်း စပ်စပ်စုစု မေးပြီး idea ယူတာ အကောင်းဆုံးပါပဲ။ အဓိက ချဉ်းကပ်သင့်တာတော့ Operations, Business Development, Sales နဲ့ Customer Support အဖွဲ့တွေပါပဲ… သူတို့ဟာ Customer တွေနဲ့ အနီးစပ်ဆုံး ဆက်ဆံရတဲ့လူတွေဖြစ်သလို...တစ်ခါတစ်လေကျရင် ကိုယ်ကမေးစရာမလိုပဲတောင် Product idea တွေ ရလာနိုင်ပါတယ်။ ငါးမိနစ်လောက် သူတို့နဲ့ စကားထိုင်ပြောကြည့်တာ တစ်ယောက်တည်း ငါးနာရီစာလောက် ထိုင်စဥ်းစားနေတာထပ် အကျိုးရှိနိုင်ပါတယ်။ ကိုယ်တွေ့ခင်ဗျ။

Metrics (M)
နောက်တစ်ခုကတော့ Bias တွေမပါတဲ့ Metrics တွေကို ကြည့်ပြီး idea ကောင်းတွေရနိုင်ပါတယ်။ လူတွေဆီက ရတဲ့ Feedback တွေက များသောအားဖြင့် Bias တွေပါနိုင်ပါတယ်။ မိမိနဲ့ အဆင်ပြေရင် OK sign ပြတတ်ပြီး၊ အဆင်မပြေရင် ပတ်ချာလည် တိုင်ပတ်နေတာတွေလည်း ရှိပါတယ်။ Product Manager အနေနဲ့ အဲ့ Bias တွေကို ဖယ်ထုတ်ဖို့ကလည်း skills တစ်ခုပါဘဲ။ အဲ့တော့ Bias တွေ မပါနိုင်တဲ့ Metrics တွေဟာလည်း မိမိကို အကြံကောင်း ဥာဏ်ကောင်းတွေ ပေးနိုင်ပါသေးတယ်။ နောက်ကောင်းကျိုးတစ်ခုက မိမိအချိန်တွေကို လူတွေနောက်လိုက်ပြီး အချိန်ဖြုံးစရာမလိုပဲ ကွန်ပြုတာရှေ့ထိုင်လိုက်တာနဲ့ idea ကောင်းတွေရနိုင်ပါတယ်။ မိမိ Company နဲ့ Product Team က Metrics တွေနဲ့ မတိုင်းတာသေးဘူးဆိုရင်တော့… မိတ်ဆွေ...အခုချက်ချင်း Spreadsheet တစ်ခုဖွင့်ပြီး စမှတ်ပါတော့လို့အကြံပေးချင်ပါတယ်။

Users (U)
Product idea ကောင်းတွေအဓိက ရနိုင်တာကတော့ မိမိ Product ကို တကယ်သုံးနေတဲ့ User တွေဆီက ဆိုလည်း မမှားပါဘူး။ အဲ့တော့ Product Manager တစ်ယောက်အနေနဲ့ Filed ထဲဆင်း၊ တစ်ယောက်ချင်းဆီ Survey လိုက်ကောက်၊ စကားပြော လုပ်ရမှာလား ဆိုတော့ မဟုတ်ပါဘူး။ အဲ့လောက် လိုက်လုပ်နိုင်ရင် ပို ကောင်းပေမယ့် တစ်ကယ့်လက်တွေ့မှာ အချိန်ပေးရတာမလွယ်ကူပါဘူး။ အကြံပေးချင်တာက အခွင့်ကြုံသလို Survey လဲကောက်၊ User တွေနဲ့လည်း စကားလိုက်ပြော...နောက်တစ်ခု try ချင်ရင်တော့ မိမိ Product ရဲ့ Social Media Review တွေကို ဖတ်ကြည့်တာလည်း smart idea တစ်ခုဖြစ်ပါတယ်။ ဥပမာ...Google Play Store, Apple Appstore တို့ကနေ မိိမိ Product Review တွေ လိုက်ဖတ်နိုင်ပါတယ်။ ပြီးတော့ မြန်မာပြည်မှာ လူအများဆုံးသုံးတဲ့ Facebook ကနေလည်း Review တွေဖတ်၊ မိမိ Users တွေ ဘယ်မှာ အခက်အခဲဖြစ်နေလဲဆိုတာ သိနိုင်ပါတယ်။

Clients (C)
ဒီ Group ကတော့ B2B Product Manager တွေအများစု ထိတွေ့ရတဲ့အရာဖြစ်ပါတယ်။ မိမိ Customer တွေက မိမိကို Product အပ်ထားတဲ့ B2B Clients တွေဖြစ်နေရင် သူတို့နဲ့ အများစု အချိန်ဖြုန်းပြီး အခက်အခဲတွေကို နားထောင်ပေးတာလည်း idea ကောင်းတွေရဖို့ Source တစ်ခုပါပဲ။

ဆိုတော့… အပေါ်က Group တွေဆီကနေ idea ကောင်းတွေတကယ်ရော ရမှာလား???

