Product Manager အလုပ် ဘယ်လိုရှာကြမလဲ
Product Manager အလုပ်က နိုင်ငံတကာမှာ တစ်နေ့ထက်တစ်နေ့ လူပြောများလာသလို မြန်မာနိုင်ငံမှာလည်း Product Manager အလုပ်တွေ ယခင်ထက် ပိုမိုများလာတာ တွေ့ရပါတယ်။ ဒါပေမယ့် ကိုယ်ရှာတဲ့ အလုပ်က "တကယ့် Product Manager အလုပ်ကော ဟုတ်ရဲ့လား၊၊ တကယ့် Product Manager အလုပ်တွေကိုကော ဘယ်မှာရှာရမလဲ" ဆိုတဲ့ မေးခွန်းတွေကလည်း ရှိနေဆဲပါ။ တစ်ဘက်က ကြည့်ရင်လည်း Product Manager အလုပ်က များသာများလာတာ၊ အဲ့ဒီ Carrer Field ထဲကို အသစ်တစ်ယောက်အနေနဲ့ ဝင်ဖို့တော့ ခက်ပါတယ်။ Product Management ကို တကယ်လိုအပ်တဲ့ Company တွေကတော့ အတွေ့အကြုံ ရှိတဲ့လူတွေကို ခေါ်တာများပါတယ်။ ဘာကြောင့်လဲဆိုတော့ Product Management Certificate တွေသိပ်မရှိသေးတဲ့အတွက် လုပ်ငန်းရှင်တွေက လုပ်ငန်းအတွေအကြုံကိုပဲ ပိုမိုအားထားကြတာ ဖြစ်ပါတယ်။ အရင်ဆောင်းပါးတွေ မှာ Product Manager ဖြစ်ဖို့ ဘယ်လို skill တွေလိုအပ်လဲ၊ ဘာတွေလေ့လာသင့်လဲဆိုတာကို ဆွေးနွေခဲ့ဖူးပါတယ်။ ဒီတစ်ခေါက် ProductBaze ကနေ "ကိုယ်လုပ်ချင်တဲ့ Product Manager အလုပ်" ကို ဘယ်မှာရှာကြည့်မလဲ၊ အလုပ်ရှာဖို့ရော ဘာတွေပြင်ဆင်သင့်လဲ ဆိုတာကို နဲနဲဝေမျှချင်ပါတယ်။ အပိုင်း (၃) ပိုင်းခွဲကြ...