အလုံးစုံတော့ အာမမခံနိုင်ပါဘူး….သေချာတာက ဒီ Group တွေဆီကနေ idea ကောင်းတချို့ ရနိုင်ပါလိမ့်မယ်။

သူတို့ဆီက ရတဲ့ idea တိုင်းကိုတော့ develop လုပ်ဖို့ပဲ မဦးတည်ပါနဲ့ … အဲ့ Idea ကောင်းတွေထဲကမှ ဘယ်ဟာက မိမိ Customer တွေရဲ့ အခက်အခဲကိုဖြေရှင်းနိုင်တဲ့ Solution လဲ၊ ကိုယ့် Company/ Product Vision နဲ့ ကိုက်နိုင်မလဲ၊ Current Trend တွေနဲ့ Match ဖြစ်နိုင်မလဲ ဆိုတာကို ဆန်းစစ်ရမှာက Product Manager တွေရဲ့ တာဝန်ပါပဲ။

မိတ်ဆွေမှာ idea တွေရဖို့ လုပ်နေကြ တခြားနည်းလမ်းတွေ၊ Source တွေရှိရင်လည်း အောက်မှာ comment ပေးနိုင်သလို နောက်ထပ် ဖတ်ချင်တဲ့ Topic တွေရှိရင်လည်း ဒီ Google Form ကနေတဆင့် အကြံပေးနိုင်ပါတယ်။ ProductBaze မှ Product သမားအချင်းချင်း idea တွေ၊ knowledge နဲ့ experience တွေ share ဖို့ နွေးနွေးထွေးထွေးဖိတ်ခေါ်ပါတယ်။

ProductBaze အကြောင်း (၁) မိနစ်စာ မိတ်ဆက် post လေးကို ဒီ link မှာ ဖတ်လို့ရပါတယ်။ ProductBaze ကို ဆက်သွယ်ချင်ရင် productbaze@gmail.com သို့ ပေးပို့ ဆက်သွယ်နိုင်ပါတယ်။

Comments

Popular Posts

အသုံးများတဲ့ Product Testing တွေ

Webinar တစ်ခုမှာ Product Testing တွေအကြောင်းထည့်ပြောတော့ နောက်ဆုံးအမေးအဖြေအချိန်မှာ အမေးခံရဖူးတာလေး မှတ်မှတ်ရရရှိလို့ပါ။ “A/B Testing ဆိုတာ Alpha Testing, Beta Testing ကို ပြောတာလား” ဆိုတဲ့ မေးခွန်းပါ။ သိတဲ့သူအတွက်တော့ ဘာမှမဆိုင်တဲ့ Testing တွေမှန်း တန်းသိနိုင်ပေမယ့် တစ်ဖက်မှာလည်း မေးလည်းမေးချင်စရာ အခေါ်အဝေါ်က ခပ်ဆင်ဆင်တူနေတာကိုးလို့ တွေးမိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ မကြာမကြာလည်း ပြောဖြစ်ကြပြီး၊ အသုံးလည်းများ၊ အသုံးလည်းဝင်တဲ့ Alpha Testing, Beta Testing နဲ့ A/B Testing တို့အကြောင်းကို တီးမိခေါက်မိအောင် ရေးချင်ပါတယ်။ Feature Development တွေပြီးတဲ့အခါ Product Owner နဲ့ Development Team တွေ User Acceptance Testing (UAT) ကို အတူတကွ ပြုလုပ်ကြပါတယ်။ QA က အဓိက Test တာဖြစ်နိုင်ပေမယ့် အားလုံးက ပူးပေါင်းလုပ်ဆောင်ကြရတာပါ။ Product (သို့) Feature က UAT လည်းပြီးပြီ၊ Release လုပ်တော့မယ်လို့ စ Plan တဲ့အခါ Alpha Testing နဲ့ Beta Testing အခန်းကဏ္ဍဆီ ရောက်ပါတယ်။ Alpha Testing Alpha Testing ဆိုတာ လွယ်လွယ်ပြောရရင် ကိုယ့်လူနဲ့ကိုယ် အရင်စမ်းသပ်တဲ့ Testing အမျိုးအစားပါ။ မိမိရဲ့ Software

SMART Goal ဘယ်လိုတည်ဆောက်မလဲ

Personal အတွက်ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ.. ရည်မှန်းချက်ကြီးမားတာ ကောင်းပေမယ့် ကိုယ်စိတ်ကူး ပေါ်ရာ ကိုယ်ဖြစ်ချင်ရာ ရည်မှန်းချက်တွေ ရမ်းသမ်းချမှတ်တာက လက်တွေ့မကျတဲ့၊ ချသာ ချမှတ်ထားပြီး အသုံးမဝင် Effective မဖြစ်တဲ့ ရည်မှန်းချက်တွေ ဖြစ်နေနိုင်ပါတယ်။ မဖြစ်နိုင်တဲ့ Goal နောက်ကိုလိုက်ရင်း ရင်းနှီးမြှုပ်နှံရတဲ့ အချိန်တွေ၊ ငွေကြေးတွေ၊ Resource တွေလည်း ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။ “SMART Goal ဖြစ်ဖို့တော့ လိုမယ်နော်” ဆိုတဲ့ စကားမျိုး ကြားဖူးကြပါလိမ့်မယ်။ SMART Goal ဆိုတဲ့ concept ကို စီးပွားရေးလောက၊ Marketing အပြင် နယ်ပယ်အသီးသီးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုကြပါတယ်။ SMART Goal ဆိုတာ တိုတိုပြောရရင် တိကျရှင်းလင်းပြီး လက်တွေ့ကျတဲ့ Goal တွေချမှတ်ခြင်းလို့ ပြောနိုင်ပါတယ်။ မိမိ Business အတွက်၊ Product အတွက်၊ Team အတွက်၊ Personal အတွက် Goal တွေ ချမှတ်တဲ့အခါ လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ရည်မှန်းချက်ကို သေချာသတ်မှတ်ပေးနိုင်တဲ့ SMART Objective နည်းလမ်းကို သုံးကြည့်သင့်ပါတယ်။ SMART Goal ဆိုတာက ကိုယ့်ချမှတ်ရေးဆွဲမယ့် Goal တွေက S (Specific) - ဘာကိုရရှိအောင်လုပ်မယ်ဆိုတာ တိတိကျကျဖြစ်ရမယ် M (

Cross-Functional Team အကြောင်း တစေ့တစောင်း

Cross-functional Team ဆိုတာ အပြောလည်းများသလို အသုံးလည်းများပါတယ်။ Product Team တွေမှာလည်း Cross-functional Team ပုံစံကို တော်တော်များများ အသုံးပြုကြပါတယ်။ ProductBaze ဆောင်းပါးအချို့မှာလည်း ထည့်ရေးဖူးပြီး၊ Product Squad ဆောင်းပါးမှာ Squad တည်ဆောက်ပုံက Cross-functional Team ပုံစံကို အခြေခံတဲ့အကြောင်းရေးရင်းနဲ့ Cross-functional Team အကြောင်းလေးကိုပါ မိတ်ဆက်ပေးဖို့ ဖြစ်လာပါတယ်။ ပုံမှန် Organization တွေမှာ Department တွေ, Team တွေက လုပ်ငန်းသဘောသဘာဝ တူညီရာ (Tech, Marketing, Sales, Operation…) စသဖြင့် အသီးသီး ဖွဲ့စည်းထားကြပြီး ဖွဲ့စည်းပုံကလည်း အထက်ကနေ အောက် Hierarchy အတိုင်းဖြစ်ကြပါတယ်။ Decision တစ်ခုလိုအပ်ရင်လည်း Hierarchy အတိုင်း အပေါ်ကို ပြန်တက်ပြီး Request လုပ်ကြရသလို၊​ Company တစ်ခုထဲက Team အသီးသီးက အခြား Department တွေ ဘာလုပ်နေလဲဆိုတာ သိဖို့ ထင်သလောက် မလွယ်ကူပါဘူး။ Silos Team (တသီးတသန့် အလုပ်လုပ်တဲ့ Team) တွေ ဖြစ်လာပြီး Direction တွေ ညှိရခက်တတ်ပါတယ်။ Cross-functional Team ဆိုတာက Organization ထဲမှာ ကျွမ်းကျင်မှုမတူ (သို့မဟုတ်) ဌာနမတူတဲ့ လူတွေကို Team အနေနဲ့ဖွဲ့ပေးပြီး Project တစ်

ကိုယ့် Boss ကို ဘယ်လို Manage လုပ်မလဲ

“Manage My Boss” ဆိုတဲ့ ခေါင်းစဉ်ကြီးဖတ်လိုက်ရလို့ တမျိုးကြီးဖြစ်သွားမယ်ထင်ပါတယ်။ သို့ပေမယ့် ကျွန်တော် အခုပြောပြမယ့် “How to Manage your Boss” က Management အကြောင်း လေ့လာတဲ့အခါတွေမှာလည်း ပါဝင်လေ့ရှိသလို အပြင်လုပ်ငန်းခွင်မှာလည်း တကယ်အရေးပါတဲ့ ကိစ္စရပ်ပါပဲ။ ကိုယ်ကိုယ်တိုင်က Middle Management Level လို့ပြောကြတဲ့ Manager ဖြစ်နေမယ်၊ ကိုယ့်အောက်မှာ Team Members တွေရှိသလို၊ ကိုယ့်အပေါ်မှာလည်း ကိုယ် Report လုပ်ရတဲ့ Senior Manager သော်လည်းကောင်း၊ Head သော်လည်းကောင်း၊ C-Level သော်လည်းကောင်း ကိုယ့် Boss ရှိမယ်ပေ့ါ။ Management Term အရဆိုရင် ကိုယ့် Team ကို Manage လုပ်ရတာကို “Managing Down” or “Downward Management” လို့ ခေါ်ပြီး၊ ကိုယ့် Boss ကို Manage လုပ်တာကို “Managing Up” or “Upward Management”လို့ခေါ်ပါတယ်။ အဲ့တော့ အခုဆွေးနွေးမှာက Upward Management အကြောင်းပါ။ အိုကေ… ကိုယ့် Boss ကို ဘယ်လို Manage လုပ်တာလဲ??? ကိုယ်က Manage လုပ်ခံရမှာမဟုတ်ဘူးလား??? ကိုယ့်အတွက်ရော ဘယ်လို အကျိုးရှိမှာလဲ??? “Boss ကို Manage လုပ်တယ်ဆိုတာ ဘာလဲ” ကနေ စရအောင်ပါ။ Boss ကို Manage လုပ်တဲ့ အဓိက Goal က Boss ကို အပြည

Product Death Cycle ထဲမဝင်မိအောင်

User-centric Product ဖြစ်ဖို့ ကိုယ့် User တွေရဲ့ Feedback တွေကို အမြဲနားထောင်ပြီး လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့၊ Product ကို Improve လုပ်သွားဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့် Existing User တွေက အတောမသတ်နိုင်တဲ့ Feature Request တွေ၊ Changes တွေကို တောင်းဆိုနေ၊ Feedback တွေ ပေးနေခဲ့ရင်ရော? ဒါနဲ့ပတ်သက်ပြီး Product သမားတိုင်း သတိထားမိသင့်တဲ့ စိတ်ဝင်စားစရာ Product Death Circle ဆိုတဲ့ Concept အကြောင်းကို ဝေမျှချင်ပါတယ်။ Feature Factory Product နဲ့လည်း ဆက်စပ်နေတာမို့ စိတ်ဝင်စားရင် ProductBaze က ရေးသားခဲ့တဲ့ Feature Factory Product ဆောင်းပါးကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ “Product Death Cycle” ဆိုတဲ့ အခေါ်အဝေါ်ကို Silicon Valley မှာရှိတဲ့ နာမည်ကြီး Author နဲ့ Founder ဖြစ်သူ David Bland က Twitter မှာ ဒီပုံလေးတင်ပြီး ဝေမျှခဲ့ရာကနေ စတင်ပါတယ်။ Product မှာ New User တွေ ရဖို့ခက်ခဲနေတယ်၊ ဘယ်သူမှ သိပ်လာမသုံးကြဘူး။ ဒီအခါ ရှိပြီးသား User တွေကို ဘာအဆင်မပြေလို့လဲ၊ ဘာ Feature တွေ လိုအပ်နေလဲ စသဖြင့် Feedback တွေ တောင်းကြလေ့ရှိပါတယ်။ User တွေကပေးတဲ့ Feedback ပေါ်မူတည်ပြီး Product ကို ပြင်ဆင်ကြ